Mar 24, 2024
တီဘီရောဂါသည် ယခုအချိန်ထိ ကမ္ဘာ့အသေအပျောက် အများဆုံးရောဂါများထဲမှ တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး မကြာသေးမီနှစ်များကပင် ဆေးယဉ်ပါးတီဘီရောဂါအတွက် စိုးရိမ်စရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးသတိပြုကြမိမည်ထင်ပါသည်။
Mar 24, 2024
မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ မလွတ်ကင်းတဲ့နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် ရေကြီးရေလျှံတာတွေ၊ မုန်တိုင်းတိုက်ခတ်တာတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်ကဘင်္ဂလားပင်လယ်အော်မှ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ဟာ ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ရွာတွေသာမက ချင်းပြည်နယ်အတွင်းက မြို့ရွာတွေကိုပါ အငြိုးတကြီး တိုက်ခတ်ဖျက်ဆီးခဲ့ပါတယ်။
Mar 23, 2024
ဥဩပျိုငှက်တို့၏ တွန်ကျူးမှုနှင့်အတူတပေါင်း လရာသီရောက်ခဲ့ချေပြီ။ စာရေးသူတို့ ငယ်စဉ်ကမူ ယခုလို နွေရာသီကျောင်းပိတ်ရက် တပေါင်းလရာသီရောက်ပြီဆိုလျှင်ဖြင့် ရပ်ကွက်စာအုပ် အငှားဆိုင်မှစာအုပ်မျိုးစုံငှားရမ်း၍ တဝကြီးဖတ်ရှုဖြစ်ခဲ့ကြသည်။ စာအုပ်တွေကလည်း မျိုးစုံလှသည်။
Mar 23, 2024
ကမ္ဘာ့မိုးလေဝသနေ့ကို နှစ်စဉ် မတ်လ ၂၃ ရက်နေ့ သည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံတွေက အမျိုးသားမိုးလေဝသနှင့် ဇလဗေဒဌာနများအနေနဲ့ ခမ်းခမ်းနားနားကျင်းပကြတဲ့ ကမ္ဘာ့မိုးလေဝသနေ့ဖြစ်ပါတယ်။ မိုးလေဝသ၊ ရာသီဥတုနဲ့ဇလဗေဒဆိုင်ရာ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ဆောင်ပုဒ် တစ်ခုနဲ့ ကမ္ဘာ့မိုးလေဝသနေ့ကို ၁၉၆၁ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာမှာ ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ (At the Frontline of Climate Action- ရာသီဥတုကောင်းမွန်ရေး အလေးထားဆောင်ရွက်ပေး) ဖြစ်ပြီး ရာသီဥတုပြောင်းလဲလာမှုရဲ့ သိသာထင်ရှားလာတဲ့ သက်ရောက်မှုတွေကို လျော့ပါးသက်သာစေနိုင်ဖို့အတွက် ရာသီဥတု ပြောင်းလဲလာမှုအပေါ် တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် တိုင်းမှာ ကျွန်ုပ်တို့အားလုံး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြစေလိုတဲ့ ရည်ရွယ်ချက်များ နဲ့ကျင်းပကြမှာ ဖြစ်ပါတယ်။
Mar 23, 2024
ယနေ့ ကမ္ဘာ့နိုင်ငံများသည် ခေတ်မီနည်းပညာ ဆက်သွယ်ချိတ်ဆက်မှုကွန်ရက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ကြက်လွှမ်းမိုးလျက်ရှိသော ကမ္ဘာ့အသိုက်အဝန်းကြီးတစ်ခုအသွင်ဖြင့် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်၍ ဖွဲ့စည်းဖြစ်တည်လျက်ရှိကြပြီး သမားရိုးကျစိန်ခေါ်မှုများဖြစ်သည့် နိုင်ငံရေးအားပြိုင်မှုများ၊ နည်းပညာယှဉ်ပြိုင်မှုများ၊ ကမ္ဘာ့စီးပွားရေးဈေးကွက်ချဲ့ထွင်မှုများ၊ သဘာဝသယံဇာတစိန်ခေါ်မှုများအပြင် သမားရိုးကျမဟုတ် သည့် စိန်ခေါ်မှုများဖြစ်သည့် ကူးစက်မြန်ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ပြဿနာရပ်များကိုပါ ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။ ထိုသို့ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော စိန်ခေါ်မှုများနှင့်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာတွင် ကမ္ဘာ့နိုင်ငံများသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများအတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများကို မဟာဗျူဟာကျကျ ထည့်သွင်းချမှတ်လာခဲ့ကြပြီး ပေါင်းစည်းအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလာခဲ့ကြသည်ကို တွေ့ရှိရပါသည်။
Mar 22, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 22, 2024
ယနေ့မြန်မာ့တပ်မတော်ဟာ ပထဝီနိုင်ငံရေးအရ နယ်မြေချဲ့ထွင်လိုတဲ့ ပြည်ပဖိအားတွေကို အန်တုရင်းဘယ်ခေတ်နဲ့မှမတူတဲ့ ပြည်တွင်းလက်နက်ကိုင်ပေါင်းစုံနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်၊ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာပွန်းပဲ့ပါမသွားအောင် ကြိုးစားကာကွယ်နေရသလို ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးမသွား အောင်လည်း စောင့်ရှောက်ကာကွယ် ပေးနေရတယ်၊ အသက်သွေးချွေး အမြောက်အမြား စွန့်လွှတ်ပေးဆပ်မှု အရင်းအနှီးကြီးကြီးနဲ့ကို ပြည်သူအတွက်၊ နိုင်ငံအတွက်ပေးဆပ်နေရခြင်းဖြစ်ပါတယ်။
Mar 22, 2024
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသစ်အသစ်သော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို တီထွင်ကြံဆလုံ့လစိုက် ကြိုးပမ်းလျက်ရှိကြပါသည်။ အဆိုပါအသစ်ဖြစ်သော တီထွင်မှုများပေါ်ထွက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာဖြင့် အားဖြည့်ဆောင်ရွက်လျက်လည်း ရှိကြပါသည်။ မြန်မာနိုင်ငံတွင်လည်း တီထွင်ဖန်တီးမှုစွမ်းပကားများ မြင့်မားလာစေရေးဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖော်ဆောင် ပေးရန် ဆောင်ရွက်လျက်ရှိပါသည်။
Mar 22, 2024
ရေသည် ကျွန်ုပ်တို့အားလုံးရှင်သန်ရေးအတွက် အရေးကြီးသောအရာတစ်ခုဖြစ်သကဲ့သို့ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်တစ်ခုလည်း ဖြစ်သည်။ “ရေအသက်တစ်မနက်”ဆိုသကဲ့သို့ပင် ကျွန်ုပ်တို့အသက်ရှင်ရပ်တည်ရေးအတွက် ရေကိုမရှိမဖြစ် လိုအပ်ပါသည်။ ရေသည်စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် ပဓာနကျသောအရာဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း သွယ်ဝိုက်ကာ အထောက်အကူပြုလျက်ရှိသည်။ ရေကြောင့်ပင် ကမ္ဘာကြီးသာယာဝပြောကာ ငြိမ်းချမ်းစေနိုင်သကဲ့သို့ ရေကြောင့်ပင် အငြင်းပွားကာ ပဋိပက္ခများကိုလည်း ဖြစ်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ရေကောင်းရေသန့်ရရှိရေးနှင့် ရေဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂကဦးဆောင်ကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လည်း နိုင်ငံတကာနှင့်သက်ဆိုင်သော ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတိုင်းက ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
Mar 22, 2024
ကမ္ဘာ့နိုင်ငံများအားလုံးမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးစွမ်းအားစုတွေ စုဆောင်းနိုင်အောင် ကွဲပြားခြားနားတဲ့ စစ်မှုထမ်းဥပဒေများကို ကျင့်သုံးလျက်ရှိကြပါတယ်။ ဒီလိုကျင့်သုံးတဲ့နေရာမှာ မိမိနိုင်ငံအတွက်လိုအပ်မယ့်၊ ကိုက်ညီမယ့်ပမာဏကို စိစစ်ခေါ်ယူလေ့ရှိကြပါတယ်။ သို့သော်လည်း ဒီလိုစစ်မှုထမ်း ဥပဒေတွေရဲ့ တကယ့်အနှစ်သာရက နိုင်ငံသား အားလုံးသည် မိမိနိုင်ငံကိုကာကွယ်ဖို့ တာဝန်ရှိတယ်။ လိုအပ်ရင်စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော်ကာကွယ်ရေး အတတ်ပညာတွေတတ်ရမယ်ဆိုတဲ့အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားကြတာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းပြီး ရွေးချယ်စိစစ်ခေါ်ယူမယ့် နည်းလမ်းနဲ့ ပမာဏကို နိုင်ငံတော်မှ သုံးစွဲနိုင်မယ့် ဘဏ္ဍာငွေပမာဏနဲ့၊ နိုင်ငံရေးနဲ့လုံခြုံရေးပတ်ဝန်းကျင်အခြေအနေတွေအရ ထိန်းညှိဆောင်ရွက်ကြရပါတယ်။
