Skip to main content
Apr 03, 2024
လူ့သဘောသဘာဝမှာ ကိုယ်ကရလျှင်ဝမ်းသာတတ်၊ ကျေနပ်တတ်ကြပြီး ကိုယ့်ဆီက လျော့သွားလျှင်မူဝမ်းနည်းတတ်၊ နှမြောတတ်ကြပါသည်။ ကျွန်မတို့သည် အချိန်နှင့်အမျှ တစ်ခုခုကို ရရှိရန် လုံးပန်းနေကြရာ ကျွန်မတို့ရလိုက်သော အရာဝတ္ထုတို့သည် အမှန်တကယ်ပင် ကောင်းမွန်နေရန် အရေးကြီးလှပေသည်။
Apr 03, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါသည်။ မန္တလေးတွင်ရှိစဉ် မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းအနေဖြင့် Online အသုံးပြု မီတာခဆောင်သည့် အခြေအနေများကို ပြည်သူများသိရှိစေရန် ရေးသားခဲ့ဖူးသော်လည်း ယခုအခါရန်ကုန်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီဖြစ်၍ ရန်ကုန်မြို့မှ Online အသုံးပြုမီတာခဆောင်သည့် အခြေ အနေများကို ထပ်မံတင်ပြရန်လိုအပ်လာပြီဟု ယူဆပါသဖြင့် ရန်ကုန်မြို့တွင် Online မှ ဓာတ်အားခ ပေးဆောင်မှု အခြေအနေများကို ထပ်မံရေးသားတင်ပြရခြင်း ဖြစ်ပါသည်။              
Apr 02, 2024
ဆောင်းပါး
နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ နည်းဥပဒေများ (၂၀၁၇) တို့နှင့်အညီ နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးလျက်ရှိပါသည်။
Apr 02, 2024
ယနေ့ နိုင်ငံတော်အခြေအနေအရပ်ရပ်ကိုကြည့်လျှင် မဲလိမ်၊ မဲခိုးပြီး အဓမ္မနှင့် နိုင်ငံတော်အာဏာကိုယူတော့မည့် နယ်ချဲ့အကျိုးပြု၊ နယ်ချဲ့လက်ဝေခံ၊ နယ်ချဲ့ရုပ်သေးရုပ်အုပ်စုက ယနေ့မင်းသားကြီး (မင်းသမီးကြီး) မလုပ်ရ၍ ပတ်မကြီးထိုးဖောက်နေကြသည်။ အာဏာမရသည့်အတူ ပြည်ထောင်စုကိုဖြိုခွဲဖျက်ဆီးမည်၊ နိုင်ငံတော်ကြီး နယ်ချဲ့လက်ပြန်ရောက်စေမည်၊ ပြည်ထောင်စုသားများ ကျွန်ပြန်ဖြစ်စေရမည်ဟူသော မသမာစိတ်ထားဖြင့် အကြမ်းဖက်မှု၊ ဆူပူမှု၊ ရဟန်းသံဃာများ၊ ပြည်သူများ၊ ဝန်ထမ်းများအပါအဝင် မြန်မာများကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုများ ကျူးလွန်လာကြသည်။ ပြည်ထောင်စုမှခွဲထွက်ရန် ပုန်ကန်သောင်းကျန်းမှုက ပြည်ပနယ်ချဲ့၊ ဘာသာချဲ့၊ လူမျိုးချဲ့အုပ်စုများနှင့်ပေါင်းပြီး အရှိန်မြှင့်တင်လာနေကြပေသည်။
Apr 02, 2024
ဆောင်းပါး
မြန်မာနိုင်ငံတွင် တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကို ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အကြောင်း မျှဝေဖော်ပြလိုပါသည်။ “တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်း” နှင့် “နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများကို မည်ကဲ့သို့ ကြီးကြပ်စောင့်ရှောက်ကူညီသလဲ” ဟူသည့် အချက်နှစ်ချက်အပေါ်အခြေခံ၍ ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။
Apr 01, 2024
ဆောင်းပါး
လူနှင့်သက်ရှိအားလုံးအတွက် ‘လေ’ ပြီးလျှင် ‘ရေ’ ကို ညွှန်ပြရမည်ဖြစ်သည်။ ဓာတ်ကြီးလေးပါးတွင် အာပေါဓာတ်ဟုခေါ်ဆိုသည့် ရေ၏အရေးပါမှု သည် လွန်စွာနက်ရှိုင်းလှပြီး သက်ရှိကမ္ဘာကို ကိုယ်စားပြုလျက်ရှိသည်။ ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်ဆိုစကားသည် ရေမရှိလျှင် မဖြစ်နိုင်သည့် အဓိပ္ပာယ်ကိုဆောင်ပေသည်။ သက်ရှိ အားလုံးအတွက် မရှိမဖြစ် “ရေ”ဟု ဆိုရပါမည်။ ရေမရှိပါက သက်ရှိအားလုံး သေဆုံးရမည်ဖြစ်သည်။ ရေနှင့်ဆက်စပ်နေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာလည်း တစ်မုဟုတ်ချင်း ပျက်စီးရမည်ဖြစ်သည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် ရေများစွာတွေ့မြင်ရခြင်းက လာဘ်ကြီးတစ်ပါး ပိုင်ဆိုင်ရသည့်ပမာ တူညီလှသည်။ သန့်ရှင်းသည့် ရေသည် လူအပါအဝင် သက်ရှိအားလုံးအတွက် အကျိုးပြုဆုံး ဆေးဝါးရိက္ခာ၊ နိုင်ငံတစ်နိုင်ငံ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအသီးသီးမှ ဘက်စုံသုံးအဖြစ် ထောက်ပံ့ကူညီပေးလျက် ထိရောက်စွာအကျိုးပြုလျက်ရှိသည်။
Mar 31, 2024
ဆောင်းပါး
လျင်မြန်တဲ့ပြောင်းလဲမှုနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ အောင်မြင်မှုကို နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ ပညာရေးအရည်အချင်း သတ်မှတ်ချက်တွေနဲ့ပဲ ဆုံးဖြတ်ဖို့ မလုံလောက်တော့ပါဘူး။
Mar 31, 2024
ဆောင်းပါး
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာစစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါတံတားထိပ်မုခ်ဦး အနီး၌ ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ ယင်းစစ်တောင်းမြစ်ကူးတံတားသည် အရှည် ပေ ၆၀၀ ရှိပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ နေပြည်တော်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်း၊ အင်ဂျင်နီယာချုပ်များဖြစ်ကြသော ဦးကျော်ကျော်ထွေးနှင့် ဦးဇော်မိုးဦးတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်ဆွေ၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးပွင့်ဆန်းဦး၊ အငယ်တန်းအင်ဂျင်နီယာ-၄ ဦးဟိန်းမင်းသန့်တို့က ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေတို့ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြသည်။ တံတားချဉ်းကပ် လမ်းနှင့် မြေကြီးတာပေါင်တင်ခြင်း၊ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများကို နေပြည်တော်တာဝန်ခံ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဇော်၊ လယ်ဝေးခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းအိအိမျိုး၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းမှ ဦးစီးအရာရှိ ဒေါ်ထက်ခိုင်စိုး၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဣန္ဒြေစိုးသာတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
Mar 31, 2024
“လောကကို ကောင်းအောင်ပြုလုပ်ရာ၌ တစ်ယောက် နှစ်ယောက်ပြုလုပ်၍မကောင်း၊ အများနှင့်ပြုလုပ်မှ ကောင်းသည်။
Mar 29, 2024
ဆောင်းပါး
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက် ပိုင်းက ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသကိုဖြတ်ကျော်ပြီး စစ်တွေမြို့အနီးမှ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA) ၏ အဖျက် စွမ်းအားမှာ အလွန်ကြီးမားလှပါသည်။ ဆိုင်ကလုန်းမုန်တိုင်း အမည်ရှေ့တိုင်း၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟု ပညတ်ကြသော်လည်း ယခုမိုခါဆိုင်ကလုန်းမုန်တိုင်းမှာမူ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ အထိရှိသဖြင့် “အလွန့်” အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာခဲ့သည်။