Dec 05, 2020

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးသမိုင်းတွင် ကမ္ပည်းတင်မည့်နှစ် (၁၀၀) ပြည့်(ရာပြည့်သဘင်ပွဲ) ကြီးလေးခု ဆင်ယင်ကျင်းပမည့် နှစ်ထူးနှစ်မြတ်ကြီး ဖြစ်သည်။
Dec 03, 2020

ဤဆောင်းပါးကို တောင်းပန်ခြင်းဖြင့် အစပြုလိုသည်။ ပထမဆောင်းပါးတွင် တို့တိတို့တိရေးသားရာမှ အာစရိယ ဆရာသခင်များကို စုံစုံလင်လင်ဖော်ပြရန် လစ်ဟင်းသွားခဲ့ မိပါသည်။
Dec 02, 2020

ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာတိုင်ခဲ့ပါပြီ။ နယ်တက္ကသိုလ် မှာ တာဝန်ထမ်းဆောင် နေသော ကျွန်မအဖို့ ကျောင်းတော် ကြီးကို လွမ်းပါသည်။ မိမိအားနားခိုခွင့်ပေးခဲ့သော၊ မိမိအား ပညာသင်ကြားပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများ၊ တာဝန်အတူ ထမ်းရွက်ခဲ့ကြသော စီနီယာ အစ်ကိုအစ်မများ၊ မိတ်ဆွေသူငယ်ချင်းများ၊ မောင်ငယ် ညီမငယ်များအားလုံးကို အမှတ်ရနေ ပါသည်။
Dec 02, 2020

“လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေလျှင်၊ သိပ္ပံပညာကို အထင်သေးနေလျှင်၊ အနုပညာကို အထင်သေးနေလျှင်၊ ပိုက်ဆံကို ဒီလောက်မက်မောနေလျှင် အဲဒီလူမျိုးဟာ ကြာရှည်ခံမှာ မဟုတ်ဘူး” ဟု အင်္ဂလိပ်အနုပညာနှင့် သုခုမဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်းက ဆိုခဲ့ပါသည်။
Dec 02, 2020

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့် သဘင်အခါသမယမှာ တိုင်းရင်းသားမိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းပါစေ၊ ကပ်ရောဂါနဲ့ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန် ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဒီနေ့အချိန်အခါဟာ မြန်မာ့ပညာရေး သမိုင်းအတွက် ထူးခြား လေးနက်ပြီး မင်္ဂလာရှိလှတဲ့ အချိန်အခါဖြစ်သလို မြန်မာ တစ်မျိုးသားလုံး အတွက် ဂုဏ်ယူ စရာအချိန်အခါလည်း ဖြစ်ပါတယ်။ ဒီလိုအချိန်အခါမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား ဟောင်းတစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဂုဏ်ပြုစကား ပြောကြားခွင့်ရတဲ့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိ ပါတယ်။
Dec 02, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 01, 2020

စာရေးသူသည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၆၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ နှစ်နှစ်ကြာ ပညာသင်ယူခွင့် ရရှိခဲ့ပါသည်။ သို့သော် စာရေးသူသည် ရန်ကုန်တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့ကြို၊ ဘွဲ့လွန်ဘာသာရပ်များ (under-graduate and postgraduate degrees) ကို သင်ယူရန် တက်ရောက်ခဲ့ခြင်းမျိုးတော့ မဟုတ်ပါ။
Dec 01, 2020

ရှေးယခင်နှစ်ပေါင်းများစွာက ဤမြကျွန်းသာမြေသည် ပဲခူးရိုးမတောင်ဘက်စွန်းစွန်း တောတောင်ထူထပ် ပန်းစုံပင်စုံပေါက်ရောက်ရာ တောရိုင်းမြေအဖြစ် ရှိခဲ့ပေလိမ့်မည်။ ယခု အင်းလျားကန် မြောက်ဘက်ကမ်းနှင့် တက္ကသိုလ်တောင်ဘက်ကမ်းတို့သည် ထိုအချိန်က လျှိုနံရံများ ဖြစ်ပေမည်။ မြောက်ဘက်လျှိုနှင့် တောင်ဘက်လျှိုကြား အလျားလိုက် အင်း၊ အိုင်၊ ရေကန်များဖြင့် သဘာဝကျကျ ရှိနေပေမည်။ ကိုလိုနီခေတ်ဦး အုပ်စိုးသူများအနေဖြင့် ရန်ကုန်၌နေထိုင်သူဦးရေနည်းပါးစဉ် ကန်တော်ကြီးကိုဆယ်၍ သောက်သုံးရေ ဖြန့်ဝေပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် လူဦးရေများပြားလာချိန်မှာ ဖော်ပြပါ မြောက်ဘက်လျှို (ယခုမေခ၊ မလိခဘက်) နှင့် တောင်ဘက်လျှို (ယခုတက္ကသိုလ်ဘက်) နှစ်ခုကြား အလျားရှည်စွာတည်ရှိသော အင်းများ၊ အိုင်များ၊ ရေကန်များကို အနောက်ပြည်လမ်းဘက်မှ လည်းကောင်း၊ အရှေ့ ရန်ကင်းဘက်မှ လည်းကောင်း နှစ်ဖက်ပိတ်ဆည်အဖြစ် ဗြိတိသျှတို့က တည်ဆောက်ပြီး ရန်ကုန်မြို့ကြီးအား သောက်သုံးရေ ဖြန့်ဝေပေးခဲ့ကြသည်။ နောင်တွင် အလျားရှည်စွာသော အင်းရေပြင်ကြီးသည် ကံ့ကော်တောသမိုင်းဖြစ်စဉ်ရှိ အင်းလျားကန်ကြီးအဖြစ် မြကျွန်းသာနယ်၌ ထင်ရှားလျက်ရှိနေပေသည်။
Dec 01, 2020

ကျွန်တော်သည် ဥပစာတန်းသားဘဝက ရန်ကုန် တက္ကသိုလ် ပဲခူးဆောင် ပထမထပ် အခန်းနံပါတ် ၅၈ တွင် နေရပါသည်။ အခန်းဖော်မှာ တောင်ငူမှ ကိုကို (နောင်တွင် မြို့ပိုင်အဖြစ် အမှုထမ်းသူဖြစ်ပါသည်။) အခန်းချင်းကပ် လျက်တွင် မိတ္ထီလာသား ကိုမောင်မောင်လင်း (နောင် တွင် ဒဂုံတက္ကသိုလ်၊ သတ္တဗေဒဌာန၊ တွဲဖက်ပါမောက္ခ) နှင့် သထုံသား ကိုခင်မောင်မြင့် (ရန်ကုန် အရှေ့ပိုင်းဆေးရုံ)တို့ နေကြပါသည်။
Dec 01, 2020

ဪ ရန်ကုန်တက္ကသိုလ်ကြီးပင် နှစ် ၁၀၀ ပြည့် (ရာပြည့်) တိုင်ခဲ့ပါပြီကော။ ကိုယ့်အသက်သည်လည်း ၇၀ အတွင်း ချင်းနင်းဝင်ခဲ့ပြီကိုး။
ဟိုးလွန်ခဲ့တဲ့ နှစ် ၅၀၊ တက္ကသိုလ်ရွှေရတုသဘင် နှစ်မှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကြီးကို စတင်ခြေချ ဝင်ရောက်ခွင့်ရပါတယ်။ စက်မှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ စီးပွားရေး၊ ဆေး ၁ ၊ ဆေး ၂ ၊ တိမွေးကု၊ ဆေးတက္ကသိုလ်-မန္တလေး၊ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်ကြီး ၁၀ ခုကို ၁၉၆၄ ခုနှစ်မှာ ခွဲထုတ်လိုက်ပြီး ခြောက်နှစ်အကြာ စနစ်သစ်ပညာရေး အသားကျစ ပြုနေချိန်ပေါ့။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ဝိဇ္ဇာပညာရပ်ကိုးမျိုးနဲ့ သိပ္ပံပညာရပ်ခုနစ်မျိုးကိုသာ သင်ကြားပေးပါတော့တယ်။