Skip to main content
Dec 14, 2020
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ဂုဏ်ပြုဆောင်းပါး “ထီးတန်းကောလိပ်ကို သတိရမိသည်” တွင် တက္ကသိုလ် အရန်တပ်ရင်းသို့ဝင်ပြီး စစ်ပညာသင်ကြားခဲ့သည့် အကြောင်း အကျဉ်းမျှဖော်ပြခဲ့ပါသည်။ ယူတီစီ (University Training Corps) ခေါ် တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ရောက်ရင်း နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရန် စိတ်ဝင်စားသူများ ပေါ်ထွန်းလာကြောင်း၊ တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်သူ အများအပြားရှိကြောင်း၊ ယူတီစီမှာ သန္ဓေတည်သည့် တိုင်းချစ်၊ ပြည်ချစ်စိတ်ဓာတ်ကြောင့် တက္ကသိုလ်ကျောင်းသားများ တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး တပ်မတော်အရာရှိ၊ ဗိုလ်ချုပ်ကြီးအဆင့်အထိပင် ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ပြည်ပကျူးကျော်မှုများ တွန်းလှန်ရေး၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး ကာလများတွင် နိုင်ငံနှင့် ပြည်သူအတွက် အသက်ပေး သွားရသည့် တက္ကသိုလ်ကျောင်းသားဟောင်း တပ်မတော်သားများလည်း ရှိပါသည်။ နိုင်ငံတော်အတွက် အသက်ပေးကျဆုံးသွားရသည့် သူငယ်ချင်းများထဲတွင် ဗျူဟာမှူးအဆင့်၊ တပ်ရင်းမှူးအဆင့် (ဗိုလ်မှူးကြီး သူရကျော်ကျော်ချို၊ ဒု-မှူးကြီးကြည်ဝင်း)နှင့် အရာရှိငယ် ဘဝဖြင့် ကျဆုံးသွားရသော ဗိုလ်တင်ဦးမောင်၊ ဗိုလ်တင်မောင်မြင့်၊ ဗိုလ်ဝင်းကြည်၊ ဗိုလ်ကျော်မြင့်၊ ဗိုလ်သိန်းအောင်စသည့် သူငယ်ချင်းများလည်း ရှိကြပါသည်။ ယူတီစီတွင် သန္ဓေတည်သည့် စိတ်ဓာတ်ဖြင့် စွန့်လွှတ်စွန့်စားခဲ့သည့် သူငယ်ချင်းများကို အလေးပြု ဂုဏ်ပြုအပ်ပါသည်။
Dec 14, 2020
ရန်ကုန်တက္ကသိုလ်တွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီး ဦးတင်ဦးလှိုင်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
Dec 14, 2020
ရာပြည့်တက္ကသိုလ်အကြောင်း စဉ်းစားလိုက်သည်နှင့် အတိတ်ပုံရိပ်တို့က တိုးဝှေ့၍ ဝင်လာခဲ့ပေပြီ။ တက္ကသိုလ်တက်ခဲ့စဉ်ကာလတစ်လျှောက် လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ ပညာဆည်းပူး ခွင့်ရခဲ့တာတွေ၊ သူငယ်ချင်းများနဲ့ စာအကြောင်းပေအကြောင်း ဆွေးနွေးခဲ့ကြ၊ ငြင်းခဲ့ကြ ခုန်ခဲ့ကြရတာတွေဟာလည်း မမေ့နိုင်စရာအတိတ်ပုံရိပ်တွေပေါ့လေ။ ဆရာကြီး ဆရာမကြီးတွေက စာအုပ်စာပေတွေများ ညွှန်းလိုက်ပြီဆိုရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆီကို အပြေးအလွှား ချီတက်ကြရစမြဲပင်။ ယနေ့ခေတ်လို အင်တာနက်က ရှာလို့ဖွေလို့ ရတဲ့ခေတ်လည်း မဟုတ်ခဲ့၊ ကိုယ်လိုချင်တဲ့စာကို မိတ္တူကူးဆိုင်မှာ လွယ်လွယ်သွားကူးလို့ရခဲ့တဲ့ အနေအထားမျိုးလည်း မဟုတ်တော့ စာရှာခြင်း၊ စာကူးခြင်းနဲ့ စာဆွေးနွေးကြခြင်းသည် ကျွန်မတို့အတွက်တော့ အသက်တမျှတန်ဖိုးထားရသော အတိတ်ပုံရိပ်များပင် မဟုတ်ပါလား။
Dec 14, 2020
မြို့မအမျိုးသားကျောင်းကြီး နှစ် ၁၀၀ သက်တမ်းသို့ ရောက်ရှိပေပြီ။ တသွင်သွင် စီးဆင်းနေသည့် ရေအလျဉ်တွင် ပဲ့ကိုင်ကောင်းမွန်ခဲ့သော မော်ကွန်းတင်မည့် လှေကြီးသည်ကား အကြောင်း အကျိုး၊ အကောင်းအဆိုးများကို တင်ဆောင်လျက် ရာပြည့်ဆိပ်ကမ်းဆီသို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဦးလည်မသုန် ကမ်းဆိုက်ကပ်ပေတော့မည်။
Dec 13, 2020
ရန်ကုန်တက္ကသိုလ်ကြီးသည် ခက်ခဲကြမ်းတမ်းသော မြန်မာနိုင်ငံ နိုင်ငံရေးခရီးကြမ်းအမျိုးမျိုးကို တစိုက် မတ်မတ် ဖြတ်သန်းရင်းဖြင့် တက္ကသိုလ် အသွင်သဏ္ဌာန် ကို တဖြည်းဖြည်းချင်း ရုပ်လုံးဖော်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ခေတ်ကာလအမျိုးမျိုးကို ကြိုးစားအားထုတ် ဖြတ်သန်းရင်းပင် နိုင်ငံ့လွတ်လပ်ရေးအတွက် စွန့်လွှတ် အနစ်နာခံတတ်သည့် အာဇာနည်များ၊ သူရဲကောင်းများ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံ အားထုတ်တတ်သည့် လူစွမ်းကောင်းများ၊ မြန်မာ့လူ့အဖွဲ့အစည်းသာမက ကမ္ဘာကပါ အသိအမှတ်ပြုရသည့် အတွေးအခေါ် အမြော်အမြင်ပြည့်ဝသည့် ခေါင်းဆောင်များစွာကို မွေးထုတ်ပေးနိုင်သည့် စွမ်းရည်လည်း ရှိခဲ့ပေသည်။ သည်နယ်မြေ၊ သည်ဝန်းကျင်တွင် ကျောင်းသားဘဝ၊ ဆရာဘဝတို့ဖြင့် ဆယ်စုနှစ် နှစ်စုနီးပါးကြာ ကျင်လည် ခဲ့ရသည့် စာရေးသူအနေဖြင့် ယခုကဲ့သို့ ရန်ကုန် တက္ကသိုလ်ကြီး၏ ရာပြည့်အမှတ်တရအချိန်တွင် တက္ကသိုလ်ကြီးနှင့်ပတ်သက်သည့် အကြောင်းအရာ တစ်စုံတစ်ခုကို ရေးသားချင်စိတ်၊ မျှဝေခံစားလိုစိတ် တကယ်ပင် ဖြစ်လာမိ၏။
Dec 13, 2020
အာကာတစ်ခွင်လုံး မှိုင်းပျရီမှောင်လျက်ရှိသည်။ ဒီဇင်ဘာဆောင်းက ပီပီပြင်ပြင် အေးမြလျက်။ နှင်းနုဖွဲဖွဲတို့ကလည်း ဆောင်း၏အလှကို ပါရမီဖြည့်လျက်။ မြောက်ပြန်လေနုအေးကလည်း လအစေ့ မှာ ပန်းပေါင်းစုံရနံ့တို့က မွှေးပျံ့ကြိုင်လှိုင်လျက်။ စိမ်းညိုအံ့မှိုင်းနေသော မြကျွန်းညိုညိုထက်က ကျေးငှက်သာရကာ လေးများကလည်း တစာစာနှင့် တေးသံကျူးရင့်လျက် ဆောင်း၏အလှ၊ ဆောင်း၏ သဘာဝသရုပ်ကို ဥဒါန်းကျူးလျက်နေပေသည်။ လောကဓာတ်တစ်ခုလုံးက လူတို့၏စိတ်ကို သိမ်းကျုံးယူငင် ဖမ်းစားနိုင်အားပေသည်။ သာယာလှပေစွ။ ထိုနေ့ကား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တနင်္လာနေ့ပင်ဖြစ်သည်။ ဤနေ့သည် ရန်ကုန်မြေနှင့် ရန်ကုန်တက္ကသိုလ်ကြီးကို ကျွန်တော် စတင်ခြေချဖူးသောနေ့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏သမိုင်းကို ငယ်စဉ်ကပင်ကြားခဲ့ဖူးသည်။ ဖတ်ခဲ့ဖူးသည်။ မှတ်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ တွေ့ဖူးချင်ခဲ့သည်။ မြင်ဖူးချင်ခဲ့သည်၊ တက်ဖူးချင်ခဲ့သည်။ ဤစိတ်ဆန္ဒအတိုင်း တွေ့ဖူး၊ မြင်ဖူး၊ တက်ဖူးခဲ့ရ၍ ပျော်သည်။ ၂၀၁၅ ခုနှစ်မှ ယခုတိုင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်နေရသည်ကို ကျေနပ်မိသည်။ ကျွန်တော် စတင်ရောက်ဖူးချိန်၌ ရန်ကုန်တက္ကသိုလ်ကြီး၏ အသက်မှာ ရှစ်ဆယ့်သုံးနှစ် ရှိလေပြီသည်။
Dec 13, 2020
လူဆိုသည်မှာ အကောင်းအဆိုး ကြုံတွေ့ရစမြဲပင်ဖြစ်သည်။ ကျွန်တော်သည်လည်း လူထဲက လူတစ်ယောက်ဖြစ်သောကြောင့် အကောင်းအဆိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အဆိုးများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီး အကောင်းများစွာကိုလည်း ပျော်ရွှင်ကြည်နူးဖွယ် ခံစားခဲ့ရသည်။ အကောင်းများစွာထဲ၌ ကျွန်တော့်အတွက် မေ့မရနိုင်သော၊ လွမ်းစရာကောင်းသော၊ အေးချမ်းသော ဘဝတစ်ခုမှာ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် ပညာဆည်းပူးခဲ့ရသော ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝပင် ဖြစ်သည်။
Dec 12, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဟာ ထူးခြားလှတဲ့ နှစ်၊ လ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ အမျိုးသားအောင်ပွဲရာပြည့်၊ အမျိုးသားကျောင်းရာပြည့် စတဲ့ နှစ်တစ်ရာပြည့် အမှတ်တရတွေနဲ့ တိုက်ဆိုင်နေတာကြောင့် စာပေ၊ ကဗျာ၊ ဂီတ၊ အငြိမ့်သဘင် အနုပညာတွေနဲ့ ရေးသားဖော်ပြ အောက်မေ့တသကြတာကို တဝကြီး တွေ့မြင်နေရပါတယ်။
Dec 11, 2020
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကူးစက်ရောဂါဆိုးကြီးဟာ နောက်ပိုင်း COVID-19 လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ်ရောက်ရှိခဲ့ပါတယ်။ ကပ်ရောဂါကြီးကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ များစွာဖြစ်ပေါ်ခဲ့သလို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးကိုလည်း ထင်မှတ် မထားတဲ့ အခြေအနေအထိ ကျဆင်းသွားစေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုအခြေအနေ ကလည်
Dec 09, 2020
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ အမျိုးသား အောင်ပွဲနေ့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားရေးစိတ်ဓာတ်မြင့်မားစွာဖြင့် ကိုလိုနီပညာရေးစနစ် တွန်းလှန်ဖယ်ရှားပြီး အမျိုးသားပညာရေးစနစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည့် နေ့ပင် ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့ ဆုံးရှုံးလက်လွှတ်ခဲ့ရသော လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်များ တဖွားဖွားပေါ်ပေါက်လာစေခဲ့သောနေ့ လည်း ဖြစ်သည်။