May 12, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 12, 2022
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြတ်နိုးသူကုမ္ပဏီလီမိတက်သို့ရောက်ရှိကြပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို စစ်ဆေးရာ တာဝန်ရှိသူများက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း၊ ညောင်ဦး-မြင်းခြံလမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတိုးလ်ဂိတ်ကောက်ခံမှုအခြေအနေနှင့် စက်ယာဉ်ယန္တရားများ ဖြန့်ခွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ JICA ချေးငွေဖြင့်ဆောင်ရွက်သည့် သံတွဲ - ဂွ - ငါးသိုင်းချောင်းလမ်း (ငါးသိုင်းချောင်း (ရေနံ့သာ) - ဂွလမ်းပိုင်း)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မြန်မာ့သစ်လုပ်ငန်း ဝါးတရာသစ်အခြေခံစက်မှုဇုန်နယ်မြေသို့ သွားရောက်စစ်ဆေးပြီး သစ်အခြေခံစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ထိရောက်သော စီမံကြီးကြပ်မှုဖြင့် ဆောင်ရွက်ရေး သတ်မှတ်ရည်မှန်းချက်များပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 05, 2022
နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာအသိပညာဖြန့်ဝေခြင်းနှင့် ဝန်ဆောင်မှုများကို အဓိကတာဝန်ယူထားသည့် မိမိတို့ဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာလျက် မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ကျေပွန်စွာဖြင့် လုပ်ငန်းများထိရောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2022
နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 27, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ခွဲကျောက် အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဇီးချိုင်-ကံချိုင်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 27, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန်ကူးစက်ရောဂါများ စူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ၊ ရောဂါတုံ့ပြန်နိုင်မှု တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်းနမူနာကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆင့်(ISO/IEC 17025:2017)ရရှိရေးတို့ကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်