Skip to main content
Jan 23, 2024
ဆောင်းပါး
လူနှင့်တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာပြင်ပနှင့်အတွင်း၌ ဗက်တီးရီးယား(Bacteria)၊ ဗိုင်းရပ်စ် (Virus)နှင့် မှို(Fungi)များဖြင့် ပြည့်နှက်နေပါသည်။ ယင်းတို့ကို စုပေါင်း၍ မိုက်ခရိုဘိုင်အုမ်း (Microbiome)ဟု ခေါ်ပါသည်။ အချို့ဗက်တီးရီးယားပိုးများသည် ရောဂါနှင့်ဆက်နွှယ်နေသော်လည်း အများစုသည် ကိုယ်ခံအားစနစ်၊ နှလုံး၊ ကိုယ်အလေးချိန်နှင့် အခြားကျန်းမာရေးကဏ္ဍများစွာအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း လေ့လာသိရှိရပါသည်။
Jan 23, 2024
ဆောင်းပါး
အာဆီယံ-တရုတ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ ပိုမိုဘေးကင်းသည့် လူမှုဘဝများ ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အခန်းကဏ္ဍတွင် အားကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်စေရန်နှင့် အသိအမြင်၊ အတွေ့အကြုံများ ဖလှယ်နိုင်မည့် လမ်းကြောင်းတစ်ရပ်ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်သုံးဦး တက်ရောက်ခဲ့ကြသည်။
Jan 22, 2024
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်မီအချိန်ကစ၍ အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများပေါ်ပေါက် လာခဲ့ပါသည်။ သို့သော် ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ရခြင်းကြောင့် နိုင်ငံရေးပါတီများ ဖျက်သိမ်းခဲ့ရသဖြင့် နိုင်ငံရေးပါတီများမှာ နှစ်ကာလ ကြာရှည်စွာဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကွယ်ပျောက်ခဲ့ရသည်။ ယနေ့အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖွဲ့စည်းထူထောင်ဆောင်ရွက်နေသည့် ကာလဖြစ်ပါသည်။ တစ်နိုင်ငံလုံးစည်းရုံးဆောင်ရွက် မည့်ပါတီကိုးပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့်ပါတီ ၃၈ ပါတီစုစုပေါင်း ၄၇ ပါတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Jan 22, 2024
မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကတစ်ဆင့် ဖြစ်လာတဲ့အကျိုးဆက်တွေက လတ်တလောမှာ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ တိုက်ပွဲတွေရဲ့ဂယက်တွေက ပြည်သူလူထုအရေး၊ နိုင်ငံရဲ့အနာဂတ်အရေးတွေအတွက် စဉ်းစားစရာတွေ အများအပြားပါပဲ။
Jan 21, 2024
နိုင်ငံအသီးသီး၏ နိုင်ငံရေးပါတီများသည် မိမိနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် ပထဝီနိုင်ငံရေးတို့ အပေါ်အခြေခံ၍ ခိုင်မာသောမူဝါဒများဖြင့် အင်အားတောင့်တင်းအောင် တည်ဆောက်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံပေါင်း ၂၆၅ နိုင်ငံရှိပြီး ပါတီစုံစနစ်ကျင့်သုံးသောနိုင်ငံများမှာ ၁၂၃ နိုင်ငံ၊ အင်အားကြီးပါတီတချို့ကသာ လွှမ်းမိုးထားသော ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ ၅၁ နိုင်ငံ၊ အင်အားကြီးပါတီ နှစ်ခုမှ ဦးဆောင်သော ပါတီနိုင်ငံရေးစနစ်ကျင့်သုံးသည့်နိုင်ငံ ၃၉ နိုင်ငံ၊ ပါတီ တစ်ခုတည်းမှ ဦးဆောင်သော နိုင်ငံရေးပါတီစနစ် ကျင့်သုံးသည့်နိုင်ငံ ကိုးနိုင်ငံ၊ ပါတီများ ဖွဲ့စည်းထူထောင်ထားခြင်းမရှိသောနိုင်ငံ ၂၀ နိုင်ငံနှင့် စစ်ဘက်မှ အုပ်စိုးသောနိုင်ငံများ ခြောက်နိုင်ငံ၊ အကြွင်းမဲ့ဘုရင်စနစ် ကျင့်သုံးသောနိုင်ငံ နှစ်နိုင်ငံတို့ဖြစ်ကြသည်။ မည်သည့်စနစ်ကို ကျင့်သုံးကြသည်ဖြစ်စေ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို နိုင်ငံရေးပါတီများ၊ အုပ်ချုပ်သူများက ကာကွယ်စောင့်ရှောက်ကြရသည်သာဖြစ်သည်။
Jan 21, 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၁၂) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ တစ်ပြိုင်နက်ကျင်းပခဲ့ရာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ Awami League ပါတီက ကိုယ်စားလှယ်နေရာအများစု အနိုင်ရရှိခဲ့ပြီး ၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် လေးကြိမ်ဆက်တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။
Jan 19, 2024
၁၉၆၂ ခုနှစ် မေလ၊ ဇွန်လများက ကျွန်တော်ခေါင်းဆောင်သည့် စာရေးဆရာအဖွဲ့က ‘ဝ’နယ်မြောက်ပိုင်း မိုင်းမောကို အခြေပြု၍ ‘ဝ’ ဒေသ၊ ‘ဝ’ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများကို လေ့လာရန် သွားရောက်ခဲ့ပါသည်။ အသွားခရီး မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံသို့ ဦးစွာသွားရသည်။
Jan 19, 2024
မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်သော ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ၊ သန်း ၅၀၀ ကျော်သော ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ယုံကြည်ရာ ဗုဒ္ဓဘာသာတရားကို အစွန်းရောက် ဘာသာမဲ့တို့က စော်ကားဖျက်ဆီးနေကြပေပြီ၊၊
Jan 18, 2024
ပေးဝေမျှကူ တိုင်းပဲခူး၏ အခမဲ့ ဆေးကုသမှုအလှူ
ထိုကဲ့သို့ နိုင်ငံ့တာဝန်ကို တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီး ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးကုန်ကျမှုအနည်းဆုံးဖြင့် လက်လှမ်းမီ သာတူညီမျှရရှိနိုင်ရေး ရည်ရွယ်၍ လစဉ်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 18, 2024
ယခုရက်ပိုင်း ဈေးထဲမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်နဲ့ဝယ်ချင်စရာတွေချည်းပဲ။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ သခွား၊ မုန်လာ၊ ဘူး၊ ဖရုံ၊ ဘူးညွန့်၊ ဖရုံညွန့်၊ ပဲညွန့်၊ ကန်စွန်း၊ နံနံ၊ ပူဒီနာတွေ၊ ကန်စွန်းဥ၊ ပဲမြစ်၊ ဖရဲ၊ ထောပတ်၊ လိမ္မော်၊ ပန်းသီး စတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေက မျိုးစုံအောင်ပါပဲ။