ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်း စရာအစီအစဉ်
လက်ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးတွေသည် ဒယ်တာ မျိုးဗီဇပြောင်းပိုး အပါအဝင် အခြားမျိုးဗီဇကွဲတွေကို ကောင်းစွာနှိမ်နင်းနိုင် (ဒေါက်တာခင်ခင်ကြီး)
(ယမန်နေ့မှအဆက်)
အခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုတွေ များပြားလာရတာက ဗီဇပြောင်းပိုးတွေရဲ့ လက်ချက်ဆိုတာ သိစေချင်ပါတယ်။ အခုပြောနေကြတဲ့ “အယ်လ်ဖာ'၊ ဗီတာ'၊ 'ဂါမာ'၊ 'ဒယ်လ်တာ” တွေကရော ဘယ်နှ နိုင်ငံကို ရောက်နေပြီလဲဆိုရင် “အယ်လ်ဖာ”သည် အခု ၁၈၅နိုင်ငံကို ရောက်နေပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများကို စုံသလောက်ရှိနေပြီ ဖြစ်ပါတယ်။ 'ဗီတာကလည်း ၁၃၆ နိုင်ငံကို ရောက် နေပြီဖြစ်ပါတယ်။ “ဂါမာ”က ၈၁ နိုင်ငံကို ရောက်နေပြီး ဇာတ်လိုက်ကျော် ‘ဒယ်လ်တာက ၁၄၂ နိုင်ငံကို | ရောက်နေပြီဖြစ်ပါတယ်။ ။
အခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရတဲ့ ရောဂါပိုး ‘လမ်ဘဒါ” နဲ့ “အက်ပ်စီလွန်” ဆိုတဲ့ ဗီဇ ပြောင်းပိုးတွေအကြောင်းကို နည်းနည်းဆွေးနွေး လိုပါတယ်။ လမ်ဘဒါသည် အားလုံးသိတဲ့ အတိုင်း ပါပဲ။ ၂၉ နိုင်ငံကို ရောက်နေပြီ။ Variant of Interest | အဆင့်မှာပဲ ရှိသေးတယ်။ သူနဲ့ ပတ်သက်လို့လေ့လာစရာတွေ အများကြီးရှိသေးတယ်။ တောင် အမေရိကတိုက်မှာရှိတဲ့ နိုင်ငံတွေမှာဖြစ်ပွားတာ အများဆုံးတွေ့ရပါတယ်။ လက်ရှိ သုတေသန တွေ့ရှိချက်တစ်ခုအရ ကာကွယ်ဆေးရဲ့ ထိရောက်မှုကိုအနည်းငယ် လျော့နည်းစေတယ်ဆိုတာ တွေ့ရပါတယ်။
ဒါက ဗီဇမျိုးကွဲဖြစ်သွားပြီဆိုရင် နဂိုမူလ ကိုဗစ်( ၁၉ ကို ဖြစ်စေတဲ့ SARS-CoV-2 ထက် စာရင် ကူးစက်မှုရော၊ ရောဂါပြင်းထန်မှုရောရှိနိုင်တယ် ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ကာကွယ်ဆေး နဲ့ပတ်သက်ရင် ကာကွယ်ဆေးတွေသည် 'ဒယ်လ်တာ” ကိုတောင် ကာကွယ်နိုင်မှတော့ ‘လမ်ဘဒါ” ကိုကာကွယ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးသေချာသုတေသနလုပ်ထားတာတော့ မရှိသေးပါဘူး။
“အက်ပ်စီလွန်'ဆိုတာနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်း မှာကျယ်ကျယ်လောင်လောင် ပြောလာကြပါတယ်။ “အက်ပ်စီလွန်” က အသစ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ မေလမှာ ကယ်လီဖိုးနီးယားမှာ တွေ့ခဲ့တဲ့ မျိုးဗီဇပြောင်းပိုးဖြစ်ပါတယ်။ အရင်တုန်းက Variant of Interest ထဲမှပါပေမယ့် အခု အဆင့်လျှော့ချခြင်းခံရပြီး လက်ရှိမှာ Variant of Interest အဆင့်မှာ မရှိနေပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း က ပါကစ္စတန်မှာ “အက်ပ်စီလွန်” ပိုးတွေ့သူ ငါးဦး တွေ့ရှိရတယ်။
'အက်ပ်စီလွန်'က ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက် အရဆိုရင် ကာကွယ်ဆေးကိုလည်း ခံနိုင်ရည်ရှိတယ် စသည်ဖြင့် ဒါမျိုးတွေလည်း ပြောနေကြတာရှိပါတယ်။ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေက တကယ့်ပြင်ပလောကမှာ ဒီလိုပဲဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ သုတေသန တွေလည်း အများကြီး လိုအပ်ပါသေး တယ်။ 'အက်ပ်စီလွန်သည် နဂိုမူလပိုးထက်၂၀ ရာခိုင် နှုန်းကူးစက်မှုပိုမြန်တယ်ဆိုတော့ အရင်ကထက် ထူးခြားပြီး ကူးစက်မှုနှုန်းသိပ်ပြီးမများ ဘူးဆိုတာသိစေချင်ပါတယ်။သူက နိုင်ငံပေါင်း ၃၄ နိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သို့သော် 'အက်ပ်စီလွန်” သည် စာဖွဲ့ရလောက်တဲ့အဆင့်မှာ မရှိဘူးဆိုတာကို သိစေချင်ပါတယ်။
အချုပ်ပြောမယ်ဆိုရင် လက်ရှိကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ် ဆေးတွေသည် “ဒယ်လ်တာ” မျိုးဗီဇပြောင်းပိုး အပါအဝင် အခြားမျိုးဗီဇကွဲတွေကို ကောင်းစွာ နှိမ်နင်းနိုင်ပါတယ်။ ကာကွယ်နိုင်ပါတယ်။ ကာကွယ် နိုင်မှုအနေနဲ့ အတိုင်းအတာတစ်ခုအထိ လျော့နည်းနိုင် နေပေမယ့်လို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အလုပ်လုပ်နိုင်မှုက ဆက်ရှိနေတယ်ဆိုတာ သုတေ သနပညာရှင်တွေ တွေ့ရှိထားတဲ့အတွက် မစိုးရိမ်ပါ နဲ့လို့ ပြောချင်ပါတယ်။
အစီအစဉ်မှူး ။ ။ ဆရာမအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါဦး။ ဒေါက်တာခင်ခင်ကြီး ။ ။ ဗီဇပြောင်း ပိုးတွေကို ရပ်တန့်နိုင်ဖို့အတွက် နည်းလမ်းတွေ မရှိဘူးလားဆိုရင် ရှိပါတယ်။ ဒါကတော့ ကာကွယ်ဆေးတွေကို များများထိုးနှံ နိုင်ဖို့ပဲ ဖြစ်ပါတယ်။ လူတော်တော်များများမှာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံနိုင်ပြီဆိုရင် သူက ဒုက္ခပေးဖို့ဆိုတာ မဖြစ်နိုင်တော့ ပါဘူး။ ကူးစက်မှု ကို ရပ်တန့်ဖို့ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ရောဂါ မကူးစက်စေဖို့ ကိုဗစ်-၁၉ စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ။
ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဖို့ လိုပါတယ်။ | Mask တပ်ခြင်းက ရောဂါပိုးတွေ မိမိကနေသူများကို မကူးစက်နိုင်အောင်၊ သူများရဲ့ ရောဂါပိုးတွေလည်း ကိုယ့်ဆီကို မကူးစက်နိုင်အောင် ဖြစ်ပါတယ်။ လက်ကို ရေနဲ့ ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ သေချာဆေးမယ်။ ဒါကလည်း ဗိုင်းရပ်စ်ကိုနိုင်တဲ့ နိုင်ကွက်ဖြစ်ပါတယ်။
နောက်ပြီးလူအုပ်စု ရှောင်မယ်။ လူအများနဲ့ ထိတွေ့ တဲ့ကိစ္စတွေရှောင်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေးဝေးနေမယ်။ ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုး မယ်။ လေကောင်းလေသန့် ရတဲ့နေရာမှာ နေမယ်။ လေကောင်းလေသန့် ရတဲ့နေရာမှာနေရင် ဗိုင်း ရပ်စ်က ကူးစက်ဖို့အခွင့်အလမ်း အလွန်ကိုနည်းပါတယ်။
ယခုမြန်မာနိုင်ငံမှာ ကာကွယ်ဆေးတွေ ထိုးနှံဖို့ကို အထူးအလေးထားကြပ်မတ်ပြီး ဆောင်ရွက် နေပါတယ်။ WHO အနေနဲ့ စက်တင်ဘာလကုန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံနိုင်ဖို့၊ ၂၀၂၁ ခုနှစ်အကုန်မှာ ကမ္ဘာ့လူဦးရေ ရဲ့ ၄၀ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် နှစ်လယ်မှာ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ဒါ့အပြင် အောက်တိုဘာလမှာ ကျင်းပမယ့် G-20 အစည်းအဝေးမှာ လည်း COVAX အဖွဲ့အစည်းတွေကို လိုအပ်တဲ့ကာကွယ်ဆေးတွေထောက်ပံ့ဖို့၊ ကာကွယ်ဆေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ မေတ္တာ ရပ်ခံထားတာရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ် မကုန်ခင်မှာ ကာကွယ်ဆေးထိုးနှံနိုင်ခွင့်ရှိတဲ့ အသက် ၁၈ နှစ် နှင့်အထက် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအထက်ကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အထူးအလေး ပေးပြီးဆောင်ရွက်နေတယ်ဆိုတာကို အသိပေးချင်ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး တစ်နေ့ကို ပျမ်းမျှ တစ်သိန်းခွဲနှုန်းလောက် ထိုးနှံပေးနေပါတယ်။
ရှေ့တစ်ပတ်အတွင်းမှာ ဝယ်ထားတဲ့ Sinopharm ကာကွယ်ဆေးတစ်သန်းလည်း ထပ်ပြီးရောက် ဖို့ ရှိပါတယ်။ မကြာခင်လည်း နောက်ထပ် Sinopham တစ်သန်းလည်း ထပ်ပြီးရောက်ရှိဖို့ ရှိပါတယ်။ ကာကွယ်ဆေး စုစုပေါင်းဆိုရင် ပထမပိုင်းက အိန္ဒိယကကာ ကွယ်ဆေး ၃ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံက ပထမအကြိမ်လှူဒါန်းတဲ့ ၀ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံအစိုးရက ဒုတိယအကြိမ် လှူဒါန်းထားတဲ့ Sinopharm က ၂ သန်း၊ ဝယ်ယူ ထားတဲ့ Sinopham က ၂ သန်း၊ ဝယ်ယူထားတဲ့ Sinovac ၂ သန်းဆိုတော့ စုစုပေါင်း ၁၀ သန်းမကြာခင်မှာ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။ ။
ဒါ့အပြင် ကာကွယ်ဆေး ၂၄ သန်း ဝယ်ယူဖို့ ဆောင်ရွက်နေတယ်ဆိုတာကို သြဂုတ်လ ၁၆ရက်၊ က ပြည်သူတွေကို သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ အိန္ဒိယက ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ ရရှိ နိုင်ဖို့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်။ မိမိနိုင်ငံမှာ ကာကွယ်ဆေးတွေကို မူပိုင်ခွင့် ယူပြီး ထုတ်လုပ်နိုင်ဖို့ကိစ္စတွေကို ဆောင်ရွက်နေတာဖြစ် တဲ့အတွက် ကျွန်မတို့ ရည်မှန်းထားတဲ့အတိုင်း ၂၀၂၁ ခုနှစ်မကုန်ခင်မှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက်။ ဖြစ်နိုင်ရင် ဒီထက်ပိုပြီး ထိုးနှံနိုင်ဖို့ ရည်မှန်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ဦးစားပေးအုပ်စုတွေကို ကာကွယ်ဆေးထိုး နှံပေးတဲ့အခါ နှစ်ကြိမ်ပြည့်အောင် လာရောက်ထိုးနှံကြပါ။ ဦးစားပေးထဲမှာ မပါတဲ့သူတွေ အနေနဲ့လည်း ဘာမှ စိုးရိမ်ကြောင့်ကြမှု မဖြစ်ပါနဲ့၊ ကာကွယ်ဆေးတွေ ကို ထပ်မံရရှိဖို့ ဆောင်ရွက်နေသလိုဦးစားပေးအုပ်စုတွေကိုလည်း ထပ်မံတိုးချဲ့ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကကဏ္ဍကို ကာကွယ်ဆေး တင်သွင်းခွင့်ပေးထားတဲ့အတွက် အရည်အသွေး ပြည့်မီတဲ့၊ စိတ်ချရတဲ့ကာကွယ်ဆေးကို စိတ်ချရတဲ့ နည်းစနစ်တွေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ Vaccine Management Information System နဲ့ ချိတ်ဆက်ပြီး အကောင်းဆုံးဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် ပြည်သူတွေကို ကာကွယ်ဆေး ထိုးနှံကြဖို့ ကျွန်မအနေနဲ့ တိုက်တွန်းပါတယ်။ ။
ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်ပေးတဲ့ တာဝန်ရှိသူ တွေအနေနဲ့ ကာကွယ်ဆေးထိုးစုရပ်မှာ လူတွေ စုပြုံ မနေစေဖို့၊ တတ်နိုင်သမျှစနစ်တကျဖြစ်ဖို့ စီမံ ပေးကြဖို့ကိုလည်း ကျွန်မအနေနဲ့ ပြောကြားလိုပါ တယ်။ ထိုးနှံတဲ့သူတွေအနေနဲ့လည်း Mask ကို သေသေချာချာ တပ်လာမယ်။ ရေမလိုလက်သန့် ဆေးရည်တွေ ဆောင်လာမယ်။ တစ်ယောက်နဲ့ တစ်ယောက်ခပ်ဝေးဝေးနေမယ်။ ဒီလိုနည်းအားဖြင့် ကာကွယ်ဆေးကို အန္တရာယ်ကင်းစွာ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေ ကိုဗစ် - ၁၉ အန္တရာယ် ကနေ ကင်းဝေးစေဖို့အတွက် အားလုံးအတူတူ ကြိုးစားကြရင် မအောင်မြင်နိုင်စရာမရှိပါဘူး၊ အတူ ကြိုးစားကြပါစို့လို့ ကျွန်မအနေနဲ့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ထက်လျှံ