Nov 24, 2020

ထိုစဉ်က တက္ကသိုလ်ကျောင်း စဖွင့်ရက် မှာ စက်တင်ဘာလ ၁ ရက်ဖြစ်ပြီး ပထမနှစ် သင်တန်းဖွင့်ရက်မှာ စက်တင်ဘာ ၇ ရက်ဖြစ်သည်။ ဒီဇင်ဘာ ခရစ္စမတ်မတိုင်မီ ပထမ စာမေးပွဲကို ဖြေဆိုကြရပြီး ယင်းစာမေးပွဲမှာ အတန်းတင်စာမေးပွဲအတွက် ၄၀ ရာခိုင်နှုန်း ယူပါသည်။ စာမေးပွဲဖြေအပြီး ကျောင်း ၁၀ ရက် ပိတ်ပါသည်။ နှစ်လည်စာမေးပွဲကို မတ်လတွင် ဖြေဆိုကြ ရပြီး အတန်းတင် စာမေးပွဲအတွက် ၁၀ ရာခိုင်နှုန်းယူပါသည်။ ဧပြီ တစ်လ ကျောင်းပိတ်ပါသည်။ ဇွန်လ နောက်ဆုံးပိုင်းတွင် အတန်းတင်စာမေးပွဲ ဖြေဆိုကြရပြီး ဇူလိုင်၊ ဩဂုတ် နှစ်လ ကျောင်း ပိတ်ပါသည်။
Nov 23, 2020

ကျွန်တော်အားကျပြီး နမူနာထားတဲ့ပုဂ္ဂိုလ်က ပါမောက္ခ ယူနစ်ဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုဟာ သူ့အနေနဲ့ တက္ကသိုလ်မှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို စာသင်ခန်းထဲမှာ သင်ကြားနေပေမယ့် သူ့ပတ်ဝန်းကျင်မှာ ဆင်းရဲနွမ်းပါးမှုတွေ ဖြစ်ပေါ်နေတာ သတိထားမိတယ်။ စာသင်ခန်းမှာ ပို့ချတဲ့သီအိုရီနဲ့ လက်တွေ့ဘဝမှာ ကွာဟနေတာကို သတိပြုမိတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး ဖော်ထုတ်ခဲ့ပါတယ်။
Nov 23, 2020

“ကိုဗစ်-၁၉ ကာလမှာ တရားရုံးတွေလည်း ထင်သလောက် အလုပ် သိပ်မလုပ်နိုင်ကြဘူး။ ကျွန်တော်တို့ရှေ့နေတွေလည်း အမှုသိပ်မစစ် နိုင်ကြဘူး။ အမှုရင်ဆိုင်ကြရတဲ့ အမှုသည် တွေလည်း ကျန်းမာရေးကိစ္စကြောင့် ရုံးသွင်း၊ ရုံးထုတ်ကအစ သတိဝီရိယနဲ့ ဆောင်ရွက်နေကြ ရတယ်။ တရားစီရင်ရေးရဲ့ အင်အားချည့်နဲ့မသွား ရအောင် ဝိုင်းပြီးအကြံပေးပါဦးခင်ဗျာ” ဟု အလုပ် သင်ရှေ့နေ မောင်ပျင်းရိက ဆွေးနွေးမေးမြန်း လာပါသည်။ ထို့ကြောင့် ဤစာကိုရေးပါသည်။
Nov 23, 2020

ယခုနှစ် ရာပြည့်ပွဲတော်ကျင်းပလျက်ရှိသည့် ရန်ကုန်တက္ကသိုလ်ကြီးတွင် ကျွန်တော်သည် ကျောင်းသားနှစ်ကြိမ်ဖြစ်ဖူးပါ၏။ ပထမအကြိမ်မှာ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် အထိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏ စိန်ရတုကာလ ကျောင်းသားဖြစ်ခဲ့ပြီး ယင်းကာလနှင့်ပတ်သက်၍ ရေးသားမှုများစွာ မတွေ့ရသောကြောင့် ကျွန်တော်တို့ကာလ အတွေ့အကြုံများကို ပြန်လည်မျှဝေလိုစိတ် ဖြစ်ပေါ်မိပါသည်။
Nov 23, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီးကတော့ အောင်မြင်စွာပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးအဖြစ် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကရော နိုင်ငံတကာ ကပါ ချီးကျူးဂုဏ်ပြုမှုတွေ ထုတ်ပြန်နေကြပါတယ်။ ရွေးကောက်ပွဲကြီးအောင်မြင်ဖို့ ကဏ္ဍစုံကနေ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
Nov 21, 2020

ရန်ကုန်တက္ကသိုလ်တည်ထောင်နှစ် နှစ် ၁၀၀ ပြည့်မည့်ရက် နီးကပ်လာသည်နှင့်အမျှ သတင်းစာ စာစောင်များတွင် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ဆောင်းပါးများ ဝေဝေဆာဆာထွက်ရှိနေပါသည်။ တက္ကသိုလ်၏ နှစ် ၁၀၀ အတွင်း မြင်ကွင်းအဖုံဖုံကို ရှုထောင့်အစုံစုံမှ ရေးသားထားကြသဖြင့် လွမ်းမောဖွယ်ပုံရိပ်များကို တွေ့မြင်သိရှိခွင့် ရနေကြပါသည်။
Nov 21, 2020

ဝဋ်ကျွတ်ပြီလား..။
Nov 21, 2020

(ယမန်နေ့မှအဆက်)
Nov 21, 2020

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့်အချိန်မှစ၍ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာခဲ့ပြီး လူသေဆုံးမှုများလည်း များပြားလာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စီမံချက်များချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
Nov 21, 2020

နိုင်ငံတကာအဆင့်မီတက္ကသိုလ်ဆိုတာ ပညာသင်ယူဖို့၊ ပညာဖလှယ်ဖို့၊ လေ့လာဖို့ နိုင်ငံတကာက ရောက်ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ စည်ကားသိုက်မြိုက်နေတဲ့ နေရာတစ်ခုပါ။ ဒီလိုစည်ကားသိုက်မြိုက်နေဖို့ဆိုရင် အဲဒီ တက္ကသိုလ်ဟာ ပညာရပ် ဝန်းကျင်ကောင်း၊ ရုပ် ဝန်းကျင် ကောင်းတစ်ခု ဖြစ်နေဖို့ လိုပါတယ်။ ရန်ကုန်တက္ကသိုလ် ဆိုတာ ကြီးမားတဲ့အစဉ်အလာကောင်းနဲ့ စခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်ကစလို့ ၁၉၆ဝ ပြည့်နှစ်ဝန်းကျင်ကာလလောက် အထိ ပညာရပ် ဝန်းကျင်ကောင်း၊ ရုပ် ဝန်းကျင်ကောင်း တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေ လေးစားအားကျရတဲ့နေရာ၊ လာရောက်ပညာဆည်းပူး ခဲ့တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။