Skip to main content
Feb 21, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Feb 21, 2024
နိုင်ငံအတွက် ယခုအချိန်ဟာ အချုပ်အခြာနဲ့ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးများ အလွန်အရေးကြီးနေချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က အင်အားဆုတ်ယုတ်ချည့်နဲ့သွားအောင် ဝိုင်းဝန်းပူးပေါင်းလုပ်ကြံနေတဲ့ အချိန်လည်းဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့က ကိုယ့်ပြည်တွင်း အားကိုပဲ ယုံပါတယ်။ ဒါကြောင့်လည်း မရရအောင် တည်ဆောက်နေတာပဲဖြစ်တယ်။ အကျိုးလိုလို့ ညောင်ရေလောင်း မစ္ဆရိယအားကြီးသူ ပြည်ပနိုင်ငံတွေနဲ့ ကောက်ကျစ်တဲ့ပြည်တွင်းလောက်ကောင်တွေကြားမှာ ပြည်ထောင်စုကြီးမပြိုကွဲသွားအောင် ရှိတဲ့တိုင်းရင်းသားတွေ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ရန်ငါမဖြတ်ဘဲ အတူတကွ နေထိုင်ကြရလေအောင် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နေရတဲ့ အချိန်လည်းဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်တွေကြောင့်လည်း အတည်ပြုပြဋ္ဌာန်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုလို အာဏာတည်စေလိုက်ရတာဖြစ်ပါတယ်။
Feb 20, 2024
(က) စီးပွားရေးနှင့်စပ်လျဉ်းပြီး အာဆီယံအနေဖြင့် ကမ္ဘာတွင် စတုတ္ထမြောက်စီးပွားရေး အင်အားအကြီးဆုံးသော ဒေသဖြစ်အောင် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေ့လာမိပါသည်။
Feb 20, 2024
နိုင်ငံအတွက် ယခုအချိန်ဟာ အချုပ်အခြာနဲ့ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးများ အလွန်အရေးကြီးနေချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က အင်အားဆုတ်ယုတ်ချည့်နဲ့သွားအောင် ဝိုင်းဝန်းပူးပေါင်း လုပ်ကြံနေတဲ့အချိန်လည်းဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့က ကိုယ့်ပြည်တွင်းအားကိုပဲယုံပါတယ်။ ဒါကြောင့်လည်း မရရအောင် တည်ဆောက်နေတာပဲဖြစ်တယ်။ အကျိုးလိုလို့ညောင်ရေလောင်း မစ္ဆရိယအားကြီးသူပြည်ပနိုင်ငံတွေနဲ့ ကောက်ကျစ်တဲ့ပြည်တွင်းလောက်ကောင်တွေကြားမှာ ပြည်ထောင်စုကြီးမပြိုကွဲသွားအောင် ရှိတဲ့တိုင်းရင်းသားတွေ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ ရန်ငါမဖြတ်ဘဲ အတူတကွနေထိုင်ကြရလေအောင် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နေရတဲ့ အချိန်လည်းဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်တွေကြောင့်လည်း အတည်ပြုပြဋ္ဌာန်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုလို အာဏာတည်စေလိုက်ရတာဖြစ်ပါတယ်။
Feb 20, 2024
နိုင်ငံသားတိုင်း၏ အခြေခံစိတ်ဓာတ်တွင် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသော စိတ်ဆန္ဒများရှိကြပါသည်။ သို့သော် တည်ငြိမ်အေးချမ်းမှုရှိနေမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် ကာကွယ်ရေးအင်အားတောင့်တင်းရန် လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေး အင်အားရှိနေမှသာလျှင် ပြည်တွင်း ပြည်ပအဖျက်သမားများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများကို ဟန့်တားချေမှုန်းနိုင်မည်ဖြစ်သည်။
Feb 19, 2024
(ဆ) အင်အားအသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့မပါဝင်ဘဲ ဥပဒေကို လေးစားလိုက်နာခြင်းနှင့် သံတမန် နည်းလမ်းအရဖြေရှင်းခြင်းအပါအဝင် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းနှင့် ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS) အပါအဝင် နိုင်ငံတကာဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အာဆီယံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊
Feb 19, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Feb 19, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်မှုနှင့်စပ်လျဉ်း၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသူများနှင့် ပြည်ဖျက်မီဒီယာများသည် လူမှုကွန်ရက်စာမျက်နှာများတွင် အမျိုးမျိုး ဝေဖန်ရေးသားလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံသားတစ်ဦး၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုစိတ်မရှိသူများ၊ တစ်နည်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသူများက ပြည်သူများအကြား အထင်အမြင်လွဲမှားအောင် နှပ်ကြောင်းပေး ရေးသားလာကြသည်။ ဤသည်မှာ ပြည်ဖျက်မီဒီယာများ၏ လုပ်ရိုးလုပ်စဉ်ပင်ဖြစ်သည်။ အထူးအဆန်းတော့မဟုတ်ပေ။ ပြည်သူများအနေဖြင့် ချင့်ချိန်နိုင်စွမ်းရှိမည်ဟု ထင်ပါသည်။
Feb 19, 2024
ဆောင်းပါး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀ဝ၁ ခုနှစ် တာဝန်ယူပြီးချိန် မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ အမှန်အားဖြင့် နှစ်ကာလ ရာ၊ ထောင်ကပင် နှစ်ပြည်ထောင်ကူးလူးဆက်ဆံမှု သမိုင်းမှတ်တိုင်များစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရန်အတွက် “အေးအတူ ပူအမျှ အသိုက်အဝန်းအတူတကွ တည်ဆောက်နေထိုင်ရေး” မူနှင့် ချစ်ကြည်စွာ ရပ်တည်လျက်ရှိပါသည်။
Feb 19, 2024
သို့တိုင် “နိုင်ငံတော်လူမိုက်” တစ်ယောက်အဖြစ် ကျွန်တော်ရေးပါသည်။ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ နောင်ကျွန်တော်တို့အားလုံး၏ အနာဂတ်မျိုးဆက်များ အကျိုးအတွက်မို့ မဖြစ်မနေရေးရ ပါသည်။ ဤသို့ရေးရာတွင် ကျွန်တော်၏ ဖြောင့်မတ်တည်ကြည်သောစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ပြည်သူ့အကျိုးစီးပွားကို လိုလားသောစိတ်တို့ကို အရင်းတည်ပြီးရေးပါသည်။ မရေး၍လည်းမရပါ။ (ယနေ့ဖြစ်ပေါ်နေသော အကြောင်းအရာအချို့သည် ကျွန်တော် (Live) မှာ မကြာမကြာ တိုက်တွန်း ပြောဆိုခဲ့သောကိစ္စများဖြစ်နေသဖြင့် ကျွန်တော့်ပယောဂ မကင်းဟု ခံစားနေ၍ဖြစ်ပါ၏။ စကားချပ်)