Skip to main content

Apr 24, 2023

ရေသောက်စနစ်အတွင်း စိုက်ပျိုးရေ အညီအမျှ ရရှိသုံးစွဲနိုင်ရေး၊ သီးနှံစိုက်ခင်းများ၏ ရေလိုအပ် ချက်နှင့် ရေပေးဝေမှုဟန်ချက်ညီစေရေး၊ ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဧပြီ ၂၁ က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ ထရုံလက်တံမြောင်းဖျား ဧရိယာတွင် ဆိုလာစနစ် စက်ရေတွင်း ၂၀ တူးဖော်ခြင်း လုပ်ငန်းခွင်၌ ဌာနဆိုင်ရာများ ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 19, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 12, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၈ ရက်မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်းက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြည်သူ့ဗဟိုပြုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အားထားရသည့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်သွားရန်၊ နိုင်ငံ့လူငယ်များကို အလုပ်အကိုင်အခွင့်အလမ်းများကောင်းစွာ ဖန်တီးပေးနိုင်စေရေးအတွက် သင်တန်းသားများကို သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးနိုင်ရေးမှသည် လက်တွေ့ကျွမ်းကျင်မှုနှင့် အမှန်တကယ်တတ်မြောက်မှုစစ်ဆေးခြင်းများ အလေးထားဆောင်ရွက်ရန်၊ ဒေသတွင်းဖွံ့ဖြိုးရေး အထောက်အကူပြု ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းပေးပြီးဌာနများရှိ လက်တွေ့ခန်းနှင့် အလုပ်ရုံများ၊ ဖူဆယ်အားကစားကွင်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 11, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်နှင့် သုတေသနပညာရှင်များက ရှင်းလင်းတင်ပြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 08, 2023

နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း (အရာထမ်း)များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက်တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 05, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသော စင်ကာပူသမ္မတနိုင်ငံ အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး(AMRO)တွင် မေခရိုစီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းခွင်သင်တန်း (AMRO Secondment Program)သို့ တက်ရောက်ခဲ့ကြသည့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ အရာထမ်းနှစ်ဦးတို့က၎င်းတို့၏ လေ့လာသင်ကြားမှုအတွေ့အကြုံများ ဆွေးနွေးဖလှယ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 04, 2023

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 03, 2023

တက္ကသိုလ်ဘောလုံးသမားများ၏ အောင်မြင်သော သမိုင်းအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်ရန်၊ ကျောင်းသားများ၏ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည် ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွှတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်ရည်ရွယ်၍ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဆဋ္ဌမနေ့အုပ်စုပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 01, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ရထားလမ်းများ အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် လမ်းသစ်ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Apr 01, 2023

ပညာရပ်နယ်ပယ်အလိုက် ဘဝတစ်သက်တာတွင်ဆည်းပူးရန် ကုန်ဆုံးသည်မရှိဘဲ အသစ်အသစ်သော လေ့လာဖော်ထုတ်တွေ့ရှိမှုများစွာကို မျက်ခြည်မပြတ်လေ့လာသင်ယူပြီး မိမိနှင့်မိမိပတ်ဝန်းကျင် တိုးတက်ရေးကို ကြိုးပမ်းကြရန်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် ပြည်ပမှပြန်လည်ရောက်ရှိလာသော ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်