Skip to main content
Dec 17, 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် မြောက်ခဲ့လေပြီ။ ရန်ကုန်တက္ကသိုလ်ဥပဒေကို ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့တွင် ဘုရင်ခံချုပ်က သဘောတူခဲ့ပြီးနောက် ဥပဒေအရ အာဏာတည်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဖြစ်ပေါ်လာခဲ့ပါ

Dec 17, 2020
ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ပြေးဆွဲမှု ရပ်နားထားခဲ့ရာမှ ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။ ပြည်တွင်းလေကြောင်း လိုင်းများ ပြန်လည်ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် လေဆိပ်နှင့်လေယာဉ်ပေါ်တွင် တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများ၊ လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များ လိုက်နာရမည့် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ဒီဇင်ဘာလ ၁၅ ရက်က တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
Dec 17, 2020
ရန်ကုန်တက္ကသိုလ်ဟု အမည်ကြားရတိုင်း ပညာရည် နို့သောက်စို့ခဲ့ရသော အမိတက္ကသိုလ်ကို လွမ်းတသသ ဖြစ်နေဆဲပါ။ ရွှင်မြူးစရာ၊ ဂုဏ်ယူစရာ၊ တောင်ပေါ်မြေပြန့် သူငယ်ချင်းများနှင့် တွေ့ဆုံရင်းနှီးခဲ့ကြရပုံများ စသည်ဖြင့် အိပ်မပျော်သောညများဖြင့် တမ်းတခဲ့ရပါသည်။ ပျော်ရွှင်ဖွယ်ရာ ကြည်နူးစရာများရှိခဲ့သလို ကြေကွဲစရာ၊ ဝမ်းနည်းစရာများလည်း ကြုံတွေ့ခဲ့ရပါသည်။
Dec 17, 2020
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေး အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 16, 2020
လွတ်လပ်ရေးရပြီးခါစ ၁၉၅၂ ခုနှစ် ဩဂုတ်လ ၄ - ၁၇ ရက်အတွင်း တိုင်းပြုပြည်ပြုလွှတ်တော် ပြည်တော်သာ ညီလာခံကျင်းပရာမှာ ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းတစ်ရပ် တင်သွင်းခဲ့တယ်လို့ မှတ်တမ်းတစ်ခု အရ သိရပါတယ်။ အဓိကရည်ရွယ်ချက်(၃)ရပ်ကို အောက်ပါအတိုင်း ဖတ်ရှုရပါတယ် -
Dec 16, 2020
နယ်မြို့တစ်မြို့တွင် မွေးဖွားကြီးပြင်းသူ ကျွန်တော့်အနေဖြင့် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ခွင့်ရမည်ဟု ထင်မှတ်မထားပါ။ အထက်တန်းကျောင်းသားဘဝ ရန်ကုန်သို့ရောက်စဉ် တက္ကသိုလ်ကျောင်းသား အစ်ကိုဝမ်းကွဲက ခေါ်သွားသဖြင့် တက္ကသိုလ် ပရိဝုဏ်သို့ ခြေချဖူးသည်။ အထင်ကြီးလေးစားစိတ်နှင့်အတူ တက္ကသိုလ်ကျောင်းသားဘဝ အားကျပြီး ၁၀ တန်း အောင်ရန် ခွန်အား၊ တွန်းအား ဖြစ်ပါသည်။
Dec 15, 2020
စာရေးသူ(ဟိုက်စကူး)အထက်တန်းကျောင်းသားဘဝ ကတည်းက ရန်ကုန်တက္ကသိုလ်နှင့် ကျွမ်းဝင်ရင်းနှီးခဲ့ပါ သည်။ အကြောင်းမှာ အဆိုတော် စိန်လွင်၊ ထူးအိမ်သင်၊ ခင်မောင်ထူး၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ ကိုင်ဇာ၊ ခိုင်ထူး၊ ဖိုးချို၊ အောင်နိုင်၊ ရင်ဂို၊ နော်လီဇာ၊ မေဆွိ၊ မေခလာ၊ တင့်တင့်ထွန်း၊ မီမီဝင်းဖေ စသူတို့၏ ကျောင်းသီချင်း များက ရင်ထဲမှာ ငြိတွယ်နေခဲ့သောကြောင့်ပင်တည်း။ ၁၉၈၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီး တိုက်ရိုက် မေဂျာစတင်လျှောက်ထားခွင့်ပြုသည့်နှစ် ဖြစ် သဖြင့် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)သို့ ပထမနှစ် ပထဝီဝင် အထူးပြု ဘာသာဖြင့် တက်ရောက် ခဲ့သည်။ အပတ်စဉ်တိုင်းလိုလို လှိုင်နယ်မြေ (RC2)၊ Main (ပင်မ)ထဲ တက္ကသိုလ်နယ်မြေသို့ အကြောင်း အမျိုးမျိုးရှာပြီး ရောက်ခဲ့သည်။
Dec 15, 2020
တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိပြီး ပထမအကြိမ် ပြီး၍ ဒုတိယအကြိမ်၏ ရိုက်ခတ်မှုကို ရင်ဆိုင်နေကြဆဲဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုဗစ်-၁၉ ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Global Pandemic) အဖြစ် ၁၁-၃-၂၀၂၀ ရက်တွင် ကြေညာခဲ့သည်။
Dec 15, 2020
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်းအခမ်းအနား (Launching ceremony) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။
Dec 15, 2020
ဒီနှစ် ၂၀၂၀ ပြည့်နှစ်ဟာ မိမိတို့နိုင်ငံအဖို့ အမှတ်တရ အလွန်ဂုဏ်ယူကြရမယ့် ရာပြည့်ပွဲတော်တွေနဲ့ တိုက်ဆိုင်နေတဲ့နှစ် ဖြစ်နေပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရာပြည့် (ဒီဇင်ဘာ ၁ ရက်)၊ အမျိုးသားအောင်ပွဲနေ့ရာပြည့် ( တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)၊ မြန်မာရုပ်ရှင်ရာပြည့်ပွဲတွေကတော့ (ကိုဗစ်ကာလကြီးဖြစ်နေလျက်နဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ရေးစည်း မျဉ်းစည်းကမ်းတွေနဲ့အညီပဲ) အထိုက်အလျောက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။