Feb 14, 2024
အခြေအနေနဲ့ အချိန်အခါအရတော့ သင့်တော်မယ်ထင်ပါတယ်။ ငြိမ်းချမ်းတယ်ဆိုတာမရှိတဲ့ အနိဋ္ဌာရုံတွေနဲ့ ကမ္ဘာကြီးထဲ ရောက်နေတာဖြစ်တဲ့အတွက်... တစ်နေရာကတစ်နေရာ စစ်ခင်းရတာ လွယ်နေတဲ့ခေတ်ကြီး၊ ဘယ်နေရာကြည့်ကြည့် နေရာလုပွဲချည်း၊ အကျိုးစီးပွား အပြိုင်အဆိုင်ခေတ်ကြီး၊ ကိုယ်ဦးကိုယ်ချ၊ သူဦးသူချ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးပါမချန် အင်အားနည်းသူကို ဖျက်ဆီးဖို့ဝန်မလေး၊ ချနင်းခံရတဲ့ခေတ်ကြီးမှာ အင်အားကသာ အခရာဖြစ်နေတာ မဆန်းပါ။ ဒါကြောင့် အင်အားကိုတည်ဆောက်ရလိမ့်မယ်။
Feb 14, 2024
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့လေ။
သူများမောင်မှာ
စစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြတယ်။
နှမလေးမယ်တို့မောင်မှာ
စစ်သံကြားလျှင် ရွှေဓားပိုက်ကာ
အိုးစားဖက်ကို လိုက်လို့ရှာသည်
ရိက္ခာကနည်း မိုးကသည်းနှင့်
သင်းတွဲကိုကူးပါလိမ့်မလားတော်။
Feb 14, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Feb 14, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Feb 13, 2024
ပညာရေးဝန်ကြီးဌာနရဲ့ (၂၃) ကြိမ်မြောက် သုတေသနညီလာခံကို ဝါရင့်ပညာရှင် မျိုးဆက်သုံးဆက်မက ပါဝင်ကြပြီး ပြည်တွင်းသုတေသီတွေရဲ့ စွမ်းပကားနဲ့ မိမိတိုင်းပြည်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အမျိုးသားအဆင့် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို ပညာရေးဝန်ကြီးဌာနရဲ့ ကမကထဦးစီးဦးရွက်မှုနဲ့ Naypyitaw State Academy မှာ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ပါတယ်။
Feb 13, 2024
ပင်စင်ယူထားတာ မကြာသေးတဲ့ အသိတစ်ယောက်ဆီကို ပြီးခဲ့တဲ့ ရက်က ရောက်သွားတယ်။ မိမိရောက်သွားတော့ သူကဖုန်းပြောလက်စ။ “အေး… ငါစာရင်းသွားပေးမလို့…အဲဒါဘယ်မှာပေးရမလဲလို့ မင်းဆီလှမ်းမေးတာ..ဒါပဲနော်..” ဆိုပြီး ဖုန်းချလိုက်တယ်။ ကျွန်တော့်ကို ကြည့်ပြီး “အေး.. မင်းရောက်လာလို့ နို့မို့ဆို ငါသွားတော့မလို့ အထုပ်ပြင်ပြီးပြီ၊ အခုတောင် ဘယ်မှာ သတင်းပို့ရမလဲလို့မေးနေတာ” ဟု နောက်သလိုနဲ့ပြောတော့ ကျွန်တော်က“ဘာလဲ”လို့ ပြန်မေးလိုက်တယ်။
Feb 13, 2024
ယဉ်ကျေးမှုစတင်သည့် အချိန်မှစ၍ လူသားတို့သည့် သစ်တောသယံဇာတများကို အသုံးချခဲ့ကြပြီး လူဦးရေနည်းပါးစဉ်ဖြစ်၍ သစ်တောထွက်ပစ္စည်းများကို လေနှင့်ရေတို့ကဲ့သို့ သုံးမကုန်နိုင်သော သဘာဝပစ္စည်းများဟု မှတ်ယူသုံးစွဲခဲ့ကြပေမည်။ သို့ရာတွင် ယဉ်ကျေးမှုအဆင့်အတန်း တဖြည်းဖြည်း မြင့်မားလာသည့်နည်းတူ လူဦးရေမှာလည်း တိုးပွားလာသည်ဖြစ်ရာ သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲလိုမှုသည်လည်း မြင့်တက်လာခဲ့ပေသည်။ ထို့ကြောင့်ပင် သဘာဝသစ်တောကြီးများ တဖြည်းဖြည်းပျက်စီးပြုန်းတီးလာခဲ့ရာမှ လူသားတို့အတွက် အဓိက စားဝတ်နေရေးကို အထောက်အပံ့ အကာအကွယ်ပြုနေသည့် သစ်တောသယံဇာတများ ရှားပါးလာခြင်းနှင့်အတူ ရာသီဥတုဖောက်ပြန်ယိုယွင်းမှုများသည် လက်ရှိလူသားတို့အား ခြိမ်းခြောက်လာခဲ့ပေသည်။
Feb 13, 2024
အခြေအနေနဲ့ အချိန်အခါအရတော့ သင့်တော်မယ်ထင်ပါတယ်။ ငြိမ်းချမ်းတယ်ဆိုတာမရှိတဲ့ အနိဋ္ဌာရုံများနဲ့ ကမ္ဘာကြီးထဲရောက်နေတာဖြစ်တဲ့အတွက် တစ်နေရာကတစ်နေရာ စစ်ခင်းရတာ လွယ်နေတဲ့ခေတ်ကြီး၊ ဘယ်နေရာကြည့်ကြည့် နေရာလုပွဲချည်း၊ အကျိုးစီးပွား အပြိုင်အဆိုင်ခေတ်ကြီး၊ ကိုယ်ဦးကိုယ်ချ၊ သူဦးသူချ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးပါမချန် အင်အားနည်းသူကို ဖျက်ဆီးဖို့ ဝန်မလေး၊ ချနင်းခံရတဲ့ခေတ်ကြီးမှာ အင်အားကသာ အခရာဖြစ်နေတာ မဆန်းပါ။ ဒါကြောင့် အင်အားကို တည်ဆောက်ရလိမ့်မယ်။
Feb 12, 2024
ပင်လယ်ရေကြောင်းပို့ဆောင်ရေး(Maritime Transport)သည် နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခန်းကဏ္ဍနှင့် တိုက်ရိုက်ချိတ်ဆက်မှုရှိနေပြီး နိုင်ငံ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါနေပါသည်။ ကုန်သွယ်မှုနည်းလမ်းများအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၈၀ ရာခိုင်နှုန်းရှိကြောင်းကို United Nation Conference on Trade and Development (UNCTAD) မှ နှစ်စဉ်ထုတ်ပြန်သော Review of Maritime Transport အရ သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံရှိသည့်အနက် Normal Trade ၏ အဓိကဖြစ်သော ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကျော် (ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း)၊ နယ်စပ်ကုန်သွယ်မှုတန်ဖိုးသည် ၉ ဘီလီယံခန့် (ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း)ရှိခဲ့သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကို မြှင့်တင်နိုင်ပြီး နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရေရှည်တည်တံ့အောင် အထောက်အကူပြုနိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ(Port Industry)ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်သွားကြရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
Feb 12, 2024
ဘယ်ပညာရပ်နယ်ပယ်မဆို တတ်မြောက်ပြီးတဲ့ ပညာရပ်တစ်ခုကို ထိထိရောက်ရောက်အသုံးချမှသာ အသုံးဝင်ပါတယ်၊ အကျိုးလည်းရှိပါမယ်။ ပညာခေတ်လို့ဆိုတဲ့အရာမှာ နားလည်အောင်သင်၊ သင်တာကိုသိရုံနဲ့မပြီး၊ အသိကိုအကျင့်နဲ့ပေါင်းပြီး လုပ်ရင်းကိုင်ရင်းနဲ့ လက်တွေ့အသုံးချနေမှသာ ထိရောက်အောင်မြင်မှုရှိပါမယ်။
