Dec 07, 2020

ရန်ကုန်တက္ကသိုလ်တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နှစ် (၁၀၀) ပြည့်ခဲ့ပြီ။ သင်္ချာ ဖခင်ကြီးဟု တင်စားခဲ့သည့် ကျွန်မတို့ချစ်သော ဆရာကြီး ပါမောက္ခဦးဘတုတ်သည်လည်း ရန်ကုန်တက္ကသိုလ်၏ ဖွားဖက်တော်ဖြစ်သည့်အားလျော်စွာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အသက် ၁၀၀ ပြည့်မည်ဖြစ်ပါ သည်။ ဆရာကြီး၏အသက် ၁၀၀ ပြည့်မွေးနေ့ကို ထူးထူးခြားခြား ကျင်းပရန် ကျွန်မတို့အားလုံးကြိုးပမ်း လျက်ရှိပါသည်။ သင်္ချာမိသားစု၏ (၂၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကိုလည်း ဆရာ့မွေးနေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့ကြပါသည်။ အာစရိယပူဇော်ပွဲနေ့တွင် ဆရာ့ အား Zoom Application ဖြင့် ကန်တော့ရန်လည်း အစီအစဉ်များကို စနစ်တကျရေးဆွဲရင်း ကျွန်မတို့အားလုံး ဝမ်းသာပီတိ ဖြစ်နေကြပါသည်။
Dec 07, 2020

ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ၁၉၈၅ ခုနှစ်တွင် ကျွန်မ ရောက်ခဲ့သည်။ ကျွန်မ အမေနှင့် အဖေက ၁၉၆၅ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းပြီးခဲ့သည်။ ပြည်ကောလိပ် တွင် နှစ်နှစ်တက်ပြီး ဂုဏ်ထူးတန်းတက်ခွင့်ရသောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရခြင်းဖြစ်သည်။ ထိုအချိန် က ရန်ကုန်တက္ကသိုလ်နယ်မြေခွဲတွေရှိသည်။ RC 1 ဟု ခေါ် သော ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ RC 2 ဟုခေါ်သော ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ RC 3 ဟု ခေါ်သော ရန်ကုန်တက္ကသိုလ်(ကြည့်မြင်တိုင်နယ်မြေ)တို့ဖြစ်သည်။ ထိုကျောင်းများတွင် နှစ်နှစ်တက်ပြီး တတိယနှစ်ရောက်မှ ရန်ကုန်တက္ကသိုလ် (ပင်မ)သို့ ရောက်သည်။ ထိုအချိန်က စစ်တွေကောလိပ်သည်လည်း ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံဖြစ်သည်။ စစ်တွေ ကောလိပ်တွင် နှစ်နှစ်တက်ပြီး တတိယနှစ်ရောက်လျှင် ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ရောက်သည်။ အမေက ရန်ကုန်တက္ကသိုလ်သို့ လိုက်ပို့သည်။ ကက်ရှ်ဟုခေါ်သော ငွေသွင်းကောင်တာတွင် ရခိုင်ကျောင်းသား ကျောင်းသူ တို့၏ ရခိုင် သံဝဲဝဲ ကို ငွေလက်ခံသူ နားမလည်သောကြောင့် အမေက စကားပြန်လုပ်ပေးခဲ့ရသေးသည်။ အမေက ကျောက်ဖြူသူ၊ ကျောက်ဖြူကောလိပ်မှ ရန်ကုန် တက္ကသိုလ်သို့ ရောက်လာသူဖြစ်သည်။
Dec 07, 2020

အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းက မန္တလေး ဗဟိုအမျိုးသားကျောင်းထွက် ဖြစ်ခဲ့တယ်။
မန္တလေးက အမျိုးသားကျောင်းတွေ
ပထမကျောင်းသားသပိတ်ကြီးကြောင့် အမျိုးသား ကျောင်းတွေဖွင့်လှစ်ရာမှာ မန္တလေးက ဆရာကြီးဦးရာဇတ် ဦးဆောင်ပြီး တက်ကြွစွာပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေးမှာ (၁) လမ်း၈ဝနဲ့ ၈၁လမ်းကြား၊ လမ်း ၃ဝနဲ့ ၃၁ လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက် အဆောက်အဦကြီးမှာဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊ လမ်း၃ဝနဲ့ ၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာ ဆရာမကြီး ဒေါ်စောအုံကျောင်းအုပ် အဖြစ်ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊
Dec 07, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်အခမ်းအနားအား Virtual စနစ်ဖြင့် ကျင်းပခဲ့ သည်ကို မြန်မာ့ရုပ်မြင်သံကြားတွင် ကြည့်ရှု လိုက်ရပါသည်။ ထို့ပြင် ရာပြည့်သဘင်အခမ်းအနားမတိုင်မီ ရက်သတ္တပတ်ကာလကတည်းက နိုင်ငံပိုင် သတင်းစာများ၊ ပုဂ္ဂလိက သတင်းစာများတွင် ရန်ကုန်တက္ကသိုလ်ကြီးအတွင်းရှိ အထင်ကရဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းများ၊ နာမည်ကြီးအဆောင်များအကြောင်းကို ခေတ်အဆက်ဆက်တွင် ကိုယ်တိုင် တက်ရောက် သင်ကြားခဲ့ကြသော ကျောင်းသား ကျောင်းသူဟောင်းကြီးများက လွမ်းမောဖွယ်သမိုင်းကြောင်းများကို ပြန်လည်တမ်းတကာ ဂုဏ်ပြုရေးသားခဲ့ကြသည်။
Dec 06, 2020

အမိရန်ကုန်တက္ကသိုလ်၏ ကိုလိုနီပညာတော်လှန် ရေးမှ စတင်ပေါက်ဖွားလာသော မြန်မာ့ဝံသာနု အရေးတော်ပုံ
ကိုလိုနီနယ်ချဲ့ဘုရင်နှင့် မိဖုရားအား
ဂါရဝပြု ဘုန်းတော်ဘွဲ့
အလင်္ကာအောင်ညွန့်ရွက်သပြေ၊ အောင်ပန်းခြွေ၍
အောင်ဇေယျတု၊ ငွေခရုဖြင့်
အောင်ဆုရည်သန်၊ အောင်ရမှန်သည်
လန်ဒန်ဥရောပ၊ အိန္ဒိယဖြင့်
မြန်မာပြည်တွင်၊ ဂျော့အရှင်နှင့်
ညှာတင်ဒေဝီ၊ မဟေသီဟု
လေဒီထွဋ်ဖျား၊ မှူးမတ်များနှင့်
ပြည်သားပြည်သူ၊ ခပ်သိမ်းလူတို့
ပြည်သူချမ်းမြ၊ ဘေးရန်ပ၍
အောင်ဆုဩဘာ၊ မင်္ဂလာဖြင့်
ဆယ်ဖြာဓမ္မ၊ သင်္ဂဟနှင့်
နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍
တိမ်ပုံမသန်း၊ လပြည့်ဝန်းသို့
ရွှေနန်းပေါ်တက်၊ နှစ်သက်မြတ်နိုး
အုပ်ကာစိုးသည်၊ တန်ခိုးနေသို့ ထွန်းစေသော် ။ ။
Dec 06, 2020

လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က ဖြစ်ပါသည်။ အတိအကျဆိုရသော် ၁၉၆၉ ခုနှစ်။ ကျွန်တော် ရန်ကုန်မြို့ သို့ အဖော်မပါ တစ်ယောက်တည်း ခရီးနှင်ခဲ့ သည်။ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ၄၁-လမ်း ဦးလေးအိမ်၊ ရွှေတိဂုံစေတီ၊ မင်္ဂလာဒုံလေဆိပ်တို့ကိုသွားရန် ရည်ရွယ် ပြီးလာခဲ့ သည်။ ရန်ကုန်ဘူတာကြီးသို့ နံနက်ခင်းရောက် သွားပါသည်။ မြင်ကွင်းများက ထူးဆန်းနေသည်။ ရန်ကုန်ဆိုတာ တို့ရွာက ဘုရားပွဲထက် စည်ပါလားဆို သောကိန်းဖြစ်ပါသည်။ အရွယ်ကလည်းငယ်၊ ရောက်ချင် သွားချင်ဇော ကလည်း ရှိနေသဖြင့် ကြောက်ရလန့်ရမှန်း မသိ။ ယခုခေတ်ကဲ့သို့ လက်ကိုင်ဖုန်းမပါ။ လမ်းဘေး ဖုန်းဆိုင် လည်းမရှိ။ ပါးစပ်ပါ ရွာရောက် တောဓလေ့ဆိုရိုး စကားကို လက်ကိုင်ထားပြီးသွားရ။ ဟိုမေး သည်မေးဖြင့် လိုင်းကားစီး။ ကမာရွတ်လှည်းတန်းရောက်၊ ကားပေါ်က ဆင်း၊ လမ်းလျှောက်။ လမ်းဘေးဆိုင်းဘုတ်ဖတ်၊ နှုတ်က လည်းမေး၊ မကြာခင် ရန်ကုန်တက္ကသိုလ် အင်းဝဆောင် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။
Dec 06, 2020

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကို ကောလိပ်ကျောင်းသား ကြီးများ သပိတ် မှောက်ခဲ့သည်မှစ၍ မြန်မာအမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာခဲ့သည်မှာ မကြာမီ တွင် နှစ်(၁၀၀) ပြည့်တော့မည် ဖြစ်ပါသည်။ ထိုအခါက ကောလိပ်ကျောင်းသားကြီးတို့ သည် မြန်မာပြည် နိုင်ငံရေးတွင် ကိုယ်ထိ လက်ရောက် ဝင်ရောက် ဆောင်ရွက်ခြင်းများ မပြုခဲ့သော်လည်း မြန်မာပြည်နှင့် မြန်မာ လူမျိုးတို့၏ ကိစ္စဟူသရွေ့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြ၏။ သို့နှင့် ရန်ကုန်တက္ကသိုလ် ဥပဒေကို အတည်ပြုလိုက်သောအခါ ထိုဥပဒေ သည် မြန်မာလူမျိုးများ အထက်တန်းပညာ တတ်မြောက်ရေးကို များစွာ ချုပ်ချယ်ထား ကြောင်းနှင့် ထိုဥပဒေကို တိုင်းပြည်က ကန့်ကွက်ခဲ့ခြင်းတို့ကို သိနှင့်ပြီး ဖြစ်ရကား တိုင်းပြည်က ကန့်ကွက်၍ မရခဲ့သော ထို ရန်ကုန်တက္ကသိုလ်ဥပဒေကို တစ်နည်းနည်း ဖြင့် တိုက်ဖျက်ရန် အောက်ပါ ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦးတို့သည် ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ သွားရောက် ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြ၏။
Dec 05, 2020

ဂျပ်ဆင်ဝင်ပေါက်မှအဝင် ရေတမာပင်တန်းကြီးကလည်း ဆီးကြိုနေလျက်ရှိသည်။ မြက်ခင်းစိမ်း တွင် ငှက်ကလေးများ ဆော့ကစားနေကြသည်။ ငုနဲ့ ပိတောက်ပင်များ ကလည်း ဆီးကြိုနေ သည်။ ပင်ယံထက်ဆီက ကိုရွှေဥဩလေးကလည်း တွန်ကျူးသံလေးနှင့် နှုတ်ဆက်စကား ဆိုလေ သည်။ တဖြည်းဖြည်း လျှောက်လှမ်းလာရင်း အနုပညာအသင်း အခန်းအနီး ရောက်သည်နှင့် တစ်ပြိုင်နက် ဆိုင်းသံ ဗုံသံများ ကားရသည်။
Dec 05, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့က အမိတက္ကသိုလ်ရဲ့ ရာပြည့်မွေးနေ့ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ သမိုင်း၊ ရန်ကုန်တက္ကသိုလ်ရဲ့ ဖြစ်တည်မှု၊ ရန်ကုန်တက္ကသိုလ်ရဲ့ အရေးပါမှုတွေကို ကျွန်မတို့ ဆရာကြီး၊ ဆရာမကြီးများ အမှတ်တရ ရေးသားကြတာတွေကို နေ့တိုင်းပဲ ဖတ်ရပါ တယ်။ တက်ကြွစရာ၊ ပျော်ရွှင်စရာ၊ အောက်မေ့လွမ်းမောစရာတွေလည်း ဖတ်ရသလို ကျွန်မတို့ သက်တမ်းနဲ့ မမီလိုက်ရတဲ့ အကြောင်းအရာတွေကိုလည်း တန်ဖိုးရှိစွာ သိရှိရပါတယ်။
Dec 05, 2020

မြန်မာစာပေလောကတွင် ဘဝတစ်သက်တာ ပျော်မွေ့ခဲ့ကြပြီး မြန်မာစာပေကို ချစ်ခင်မြတ်နိုးကာ ပြည်သူများ အသိပညာတိုးပွားစေသည့် စာပေများ ရေးသားဖော်ကျူးခဲ့ကြသော စာရေး ဆရာကြီးများအား နိုင်ငံတော်က နှစ်စဉ် အမျိုးသားတစ်သက်တာ စာပေဆုနှင့် အမျိုးသား စာပေဆုများကို ရွေးချယ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ကြသည့် စာရေးဆရာကြီး နှစ်ဦးနှင့် အမျိုးသား စာပေဆုရ စာရေးဆရာ အချို့ အား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။