Jun 17, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 15, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီး အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမသို့ သွားရောက်သည့် အမှတ် (၁) ခရိုင်ချင်းဆက်လမ်းမိုင် (၀/၀)မှ မိုင်(၅/၇) အတွင်း လမ်းပြုပြင်နေမှုနှင့် ကျောက်ချောလမ်း ဖောက်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်သားအင်အားဖြန့်ခွဲတာဝန်ပေးမှု စနစ်တကျ စီမံဆောင်ရွက်ရန်၊ စက်ယာဉ်ယန္တရားများ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာ ကျူးကျော်တဲများ ရှင်းလင်းရန်၊ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့်ချုံနွယ် သစ်ကိုင်းများ ရှင်းလင်း၍ လမ်းအလင်းဖွင့်ရန်၊ လမ်းပြုပြင် ဆောင်ရွက်နေစဉ် ဂဝံသယ်ယာဉ်များ သွားလာမှုကို ခေတ္တဆိုင်းငံ့ထားရှိရန်အတွက် ကန့်သတ်တိုင်များ စိုက်ထူထားရှိရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြုရန်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 12, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် အနုပညာဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် နန်းတော်ရှေ့ အနုပညာဦးစီးဌာန (မန္တလေး)၊ ထုတ်လုပ်ဌာနစု၊ လေ့ကျင့်ရေးဇာတ်ရုံ၌ အနုပညာ ဦးစီးဌာန(မန္တလေး)၊ ထုတ်လုပ်ဌာနစုနှင့် အနုပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်ပြ ဖျော်ဖြေတင်ဆက်ပွဲ အခမ်းအနားကို ကြည့်ရှု အားပေးပြီး ဆုငွေများ ချီးမြှင့်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 12, 2022
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့အကြား နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ ရဲချုပ်အဆင့် ပထမအကြိမ်လုပ်ငန်း ကော်မတီ အစည်းအဝေးကို ဇွန် ၇ ရက်က ဘန်ကောက်မြို့၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 12, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သမဝါယမဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ မှာကြားပြီး မြို့သစ်မြို့နယ် သမဝါယမ အသင်းစု၏ ဆန်စက်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 11, 2022
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 09, 2022
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းရန် ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 09, 2022
နိုင်ငံအနာဂတ် မြင့်မားတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုသည် ပညာဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်လူရွယ်တိုင်းအား ပညာအမွေပေးဝေကြသည်။ ပညာသင်ကြားခြင်းသည် သင်ကြားသည့်ပညာရပ်များမှ ရရှိလာသော အသိဉာဏ်ပညာအခြေခံဖြင့် ဘဝရှေ့ခရီးနှင့် ကြုံတွေ့လာရသမျှတို့ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်သည်။ ဘဝတွင် တိုးတက်လာအောင်၊ အောင်မြင်မှုများရရှိအောင်၊ မိမိ မိသားစုနှင့် မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်အောင် ပညာသင်ကြားကြခြင်းဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 07, 2022
ပြန်ကြားရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီ တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်