Skip to main content
Jan 25, 2024
ယနေ့ကာလတွင် မျိုးချစ်မြန်မာပြည်သူတစ်ရပ်လုံး မချိတင်ကဲ ဝမ်းနည်းမဆုံး ဖြစ်နေကြရသည်။  မိသားစုအချင်းချင်းအငြင်းပွား၊ ညီအစ်ကို အချင်းချင်းရန်လို၊ ဘာကြောင့် စစ်ခင်းတဲ့အခြေ အနေအထိ ရောက်ရသလဲ။ မခေါ်ဖြစ်၊ မပြောဖြစ်ကြတဲ့ အခြေအနေမှာ ရန် / ငါသာ ပြတ်ရတော့မယ်၊ ဖားနဲ့ငါး ခွဲရတော့မယ်။ တွေ့ဆုံဆွေးနွေးရေး ခဏဘေးချိတ်။ မလိုက်ချင်သူကို ထားခဲ့ရမယ်၊ တားဆီးသူကို ကျော်ဖြတ်ရမယ်၊ ပိတ်နေသူကို ဖောက်ထွက်၊ ဖျက်နေသူကို ချေမှုန်းရမယ့် အခြေအနေ။
Jan 25, 2024
မိခင်မေတ္တာဆောင်းပါး
ဟေမန္တဆောင်းရာသီ၏ အလယ်ဗဟိုတွင်ကျသော ပြာသိုလသည် အလွန်ချမ်းအေးသည့်လဖြစ်၏။ ထို့ကြောင့် ပြာသိုလကို ငွေနှင်းစိုစို လပြာသိုဟု တင်စားကြလေ့ရှိသည်။
Jan 25, 2024
နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ခက်ခဲခဲ့ရတဲ့ အခြေအနေမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရဖူးမှာပါ။ အဲဒီအထဲမှာ ကြီးမားတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်တဲ့ မိမိရဲ့ဘဝ အပြောင်းအလဲဖြစ်သွားဖို့ အချိုးအကွေ့ဖြစ်စေနိုင်တဲ့ အရေးကိစ္စမျိုးတွေအတွက်သာမက သာမန်အကြောင်းအရာလေးတွေလို့တောင် ပြောလို့ရတဲ့ ကုန်ပစ္စည်းနှစ်မျိုးထဲက ဘာကိုရွေးချယ်ဝယ်ယူရင် ကောင်းမလဲဆိုတာမျိုး၊ ဒီပွဲမှာ ဘာလေးဝတ်သွားရင် ကောင်းမလဲဆိုတာမျိုး၊ နောက်ဆုံး စားသောက်ဆိုင်မှာ စားပွဲထိုးက ဝန်ဆောင်မှုပေးနေချိန် ဘယ်စားစရာ Menu ကို မှာရမလဲဆိုတဲ့အပေါ် ဝေခွဲရခက်နေတာမျိုး စတာတွေကို ပြန်ပြီးသတိမူမိမယ်လို့ ထင်ပါတယ်။
Jan 24, 2024
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ရန်မှာ စာပေသည် အသည်းနှလုံးဖြစ်သည်။ စာပေသည် လူတို့အား အသိဉာဏ်ပွင့်လင်းစေသည့် ဦးနှောက်အာဟာရကို ဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ စာအုပ်ဖတ်ခြင်းကြောင့် ဦးနှောက်စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် စာဖတ်သူတို့ကို ရသများပေးစွမ်းနိုင်သဖြင့် နှလုံးသားအာဟာရလည်း ဖြစ်စေသည်။
Jan 24, 2024
ဆောင်းပါး
အစားအစာကုန်သွယ်မှုကဏ္ဍဟူသည် အစာကွင်းဆက်တစ်လျှောက် ကျရောက်နိုင်သော ဘေးအန္တရာယ်ဖြစ်မှုကာကွယ်ရန် နည်းပညာအစီအမံများ အသုံးပြုရန် လိုအပ်သောကဏ္ဍတစ်ရပ် ဖြစ်ပါသည်။
Jan 24, 2024
နိုင်ငံအသီးသီး၏ နိုင်ငံရေးပါတီများသည် မိမိနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် ပထဝီနိုင်ငံရေးတို့အပေါ်အခြေခံ၍ ခိုင်မာသောမူဝါဒများဖြင့် အင်အားတောင့်တင်းအောင် တည်ဆောက်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံပေါင်း ၂၆၅ နိုင်ငံရှိပြီး ပါတီစုံစနစ်ကျင့်သုံးသော နိုင်ငံများမှာ ၁၂၃ နိုင်ငံ၊ အင်အားကြီးပါတီတချို့ကသာ လွှမ်းမိုးထားသော ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ ၅၁ နိုင်ငံ၊ အင်အားကြီးပါတီနှစ်ခုမှ ဦးဆောင်သော ပါတီနိုင်ငံရေးစနစ်ကျင့်သုံးသည့် နိုင်ငံ ၃၉ နိုင်ငံ၊ ပါတီတစ်ခုတည်းမှ ဦးဆောင်သော နိုင်ငံရေးပါတီစနစ်ကျင့်သုံးသည့်နိုင်ငံ ကိုးနိုင်ငံ၊ ပါတီများဖွဲ့စည်းထူထောင်ထားခြင်းမရှိသောနိုင်ငံ ၂၀ နိုင်ငံနှင့် စစ်ဘက်မှအုပ်စိုးသောနိုင်ငံများ ခြောက်နိုင်ငံ၊ အကြွင်းမဲ့ဘုရင်စနစ် ကျင့်သုံးသောနိုင်ငံ နှစ်နိုင်ငံတို့ဖြစ်ကြသည်။ မည်သည့်စနစ်ကို ကျင့်သုံးကြသည်ဖြစ်စေ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို နိုင်ငံရေးပါတီများ၊ အုပ်ချုပ်သူများက ကာကွယ်စောင့်ရှောက်ကြရသည်သာဖြစ်သည်။
Jan 23, 2024
ဆောင်းပါး
လူနှင့်တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာပြင်ပနှင့်အတွင်း၌ ဗက်တီးရီးယား(Bacteria)၊ ဗိုင်းရပ်စ် (Virus)နှင့် မှို(Fungi)များဖြင့် ပြည့်နှက်နေပါသည်။ ယင်းတို့ကို စုပေါင်း၍ မိုက်ခရိုဘိုင်အုမ်း (Microbiome)ဟု ခေါ်ပါသည်။ အချို့ဗက်တီးရီးယားပိုးများသည် ရောဂါနှင့်ဆက်နွှယ်နေသော်လည်း အများစုသည် ကိုယ်ခံအားစနစ်၊ နှလုံး၊ ကိုယ်အလေးချိန်နှင့် အခြားကျန်းမာရေးကဏ္ဍများစွာအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း လေ့လာသိရှိရပါသည်။
Jan 23, 2024
ဆောင်းပါး
အာဆီယံ-တရုတ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ ပိုမိုဘေးကင်းသည့် လူမှုဘဝများ ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အခန်းကဏ္ဍတွင် အားကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်စေရန်နှင့် အသိအမြင်၊ အတွေ့အကြုံများ ဖလှယ်နိုင်မည့် လမ်းကြောင်းတစ်ရပ်ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်သုံးဦး တက်ရောက်ခဲ့ကြသည်။
Jan 22, 2024
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်မီအချိန်ကစ၍ အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများပေါ်ပေါက် လာခဲ့ပါသည်။ သို့သော် ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ရခြင်းကြောင့် နိုင်ငံရေးပါတီများ ဖျက်သိမ်းခဲ့ရသဖြင့် နိုင်ငံရေးပါတီများမှာ နှစ်ကာလ ကြာရှည်စွာဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကွယ်ပျောက်ခဲ့ရသည်။ ယနေ့အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖွဲ့စည်းထူထောင်ဆောင်ရွက်နေသည့် ကာလဖြစ်ပါသည်။ တစ်နိုင်ငံလုံးစည်းရုံးဆောင်ရွက် မည့်ပါတီကိုးပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့်ပါတီ ၃၈ ပါတီစုစုပေါင်း ၄၇ ပါတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Jan 22, 2024
မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကတစ်ဆင့် ဖြစ်လာတဲ့အကျိုးဆက်တွေက လတ်တလောမှာ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ တိုက်ပွဲတွေရဲ့ဂယက်တွေက ပြည်သူလူထုအရေး၊ နိုင်ငံရဲ့အနာဂတ်အရေးတွေအတွက် စဉ်းစားစရာတွေ အများအပြားပါပဲ။