Nov 29, 2020

အမိရန်ကုန်တက္ကသိုလ်ကြီး အသက်တစ်ရာပြည့်ချိန်တွင် ကျွန်တော်သည် အသက် ၈၀ ပြည့်ပြီး ဖြစ်နေပါသည်။ အမိတက္ကသိုလ်နှင့် ကျွန်တော်သည် အသက် ၂၀ မျှသာ ကွာသဖြင့် အတန်းပညာအစဉ်အတိုင်းတွက်လျှင် ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်ဘွဲ့ရရမည် ဖြစ်သည်။ သို့သော် ကျွန်တော်၏ ပညာရေးဘဝက ဤသို့ မဖြစ်ခဲ့ပါ။
Nov 29, 2020

တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလ အခါတော် နေ့ ဖြစ်သလို ဒီနေ့ဒီညမှာတော့ မြန်မာ့ရိုးရာပွဲတော်တွေ ထဲက အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြလေ့ရှိပါတယ်။ ဒါ့အပြင် ထိုနေ့ ထိုညအား ကျီးမနိုးပွဲ ည၊ ဆေးပေါင်းခတဲ့ည လို့လည်း ခေါ်ကြပြီး နိဗ္ဗာန်ဈေးခင်းခြင်း၊ ပံ့သကူပစ်ခြင်းနဲ့ ဆေးဖက်ဝင် ဆေးဝါးတွေကို ဖော်စပ်ခြင်း စတဲ့ မြန်မာ့ ရိုးရာ ချစ်စရာဓလေ့တွေလည်း များပြားစွာရှိတာ လေ့လာ ရပါတယ်။
Nov 29, 2020

စာရေးသူ ဆယ်တန်းအောင်တော့ ၁၉၇၁ ခုနှစ်ပေါ့။ ဇာတိက မိတ္ထီလာ၊ ဘာသာတွဲက ဝိဇ္ဇာ/သိပ္ပံဆိုတော့ အဲဒီအချိန်က တောင်ကြီးနှင့် မကွေး ဒီဂရီကောလိပ်တွေကို တစ်လှည့်စီ ကျောင်း တက်ရတယ်။ စာရေးသူတို့အောင်တဲ့နှစ်က မကွေးကောလိပ်ကို အလှည့်ကျခဲ့တယ်။ ဒီတော့လည်း အဓိပတိလမ်းက ခုံတန်းရှည်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်၊ ကံ့ကော်ပန်းတွေနှင့် လွမ်းစရာ့ ရန်ကုန်တက္ကသိုလ်အိပ်မက်ဟာ အဝေးမှာ ကျန်ခဲ့ပါတော့တယ်။
Nov 29, 2020

၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလတွင် နှစ်ပေါင်း (၁၀၀) ပြည့်တော့မည့် အမိရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းတွင် တက္ကသိုလ်စတင်ပေါ်ပေါက်ပြီး နှစ်ပေါင်း ၃၆ နှစ်ခန့်အကြာ တိုးတက်များပြားလာ သည့် ကျောင်းသားဦးရေ၊ အဆောင်နေလိုသူ ကျောင်းသား ကျောင်းသူဦးရေ အခြေအနေအရ လိုအပ်ချက်များရှိလာသည်။ သို့ဖြစ်၍ တက္ကသိုလ်ပထမနှစ် ကျောင်းသား ကျောင်းသူများအတွက် ပထမနှစ် သင်တန်းများကို ကြည့်မြင်တိုင်မြို့နယ် ထီးတန်းကောလိပ်နှင့် ရန်ကင်းမြို့နယ် ရန်ကင်းကောလိပ်တို့ကို တက္ကသိုလ်၏ ကိုယ်ပွားကောလိပ်များအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ စာသင်ခန်းများအဖြစ် အစိုးရအထက်တန်းကျောင်းများပုံစံ နှစ်ထပ်အုတ်ညှပ်အဆောက်အအုံဖြစ်ပြီး ကျောင်းသားများနေရန် သွပ်မိုး၊ ထရံကာ တန်းလျားများ ဖြစ်ကြပါသည်။
Nov 29, 2020

“မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာကြုံ x x x စာပေဂီတနဲ့သာ အနုပညာအစစမှာ လည်းစုံ x x x တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း x x x စုပေါင်းပါလို့ သီကျူးပုံ x x x တေးမင်္ဂလာ ဘဝင်မှာအေးလို့ x x x x x ငြိမ်းချမ်းကြစေကုန် x x x ”
Nov 28, 2020

“ကံ့ကော်ပွင့်ရာ xx ငုဝါပွင့်ရာ xx စိန်ပန်းပွင့်ရာ xx တက္ကသိုလ်ကျောင်းတော်မှာလေ”
Nov 28, 2020

တကသီလာဆိုတာ လေ့လာသင်ယူ စုဆောင်းကြံစည် တွေးတော၊ ကြံဆတီထွင်ဖြန့်ချိရတဲ့ နေရာပါ။ မျက်မှောက်ခေတ် အလိုအရတော့ သုတေသနရပ်ဝန်းတဲ့။ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင် နေတဲ့ ကျွန်မဟာ သုတေသနရပ်ဝန်းမှာ ဘာတာဝန်တွေထမ်းလို့၊ ဘာတွေများ တီထွင်ကြံဆ တိုးတက်ပြန့်ပွားအောင် လုပ်ခဲ့သလဲလို့ ဆင်ခြင်မိပါတယ်။ သိပံပညာရပ်တွေ လို ဓာတ်ခွဲခန်းရလဒ် တွေနဲ့ သက်သေမပြနိုင်တဲ့ ဝိဇ္ဇာ ဘာသာရပ်တွေက လူတွေရဲ့ လောကအမြင်၊ ဘဝအမြင်တွေ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲအောင် ဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲ၊ သက်သေပြမလဲလို့ မေးစရာ၊ တွေးစရာဖြစ်ပါတယ်။
Nov 28, 2020

ကိုယ်က ရွသား၊ အညာသားစစ်စစ် ရေမရောဘူး။ ဒါ့ကြောင့်လည်း တက္ကသိုလ်ဆိုတာ ကိုယ်နဲ့သိပ် အလှမ်းဝေးတာ။ ဒါပေမယ့် တက္ကသိုလ်ဆိုတဲ့ အသံကြားရင် ကြည်နူးနှစ်သိမ့်မှုနဲ့အတူ ရင်ခုန် မက်မောမိခဲ့တာကတော့ ဟိုးငယ်စဉ်ကတည်းက။ တိတိကျကျ ပြောရရင် မူလတန်းကျောင်းသား ဘဝကတည်းက။
Nov 28, 2020
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာများအတွက် လူနာစောင့်တစ်ဦးသာ လိုက်ပါ စောင့်ရှောက်ခွင့် ပြုထားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအဖွဲ့ က ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
Nov 27, 2020

မြန်မာပြည်မှာ ၁၈၇၈-၇၉ စာသင်နှစ်မှာ ရန်ကုန်အစိုးရဟိုက်စကူးတွင် ရန်ကုန်ကောလိပ်ကို စတင်တည်ထောင်တယ်။ ရန်ကုန်ကောလိပ်နဲ့အပြိုင် ဂျပ်ဆင်ကောလိပ်ကို ကူရှင်ကျောင်းမှာ ၁၈၉၄ ခုနှစ် မေလမှာ စတင်ဖွင့်လှစ်တယ်။ ရန်ကုန်ကောလိပ်ရော ဂျပ်ဆင်ကောလိပ်ပါ ကာလကတ္တားတက္ကသိုလ်လက်အောက်ခံဖြစ်တယ်။ ကာလကတ္တားတက္ကသိုလ်က ပေးတဲ့ဘွဲ့ယူရတယ်။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ ဘွဲ့နှင်းသဘင်ခန်းမရယ်လို့ မရှိသေးဘူး။