Jun 10, 2023
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)သို့ သွားရောက်၍ ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်မှုနှင့် စက်လည်ပတ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 10, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် Naypyitaw State Academy သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာ သင်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ဒုတိယနှစ်ဝက် ပညာသင်ကာလအစကတည်းက အပတ်တကုတ် သင်ယူလေ့လာကြစေလိုကြောင်း၊ ဆရာ ဆရာမများ သင်ကြားသည်ကို နားလည်သည်အထိ သင်ယူမှတ်သားရမည်ဖြစ်သကဲ့သို့ အင်တာနက် နှင့် စာကြည့်တိုက်မှ ဖြည့်စွက်လေ့လာကြရမည်ဖြစ်ကြောင်း၊ ဘဝရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး ရည်မှန်းချက် ပေါက်မြောက်အောင်ကြိုးစားလျှင် အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 05, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက်နံနက်ပိုင်းတွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းနှင့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေမှု၊ ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုနှင့် ဝန်ထမ်းအိမ်ရာများနှင့် ငွေကောက်ကောင်တာ အဆောက်အဦများတွင် အမိုးသွပ်ပြားများ ပြန်လည်အစားထိုး ပြုပြင်ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 28, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဓာတ်အားအမြန် ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယမန်နေ့က လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 26, 2023
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမနှင့် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) ထုတ်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 25, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့မှုကို ပြန်လည်ပြင်ဆင်နိုင်ရေးကြည့်ရှုစစ်ဆေး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 25, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း လေဘေးသင့်ခဲ့သည့် ဒေသများအနက် စစ်တွေ၊ ရသေ့တောင်၊ မင်းပြား မြို့များတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရွေ့လျားရေသန့်စင်ကားငါးစီးဖြင့်လည်းကောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များအတွက် life Straw ရေသန့်စက်အလုံး ၅၀ ဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထပ်မံ၍ Life Straw ရေသန့် စက် အလုံး ၆၀ ဖြင့် ဖြန့်ဝေပေးပို့သွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 20, 2023
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Programme - KSP) သောကြာနေ့စကားဝိုင်း၏ အမှတ်စဉ်(၁၃)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံး အမှတ်(၁)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 20, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသော မီတာ ၁၀၀ တာဝါတိုင်ကို ရှင်းလင်းဖျက်သိမ်းရေး၊ စက်ရုံအမိုးများ ပြန်လည်မိုးရေး၊ စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိအောင် ဖုံးအုပ်ထားရေးတို့ကို အင်ဂျင်နီယာမှူးနှင့် စက်ရုံမှူးတို့အား မှာကြားသည်။ ထို့နောက် ယာယီအစားထိုးထုတ်လွှင့်ရန် ရောက်ရှိနေသော မီတာ ၃၀ တာဝါတိုင်တည်ဆောက်ရေးနှင့် မြေနေရာရွေးချယ်ထားခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အမြန်တည်ဆောက်ထုတ်လွှင့်နိုင်ရေး မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်