မကောင်းမြင်သော စဉ်းစားတွေးခေါ်မှုပုံစံများ
ယနေ့ခေတ် လူမှုဆက်ဆံရေးနှင့် လူမှု ကွန်ရက်နယ်ပယ်တွင် တစ်ဖက်နှင့် တစ်ဖက် အယူအဆ၊ အတွေးအခေါ် မတူညီပါက Negative Thinking, Negative Thought ဟူသော စကားလုံးကို ပိုမိုရေးသား၊ ပြောဆို အသုံးပြု လာကြပါသည်။
ထိုစကားလုံးများ၏အဓိပ္ပာယ်တွင် မည်သို့သော စဉ်းစားတွေးခေါ်မှုများနှင့် အတွေးများ ပါသနည်း၊ မည်သည့်စေ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသနည်း စသည်တို့ကို ကျွန်ုပ်တို့ ဂဃဏန သိရှိထားရန် လိုအပ်ပါသည်။ ပထမ ဦးစွာ ကျွန်ုပ်တို့သည် Negative, Thinking နှင့် Thought တို့၏ အဓိပ္ပာယ်တို့ကို သိရှိနားလည်ပြီးမှသာ ကျွန်ုပ်တို့၏ စိတ်၊ ဆန္ဒများ၊ ခံစားမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တို့၏ ဆက်သွယ်တုံ့ပြန်မှုများနှင့် ပတ်သက်ပြီး Negative Thinking စကားလုံးကို သိပ္ပံပညာရှင်များက အဘယ်ကြောင့် တွဲဖက်အသုံးပြုခဲ့သနည်း။ Negative Thinking ကြောင့် လူ၏ မျိုးဗီဇတိုတောင်းမှုနှင့် မည်သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပုံကို ၎င်းတို့ပြုလုပ်ခဲ့သော သုတေသနရလဒ်များမှ ကောက်နုတ်ဆွေးနွေးဖော်ပြ ထားခြင်း ဖြစ်ပါသည်။
Negative ၏ sadypus New Oxford American နှင့် thefreedictionary.com အဘိဓာန်၌ ဖော်ပြထားသည်မှာ -
(က) (ဖော်ပြချက် သို့မဟုတ်ဆုံးဖြတ်ချက် တစ်ခုတွင်) ဆန့်ကျင်ဘက် ငြင်းဆန်ခြင်း ငြင်းပယ်ခြင်း သဘောတစ်ခုခု သွယ်ဝိုက်ပါဝင်ခြင်း သို့မဟုတ် ဖော်ပြခြင်း
(ခ) (လူတစ်ဦး၊ သဘောထားအမြင် သို့မဟုတ်အခြေအနေတစ်ခုတွင် နှစ်လိုဖွယ် မကောင်းသော သဘောထား ကွဲလွဲသော၊ အကောင်းမြင် ခြင်းမဟုတ်သော (မကောင်း မြင်သော)၊ အပြုသဘော မဆောင်သော (အပျက် သဘောဆောင်သော)၊အဆိုး မြင်သော၊ ထိခိုက်နစ်နာစေသော အန္တရာယ်ဖြစ်စေသော၊ ရန်လိုသော သို့မဟုတ် ချိုးနှိမ်ပြောဆိုသော၊
(ဂ) (စမ်းသပ်မှုတစ်ခုတွင်) တိကျသည့် အခြေအမြစ်မရှိသော၊ အနုတ်လက္ခဏာ သဘောဟု အဓိပ္ပာယ်ရပါသည်။
စဉ်းစားတွေးခေါ်ခြင်း
Matthew Allen ရေးသားသည့် "Smart Thinking" စာအုပ်၌ “စဉ်းစား တွေးခေါ်ခြင်း” (Thinking) ဟု ခေါ်ဆိုသော ဝေါဟာရနှင့် ဆက်စပ်သော စကားလုံးများစွာ ရှိပါသည်။ ကျွန်ုပ် တို့သည် ပြဿနာအကြောင်း စဉ်းစားတွေးခေါ်ရန်၊ နက်နက်နဲနဲ ခွဲခြမ်းစိတ်ဖြာလေ့လာရန်၊ တွေးခေါ်မြော်မြင်ခြင်းကို အသုံးပြုရန် သို့မဟုတ်ဆင်ခြင်တုံတရားဖြင့် စဉ်းစားချင့်ချိန်ပြီးမှ ဆောင်ရွက်ရန် မကြာခဏပြောလေ့ရှိကြသည်။ တစ်ခါတစ်ရံ (နာမည်ကြီး Star Trek သိပ္ပံရုပ်သံ ဇာတ်လမ်းတွဲ ဇာတ်ကောင် Mr Spock ကို ရည်ညွှန်းပြီး) ကျွန်ုပ်တို့သည် ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားရန် ယုတ္တိရှိရန် ပြောဆိုကြပြီး အောင်မြင် ချင်လျှင် ဆန်းစစ်ဝေဖန်တတ်စွာ စဉ်းစား ရမည် (Think Critically)ဟု မကြာခဏ ပြောဆိုကြပါသည်။
စဉ်းစားတွေးခေါ်ခြင်းသည် တစ်စုံတစ်ခုကိုရှာဖွေခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အချက်အလက် များ စုစည်းဆက်သွယ်ခြင်း တို့ကို ပေါင်းစပ်ထားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဥပမာ - "သင် ဘာအကြောင်းအရာကို" ဖတ်မည်။ ရေးသားမည်ဟု ဆုံးဖြတ်ချက်ချသော အခါများ တွင်ပင် သင်၏စဉ်းစားတွေးခေါ်မှုမှ စတင်ရပါမည်။ (အထက်ပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ Negative ကို ဆန့်ကျင်ဘက်နှင့် မကောင်းမြင်ခြင်း သဘောတွင်လည်းကောင်း၊ Thinking ကို သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာ၊ စဉ်းစားချင့်ချိန်၊ တွေးခေါ်မြော်မြင်မှုသဘောတွင် လည်းကောင်း အသုံးပြုထားသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။)
အတွေး
Laboratory of Neuro Imaging (LONI) ၏ လေ့လာမှုအရ အတွေး (Thought) a ovples oma roupos ဘယ်လို ဖန်တီးထားသလဲဆိုတာနှင့် ပတ်သက်ပြီးယေဘုယျ လက်ခံထားသော အဓိပ္ပာယ်မရှိပါ။ ၎င်းတို့၏လေ့လာမှုတွင် အတွေးတစ်ခုသည် စဉ်းစားတွေးခေါ်မှု ပြုခြင်းမှ ထွက်ပေါ်လာသော ပြတ်တောင်းပြတ်တောင်း ဖြစ်ပေါ်သည့် တစ်ခုတည်းသော စိတ်ကူးဆိုင်ရာ အသိဉာဏ် အယူအဆတစ်ခုဖြစ်သည် (သို့မဟုတ်) အလိုအလျောက် ဖြစ်ပေါ်သော စနစ်များ အဆင့် သိမြင်မှုဆိုင်ရာ ဦးနှောက် လှုံ့ဆော်မှုများက ထုတ်လုပ်သည်ဟု ကျွန်ုပ်တို့ ယူဆထားပါတယ်။ (၎င်းယူဆချက်သည် ဦးနှောက်နှင့် အတွေးဆက်စပ်မှုပင် ဖြစ်ပါသည်။)
ဤအဓိပ္ပာယ်ကို အသုံးပြု၍ အတွေးတစ်ခုသည် သင်၏စိတ်ကူးယဉ် ပုံရိပ်ဖော်နည်း အသစ်နှင့် သင်ဖမ်းယူ နိုင်သောအရာ ဖြစ်သည်။
"အတွေးတစ်ခု(သို့မဟုတ်) အသိဉာဏ် လုပ်ဆောင်မှု(Cognitive Function) တစ်ခုသည် များသောအားဖြင့် စက္ကန့် (၃၀) သို့မဟုတ် တစ်မိနစ်ကြာပါတယ်။ ဒါက ကျွန်ုပ်တို့ ဖမ်းယူ နိုင်မည်ဟုမျှော်လင့်ထားသော အကွာအဝေး ဖြစ်ပါတယ်" ဟု Kay Tye(Massachusetts Institute of Technology(MIT)ရှိ ဦးနှောက်နှင့် အသိဉာဏ်ဆိုင်ရာ သိပ္ပံဌာနမှ လက်ထောက် (ပါမောက္ခ၊ လေ့လာသင်ယူမှုနှင့် မှတ်ဉာဏ်ဆိုင်ရာ Picower Institute မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ကျွန်ုပ်တို့အားလုံးတွင် အတွေးများရှိပြီး အတွေးတစ်ခု တွေးသည့်အခါ အားလုံးကို မှတ်မိ နိုင်ပါသည်။ ထိုအတွေးတို့မှာ စိတ်ဝင်စားသော အတွေးများ၊ ပျင်းရိဖွယ်ကောင်းသော အတွေး များ၊ တစ်ပိုင်းတစ်စ အတွေးများ၊ ရှုပ်ထွေး စေသော အတွေးများတို့ ဖြစ်ပါသည်။
အတွေးများကို ရေတွက်ခြင်း
သာမန်လူတစ်ဦးသည် တစ်နေ့လျှင် အတွေးမည်မျှ တွေးခဲ့သနည်း။ ကျွမ်းကျင်သူများက ခန့်မှန်း သည်မှာ သာမန်လူ တစ်ယောက်သည် တစ်နေ့လျှင် အတွေးပေါင်း ခြောက်သောင်းမှ ရှစ်သောင်း အကြားရှိသည်ဟု ခန့်မှန်းပြီး ယင်းခန့်မှန်းချက်မှာ တစ်နာရီလျှင် ပျမ်းမျှ အတွေးပေါင်း ၂၅၀၀ မှ ၃၃၀၀ ရှိသည်ဟု ဆိုနိုင်ပါသည်။ အချို့ ကျွမ်းကျင်သူများကလည်း တစ်ရက်လျှင် အတွေး ပေါင်း ငါးသောင်း အနည်းဆုံးတွေးသည်ဟု ခန့်မှန်းပြီး ၎င်းသည် တစ်နာရီလျှင် အတွေးပေါင်း ၂၁၀၀ ခန့် ရှိသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ထိုအရာများသည် မိမိတို့သတိမထားမိသော အံ့ဩ ဖွယ်ရာများပင် ဖြစ်ပါသည်။
ထို့အပြင် ၂၀၀၅ ခုနှစ်တွင် အမေရိကန်အစိုးရ၏ လွတ်လပ်သော အေဂျင်စီတစ်ခုဖြစ်သော အမျိုးသား သိပ္ပံဖောင်ဒေးရှင်း (National Science Foundation - NSF) က လူသားတစ်ဦး၏ တစ်နေ့တာ အတွေးများနှင့်ပတ်သက်သော သုတေသနနှင့် စပ်လျဉ်းသည့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေခဲ့ပါသည်။ ၎င်းဆောင်းပါးတွင်လည်း သာမန်လူ တစ်ယောက်တွင် တစ်နေ့လျှင် အတွေး ပေါင်း ၁၂၀၀၀ မှ ၆၀၀၀၀ ခန့် ရှိသည်ဟု ဖော်ပြခဲ့သည်။ (၎င်းအဓိပ္ပာယ်မှာ လူတစ်ဦးသည် အနည်းဆုံး ၁၂၀၀၀ ခန့် တွေးပြီး နက်နက်ရှိုင်းရှိုင်း တွေးခေါ်သူ သည်၆၀၀၀၀ ခန့် တွေးသည့်သဘောဖြစ် ပါသည်။)
၂၀၀၉ ခုနှစ်တွင် ဆေးသိပ္ပံဆိုင်ရာ နိုဘယ်လ်ဆုကို ပူးတွဲချီးမြှင့်ခံရသော မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင် Elizabeth H. Blackburn နှင့် စိတ်ကျန်းမာရေးပညာရှင် Dr. Elissa Epel တို့ နှစ်ဦးအား CBS News သတင်းဌာနမှ တွေ့ဆုံမေးမြန်း ခန်းတွင်လည်း Elizabeth Blackburn မှ ကျွန်ုပ်တို့၏ စိတ်သည် တစ်နေ့လျှင် အတွေးပေါင်း ၆၅,၀၀၀ ခန့် တွေးကြသည်ဟုပြောဆို ခဲ့ပါသည်။
ထိုအတွေးများအနက် ၈၀ ရာခိုင်နှုန်းသည် ဆန့်ကျင်ဘက်သဘောဆောင်သော (မကောင်းမြင် သော) အတွေးများဖြစ်ပြီး ၎င်းတို့ အနက်၉၅ ရာခိုင်နှုန်းသည် မနေ့ကတွေးခဲ့သော တူညီသည့် အကြောင်းအရာ များကို ထပ်ကာထပ်ကာ တွေးသောအတွေးများ ဖြစ်ပါသည်။ ၈၀ ရာခိုင်နှုန်း ခန့်သည် ဆန့်ကျင်ဘက် သဘောဆောင်သော အတွေးများ ဖြစ်ပါသည်။ (ဥပမာ“ငါဒီနေ့ လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူး။ ငါ့ရဲ့ ရည်မှန်းချက်ကို မရောက်ရှိဘူး။ ငါအလုပ် ထုတ်ခံရလိမ့်မယ်။ ငါ့သူငယ်ချင်းတွေက ငါ့ကိုအရှုံးသမားလို့ ထင်ကြတယ်” စသည်တို့ ဖြစ်ပါသည်။)
စိတ်-ခန္ဓာ-ဝိညာဉ် ဆက်သွယ်မှု
ဤလေ့လာမှုများက ကျွန်ုပ်တို့၏ တည်ရှိနေမှု အဆင့်အတန်းသည် ကျွန်ုပ်တို့၏ အတွင်းနှင့် အပြင် ဆက်သွယ်ရေး၏ အဆင့်အတန်း အပေါ် တည်မှီနေသည်ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏တွေးတောပုံ၊ ခံစားပုံနှင့် ပြုမူပုံနည်းလမ်းများကို ခန္ဓာကိုယ်က မည်ကဲ့သို့တုံ့ပြန် သလဲဆိုသည့်အချက်ကို ၎င်းကဖော်ပြလိုက်ခြင်းဖြစ်သည်။ ၎င်းကို စိတ်-ခန္ဓာ-ဝိညာဉ် ဆက်သွယ်မှု (Mind Body-Spirit connection) uş olm ခဏ ခေါ်ဆိုပါသည်။ ကျွန်ုပ်တို့သည် အပြစ်ရှိခြင်းနှင့် ရှက်စိတ်တို့ ဖြစ်ပေါ်ခြင်း (သို့မဟုတ်) စိတ်ဖိစီးမှုနှင့် စိုးရိမ် ပူပန်မှုတို့ကို ခံစားရသောအခါ တစ်စုံတစ်ခုသည် လွဲမှားနေကြောင်းကို ခန္ဓာကိုယ်မှကျွန်ုပ်တို့ကို အချက်ပေးလေ့ ရှိကြပါသည်။ ဥပမာ- စိတ်ဖိစီးမှုဖြစ်ရပ် တစ်ခု ဖြစ်ပြီးနောက် သွေးတိုးခြင်း (သို့မဟုတ်) အစာအိမ်နာဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။
ကျွန်ုပ်တို့အတွေးများ၏၈၀ ရာခိုင်နှုန်းသည် မကောင်းမြင်သည့် အတွေးများဖြစ်ပြီး ၎င်းတို့ အနက် ၉၅ ရာခိုင်နှုန်းသည် ထပ်ကာထပ်ကာ ဖြစ်နေလျှင် ကျွန်ုပ်တို့တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေပြီဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူသားခန္ဓာကိုယ်တွင် နေထိုင်နေသော စိတ်ပိုင်း ဆိုင်ရာ သတ္တဝါများဖြစ်သည်ကို ကျွန်ုပ်တို့နားလည်ရပါမည်။ ပြင်သစ်တွေးခေါ်ပညာရှင်က “ကျွန်ုပ်တို့သည် စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသော လူသားသတ္တဝါများ မဟုတ်ဘဲ လူသား အတွေ့အကြုံရှိသော စိတ်ပိုင်းဆိုင်ရာ သတ္တဝါများဖြစ်သည်”ဟုပြောဆိုခဲ့သည်။ ဤရှုထောင့်မှ ကျွန်ုပ်တို့၏ စိတ်၊ ဆန္ဒ၊ စိတ်ခံစားမှုများနှင့် ရုပ်ခန္ဓာကိုယ် ကို ကူးစက်စေသော ပျံ့နှံ့လျက်ရှိသည့် ပြဿနာတစ်ခုအနေဖြင့် ဤစိတ်ပိုင်းဆိုင်ရာပြဿနာကို ခွဲခြားသတ်မှတ် ရပါမည်။
အထက်တွင် ဖော်ပြခဲ့ပြီးသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သိပ္ပံနည်းကျ တွေ့ရှိချက်များအရ Negative Thinking ဟု ခေါ်ဆိုသုံးနှုန်းပါက စိတ်ပိုင်းဆိုင်ရာ ပြဿနာများ တစ်ခုခု ဖြစ်ပေါ် နေပြီး အထူးသဖြင့် ဆန့်ကျင်ဘက် သဘောထားဖြစ်သော (သဘောမတူသော)၊ အကောင်းမြင်ခြင်း မဟုတ်သော သို့မဟုတ်အပြုသဘောမဆောင် (မကောင်းမြင်သော) စဉ်းစား တွေးခေါ်ခြင်းစသည့် အဓိပ္ပာယ် တစ်မျိုးမျိုးဖြစ်သည်ကို တွေ့ရှိရပါမည်။
မကောင်းမြင်သော စဉ်းစားတွေးခေါ်မှု ပုံစံများ
အချို့သော အတွေးပုံစံများသည် လူသားများ၏မျိုးဗီဇများ (Telomeres) ကျန်းမာရေးကို ထိခိုက်စေပြီး ထိုအတွေး ပုံစံများတွင်
(က) ရန်လိုစိတ် (Hostility) နှင့် အဆိုးမြင်ဝါဒ (Pessimism) စသည့် အသွင်အပြင် စရိုက်လက္ခဏာများ ပါရှိသော မကောင်းမြင်သော စဉ်းစား တွေးတောခြင်း (Negative Thinking)
(ခ) စိတ်ပျံ့လွင့်ခြင်း (Mind Wandering)
(ဂ) ထပ်ကာထပ်ကာ ပြန်ပြောင်းတွေးတောခြင်း (Rumination)နှင့်
(ဃ) မလိုအပ်သည့် အတွေးများနှင့် ခံစားမှုများကို ကန့်သတ် ချုပ်တည်းခြင်း (Thought Suppression) တို့ပါဝင်ပါသည်။
ဤအတွေး ပုံစံများသည် ကံအကြောင်းမလှစွာ အလိုအလျောက်ရှိနေပြီး ကျွန်ုပ်တို့၏ အလိုအလျောက် တုံ့ပြန်မှု စိတ်-ခန္ဓာ-ဝိညာဉ်ဆက်သွယ်မှုကို ပြောင်းလဲရန် ခက်ခဲပါသည်။ ကျွန်ုပ်တို့ထဲမှ အချို့သည် ထပ်ကာ ထပ်ကာ ပြန်ပြောင်းတွေးတောသူများ (သို့မဟုတ်) အဆိုးမြင်သူများ မွေးဖွားလာပါသည်။ အချို့သည် အရာရာတိုင်းကို သံသယပွားနေသူများ (သို့မဟုတ်) အဆိုးမြင်သူများ မွေးဖွားလာပါသည်။ ကျွန်ုပ်တို့ စကားပြောဖို့ အရွယ်ရောက် လာကတည်းကအချို့သောသူများသည် လက်တွေ့ကျကျဖြင့် ကျွန်ုပ်တို့၏ ပြဿနာများ အကြောင်းကို ထပ်ကာ ထပ်ကာ စားမြုံ့ပြန် တွေးတောနေခဲ့ ကြပါသည်။ သို့သော် ကျွန်ုပ် တို့အား ထိခိုက်နာကျင်စေသော ထိုအလိုအလျောက် ဖြစ်ပေါ်လာသည့် စိတ်ကို မည်သို့ ထိန်းသိမ်းရမည်ကို ကျွန်ုပ် တို့သည် လေ့လာသင်ယူနိုင်ပါသည်။
၁။ မကောင်းမြင်သောစဉ်းစားတွေးတောခြင်း
မကောင်းမြင်သည့် အတွေးများ (Negative Thinking) သည် ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှု၊ အမျက်ဒေါသနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်း ကဲ့သို့သော မကောင်းမြင်သည့် ခံစားချက်များနှင့် ဆက်စပ် နေပါသည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ မကောင်းမြင်သည့် အတွေးများကို သတိမပြုမိပါ။ ၎င်းအတွေးတို့သည် အလိုအလျောက် ပေါ်ပေါက်လာပြီး ကျိုးကြောင်း ဆီလျော်ကာ ယုံကြည်လက်ခံနိုင်ပုံရပါသည်။
၎င်းအတွေးများသည် အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲ (ယုတ္တိမရှိဘဲ) နှင့် လက်တွေ့ မကျတာတောင်မှ ကျွန်ုပ်တို့သည် ဆိုးရွားစွာ ပိုမိုခံစားရ လေလေ၊ မကောင်းမြင်စွာ ပိုမိုစဉ်းစား လေလေဖြစ်ပြီး ဤအတွေးများကို အမှန်ဟု ယုံကြည်မှု ပိုမိုလာပါသည်။
ကျွန်ုပ်တို့အားလုံးသည် မကောင်းမြင်သည့် အတွေးများကို တစ်ချိန်ချိန်တွင် တွေ့ကြုံခံစားရ သည်။ သို့သော် ကျွန်ုပ်တို့သည် စိတ်ဖိစီးမှု၊ စိုးရိမ်သောကရောက်မှု၊ စိတ်ဆိုးမာန်ဆိုး ဖြစ်မှု (သို့မဟုတ်) ဝမ်းနည်းငယ်မှု စိတ်ဓာတ်ကျမှုတို့ကို ခံစားရသည့် အချိန်တိုင်း မကောင်းမြင်သည့် အတွေး များသည် ပိုမိုပျံ့နှံ့ပြီး အစွန်းရောက်သွားပါသည်။ Negative Thinking တွင် ရန်လိုစိတ် နှင့် အဆိုးမြင်ဝါဒစသည့် စရိုက်လက္ခဏာ နှစ်ခုပါဝင်ပါသည်။
(က) အဆိုးမြင်သော ရန်လိုမုန်းတီးမှု အဆိုးမြင်သော သံသယရှိသော ရန်လိုမှု (Cynical Hostility) သည် ရန်လို မုန်းတီးမှု (Hostility) ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်ဆိုး ဒေါသကြီးလွယ်သည့် စိတ်ခံစားမှုပုံစံနှင့် အခြားသူများအပေါ် မကြာခဏဖြစ်ပေါ်သည့် သံသယ အတွေးများဟု သတ်မှတ်ထားပါသည်။
ရန်လိုစိတ်ရှိသော လူတစ်ယောက်က “ကုန်စုံဆိုင်တွင် ရှည်လျားစွာ တန်းစီ ရပ်နေရတာကို ငါမုန်းတယ်” ဟု မတွေးရုံပါဘဲ။ ရန်လိုစိတ်ရှိသော လူတစ်ယောက်က “အခြားဈေးဝယ်သူ တစ်ဦးသည် တမင်သက်သက် အမြန်လိုပြီး မျဉ်းလိုင်းတွင်မှန်မှန်ကန်ကန် တန်းစီရပ်နေသော ငါ့ကိုကျော်သည်” ဟု တွေးပါတယ်။ ထိုအခါ သူ၏ရှေ့တွင်ရပ်နေသော သံသယဖြစ်ဖွယ် လူတစ်ဦးကို ဒေါသအမျက် ထွက်မည် (သို့မဟုတ်) ဒေါကန်သော မျက်နှာအမူ အရာပြမည် (သို့မဟုတ်) မှတ်ချက်ပြုပြောဆိုမည်။ အဆိုးမြင်သော ရန်လိုစိတ်ကို တိုင်းတာရာတွင် ရမှတ်များ သော သူများသည် အစာစားခြင်း၊ သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကို ပိုမို ပြုလုပ်ပြီး မကြာခဏ မလှုပ်မယှက် ကိုင်တွယ်ဖြေရှင်းကြပါသည်။ ၎င်းတို့ သည် နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ ဇီဝကမ္မဖြစ်စဉ်ရောဂါများ ပိုမိုဖြစ်ပွားလေ့ရှိပြီး ငယ်ရွယ်သော အသက်အရွယ်တွင် မကြာခဏ သေဆုံးလေ့ရှိပါသည်။
Cynical Hostility သည် လူမှုဆက်ဆံရေးတွင် သံသယရှိမှုနှင့် ဒေါသဖြင့် မှားယွင်းစွာ စီမံမှု၏ ပင်ကိုစရိုက်ပုံစံတစ်မျိုးဖြစ်ပြီး၊ တစ်ခါတစ်ရံ ၎င်းကို အမျက်ဒေါသကြီးသည့် အကျင့် (Chronic Anger) ဟု ခေါ်ဆိုပါသည်။
မကြာသေးမီက လေ့လာမှုတစ်ခုတွင် ပြင်သစ်နှင့် University College London မှ သုတေသီ များက ဗြိတိသျှအစိုးရ ဝန်ထမ်း ၃၃၉၉ ဦး၏ ရေရှည်လေ့လာမှုမှ အချက်အလက်များကို ကြည့်ရှု ခဲ့ကြသည်။ အဆိုးမြင်သော ရန်လိုစိတ် အဆင့် ပမာဏ မြင့်မားသူထိပ်ပိုင်း ၂၅ ရာခိုင်နှုန်းတွင် ပါဝင်သူများသည် နောင်အနှစ် ၂၀ အကြာတွင် စိတ်ဓာတ်ကျရောဂါ ဖြစ်လာ နိုင်ခြေ လေးဆခွဲ ကျော်ခန့်ရှိသည်ကို တွေ့ရှိခဲ့ကြပါသည်။
(ခ) အဆိုးမြင်ဝါဒဦးနှောက်၏အဓိကလုပ်ဆောင်မှုများ အနက်တစ်ခုမှာ အနာဂတ်ကို ခန့်မှန်းရန် ဖြစ်ပါသည်။ ဦးနှောက်သည် ပတ်ဝန်းကျင်ကို အဆက်မပြတ် ဖြန့်ကြက်ကြည့်ရှုနေပြီး အတိတ် က အတွေ့အကြုံနှင့် နှိုင်းယှဉ်ကာ သင့်၏ ဘေးကင်းလုံခြုံရေး အတွက်ဖြစ်အံ့ဆဲဆဲ ခြိမ်းခြောက် မှုများကို ရှာဖွေနေပါသည်။ အချို့သော လူများတွင် အန္တရာယ်ကို ရိပ်စားမိသော ပိုမိုမြန်သည့် ဦးနှောက် ရှိပါသည်။ မရေရာသော (သို့မဟုတ်) ကြားနေ အခြေအနေများတောင်မှ ထိုသူများ သည် “ဒီနေရာတွင် မကောင်းသည့်အရာတစ်ခု ဖြစ်ပျက်လိမ့်မယ်” ဟု တွေးလေ့ရှိသည်။ ဤ လူများသည် အဆိုးရွားဆုံး စိတ်မှန်း ဖြစ်နိုင်ခြေ (Worst-Case Scenario) အတွက် အရင်ဆုံး ကြိုတင်ပြင်ဆင် ထားပြီး ရလဒ်ဆိုး (Bad Outcome) အတွက် အရင်ဆုံး ကြိုတင်မျှော်လင့် ထားကြပါသည်။ တစ်နည်းအားဖြင့် သူတို့သည် အဆိုးမြင်သူများဖြစ်ကြပါသည်။
အဓိပ္ပာယ် သတ်မှတ်ချက်အရ အဆိုးမြင်သူများသည် စိတ်ဖိစီးမှု အခြေအနေများကြောင့် ပိုမိုခြိမ်းခြောက်ခြင်းကို ခံစားရပါသည်။ သူတို့က ကောင်းကောင်း မလုပ်နိုင်ဘူး၊ ပြဿနာကို မထိန်းနိုင်ဘူး၊ ပြဿနာက ဆက်ကျန်နေလိမ့်မည်ဟု သူတို့က ပိုမို စဉ်းစားနိုင်ခြေ များပါသည်။ သူတို့သည် စိန်ခေါ်မှုတစ်ခုနှင့် ပတ်သက်ပြီး စိတ်အားထက်သန်လေ့မရှိကြပါ။ အချို့လူများသည် အဆိုးမြင်သမားများ မွေးဖွားလာသော်လည်း၊ အချို့သော အဆိုးမြင်မှုများမှာ ကလေးဘဝက ချို့တဲ့မှု၊ အကြမ်းဖက်မှု (သို့မဟုတ်) စိတ်ဖိစီးမှုများသော ပတ်ဝန်းကျင် အခြေအနေတို့၏ လောင်းရိပ်တို့ သွန်းလောင်းခံရခြင်း ဖြစ်ပါသည်။ ဤအခြေအနေများတွင် အဆိုးမြင်ဝါဒကို သင့်တင့်သော လိုက်လျောညီထွေဖြစ်အောင်နေထိုင်ခြင်း၊ ထပ်ကာတလဲလဲ စိတ်ပျက်ခြင်းကြောင့် ဖြစ်ပေါ်လာ သည့် နာကျင်မှုကို ကာကွယ်ပေးမှုအနေဖြင့် မြင်တွေ့နိုင်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
သန်းဇော်