Skip to main content
Mar 12, 2024
ကုန်သွယ်မှုကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါသော မောင်းနှင်အားတစ်ခုဖြစ်သည့်အတွက် ဆင်းရဲမှုတိုက်ဖျက်ရေး၌ ပြည်ပကုန်သွယ်ရေးကို လက်နက်ကောင်းတစ်ခုအဖြစ်အသုံးချခဲ့သည့် ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ ဥပမာတစ်ခုကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့ အနောက်ဘက်အိမ်နီးချင်း၊ သမိုင်းတစ်လျှောက် စားရေရိက္ခာမဖူလုံမှုကြောင့် ဆင်းရဲမှုနှင့်နပန်းလုံးနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်းရဲနွံက ရုန်းထွက်ဖို့ရန် ပြည်ပကုန်သွယ်ရေးကို အသက်ကယ်ကြိုးတစ်ခုအဖြစ်အသုံးချခဲ့သည်မှာ မှန်ကန်ကြောင်း ယခုအခါ သက်သေပြလျက်ရှိပါသည်။
Mar 12, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းမီးလောင်ကျွမ်းမှု ၂၉၁ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဖော်ပြခဲ့သည်။ ထိုမီးလောင်ကျွမ်းမှုများအနက် တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံများမှတစ်ဆင့် မီးလောင်ကျွမ်းမှုသည် ၆၁ ကြိမ်အထိရှိခဲ့ပြီး ကားမီးလောင်မှုသည်လည်း ၁၀ ကြိမ်ရှိခဲ့သည်။ မတ် ၂ ရက်တွင် ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး စာရင်းထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့သည် ပဉ္စမမြောက်နေရာ၌ရပ်တည်လျက်ရှိသည်။
Mar 11, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 11, 2024
ဆောင်းပါး
ယနေ့ကာလတွင် ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်မှ အနက်ရှိုင်းဆုံး သမုဒ္ဒရာများအထိရှိနေကြသည်။ ပလတ်စတစ်အမှုန်များသည် ပင်လယ်သမုဒ္ဒရာ အစိတ်အပိုင်းအားလုံးသို့ စိမ့်ဝင်နေပြီဖြစ်ရာ အသေးငယ်ဆုံးရေသတ္တဝါများမှသည် ဝေလငါးများအထိ ရေသတ္တဝါအားလုံးတွင် တွေ့ရသည်။ စစ်တမ်းများအရ သမုဒ္ဒရာများထဲတွင် မိုက်ခရို ပလတ်စတစ်အပိုင်းအစ ၅ ဒသမ ၂၅ ထရီလီယံရှိပြီး သမုဒ္ဒရာ၏ စတုရန်းမိုင်တိုင်းတွင် တန်ချိန် ၂၆၉၀၀ အထိရှိသော အပိုင်းအစ ၄၆၀၀၀ ခန့် ရှိနေသည်။ ပလတ်စတစ်အပိုင်းအစ ရှစ်သန်းခန့်သည် သမုဒ္ဒရာများအတွင်းသို့ နေ့စဉ်ရောက်ရှိနေသည်။ ပင်လယ်သမုဒ္ဒရာ ဇီဝမျိုးစုံမျိုးကွဲနှင့် ရေပြင်ရှိ ဂေဟစနစ်များတွင်ဖြစ်ပေါ်နေသော ပလတ်စတစ်ညစ်ညမ်းမှု၏ ၆၀ ရာခိုင်နှုန်းသည် တစ်ခါသုံးပလတ်စတစ်များကြောင့် ဖြစ်သည်။
Mar 11, 2024
ဆောင်းပါး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၁-၃-၂၀၂၄ ရက်နေ့တွင် ၁၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၁/၂၀၁၀) ဖြင့် ပြဋ္ဌာန်းထားသော ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စတင်ဖွဲ့စည်းပေးခဲ့ပါသည်။
Mar 10, 2024
နိုင်ငံတစ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှု တိုးတက်မြင့်မားရေး၊ နည်းပညာများ လွှဲပြောင်းရယူနိုင်ရေး၊ နည်းပညာဆိုင်ရာအသိပညာများကို ထုတ်လုပ်သူများနှင့် အသုံးပြုသူများအကြား အပြန်အလှန်အကျိုးပြုနိုင်စေရေး၊ လူမှုစီးပွားဘဝ သက်သာချောင်ချိရေးနှင့် ညီညွတ်မျှတမှုရှိစေရေးတို့အတွက် မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်းခြင်းနှင့် အကာအကွယ်ပေးခြင်းတို့သည် အဓိကကျသော အချက်တစ်ခုအဖြစ် ပါဝင်နေပါသည်။
Mar 10, 2024
ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းစေသည့်စနစ်သည် အခွန်ထမ်းပြည်သူများအတွက် မိမိပေးဆောင်ရမည့်အခွန်တာဝန်ကို အခွန်နုတ်ယူပေးသွင်းသူ (Tax Agent) က ကိုယ်စားဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် အခွန်ပေးဆောင်ခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း၊ အချိန်နှင့် လုပ်အားကုန်ကျမှုသက်သာစေခြင်း၊ အခွန်ပေး ဆောင်မှုအတွက် လိုက်နာဆောင်ရွက်မှုစရိတ်သက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ အလားတူပင် အစိုးရတစ်ရပ် အနေဖြင့်လည်း အခွန်အခြေ (Tax Base) ကို ထိရောက်စွာချဲ့ထွင်နိုင်ခြင်း၊ အခွန်ထမ်းများ၏ အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်မှုကို မြင့်မားစေခြင်း၊ အခွန်စီမံခန့်ခွဲမှုစရိတ်ကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထိုကဲ့သို့ အခွန်ထမ်းနှင့် အစိုးရနှစ်ဦးနှစ်ဖက်လုံး အကျိုးရှိစေခြင်းကြောင့် ပင်ရင်းမှအခွန်နုတ်ယူ ပေးသွင်းစေသည့်စနစ်ကို နိုင်ငံတကာ၌ တွင်ကျယ်စွာအသုံးပြုလေ့ ရှိကြပြီး အလားတူပင် မြန်မာနိုင်ငံ၌လည်း အသုံးပြုလျက်ရှိပါသည်။
Mar 10, 2024
မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလကို အကြောင်းပြု၍ ပေါ်ပေါက်လာကြသည့် စာအလင်္ကာများအနက်- ဤထမနဲထိုး တေးထပ်သည် မှတ်ဖွယ်မှတ်ရာဖြစ်ပေသည်။
Mar 10, 2024
လူသားတိုင်းသည် ဘဝရပ်တည်ရေးအတွက် ပစ္စုပ္ပန်နှင့်အနာဂတ်ကို ရှေးရှု၍ အတိတ်ကိုလည်း သင်ခန်းစာယူကြရသည်။ လူသားတိုင်းသည် မည်သည့်အချိန်အခါ၊ မည်သည့်နေရာမရွေး အောင်မြင်မှုကို လိုချင်ကြပေသည်။ ဘဝလမ်းခရီး၌ အောင်မြင်ခြင်းရှိမှသာ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ပြည့်ဝမည်ဖြစ်သည်။ အမြဲတမ်းကျရှုံးမှုကိုသာ ရင်ဆိုင်နေရပါလျှင် ထိုသူသည် စိတ်အာဟာရချို့တဲ့နေမည်သာဖြစ်သည်။
Mar 09, 2024
“မျှော်လင့်ချက်ဆိုတာ နိုးထနေတဲ့အိပ်မက်တစ်ခုပါပဲ” လို့ အရစ္စတိုတယ်က ပြောဖူးပါတယ်။ လူတိုင်းဟာ ဘဝမှာအောင်မြင်ဖို့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေရှိကြပါတယ်။ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ် နေရုံနဲ့အိပ်မက်တွေဟာ လက်တွေ့ဖြစ်မလာပါဘူး။ လက်တွေ့ဘဝမှာ အိပ်မက်တွေနိုးထနေဖို့ဆိုရင် ကိုယ့်မျှော်လင့်ချက်တွေကို ရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်မှ လိုချင်တဲ့ရလဒ်တွေ ရရှိလာမှာပါ။