Jan 23, 2025
၂၀၂၄ ခုနှစ်၏ ဒီဇင်ဘာလ စတုတ္ထပတ်ကို ခရီးစဉ်နှစ်ခုဖြင့် ကျွန်တော်အဆုံးသတ်ခဲ့သည်။ ပထမတစ်ခုအနေဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်နှင့် ကျောက်ဆည် မြို့နယ်များအတွင်း၌ စိုက်ပျိုးရေးသမဝါယမအသင်းများက စိုက်ပျိုးထားသော စက်မှုသီးနှံ ဝါစိုက်ခင်းများ၊ ဆီထွက်သီးနှံနေကြာစိုက်ခင်းများကို လိုက်လံကြည့်ရှုအားပေးကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးတည်မှာကြားဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Jan 23, 2025
၂၀၂၄ ခုနှစ်ကို နှုတ်ဆက်၍ ၂၀၂၅ ခုနှစ်သို့ ရောက်ခဲ့ပြီ။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိတ်ဝင်စားဖွယ်ရာ သတင်းအဖြစ်အပျက်များစွာရှိခဲ့သည့်အနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့် စပ်လျဉ်းသည့် သတင်းအဖြစ်အပျက်များကလည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ ယင်းသတင်းအဖြစ်အပျက်များထဲမှ တစ်ခုအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီကြားနာပွဲသတင်းက ကမ္ဘာ့သတင်းမီဒီယာများတွင် နေရာယူမြင်တွေ့ခဲ့ရသည်။
Jan 22, 2025
ဆောင်းဦးပေါက်ရာသီတွင် လှိုင်လှိုင်တွေ့ရလေ့ရှိသော အမြစ်မှဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော မုန်လာဥနီကို အချို့ကမုန်လာဥဝါဟုခေါ်ကြပြီး အများစုက “ဥနီ”ဟု အလွယ်ခေါ်ကြပါသည်။ ရှမ်းပြည်နယ်မှထွက်သော မုန်လာဥနီမှာအသားကျစ်ပြီး အရွယ်အနည်းငယ်ညှက်ကာ အနံ့၊ အရသာပိုမိုစူးရှပြီး “ခါကြက်ဥ” ဟုခေါ်ကြပါသည်။ မုန်လာဥနီသည် လိမ္မော်ရောင်ရှိသောအမြစ်ဖြစ်ပြီး ပေါ့ပါး၍နူးညံ့သောအရွက်ရှိသည့် ဟင်းမွှေးရွက်အုပ်စုဝင် နှစ်နှစ်တစ်ကြိမ် စိုက်ပျိုးရသောအပင်မျိုးဖြစ်သည်။ လက်တင်အမည်မှာ Daucus Carota ဖြစ်သည်။ မုန်လာဥနီအမျိုးအစားအားဖြင့် နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ဒေဆီ(Desi) မျိုးဖြစ်ပြီး အနီရင့်ရောင်ရှိပါသည်။ ဒုတိယမျိုးမှာ ဝီလာယတီ (Wilayati) မျိုးဟုခေါ်ပြီး အနီဖျော့ဖျော့လိမ္မော်ရောင်ရှိကာ အရသာနှင့်အသုံးဝင်ပုံမှာဒေဆီ (Desi) မျိုးထက်ပိုမိုကောင်းမွန်ပါသည်။
Jan 22, 2025
ပြောင်းဖူးသည် ပြည်ပသို့ အဓိကတင်ပို့သည့်သီးနှံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူကြိုက်များသောသီးနှံဖြစ်သည်။ သကြားပြောင်း၊ ထောပတ်ပြောင်း၊ အနီရောင်ရှမ်းပြောင်းဟူ၍ ယေဘုယျအားဖြင့်ရှိပြီး သကြားပြောင်းမှာ လူကြိုက်များထင်ရှားသည်။
Jan 21, 2025
ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါးစသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့်ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှဓာတ်များနှင့် ဓာတုဗေဒ တုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများသေဆုံးကာ ဂေဟစနစ် ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။
Jan 21, 2025
ကမ္ဘာ့ကားဈေးကွက်တွင် ဘက်ထရီသုံးလျှပ်စစ်ကားများကို ပိုမိုတောင်းဆိုလာရာ ကမ္ဘာ့ကားထုတ်လုပ်သည့်နိုင်ငံများက EV ဟု အတိုကောက်ခေါ်သည့် လျှပ်စစ်ကားများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပြီး အပြိုင်အဆိုင်ထုတ်လုပ်လာသောကြောင့် EV ကားဈေးကွက်မှာ တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်လာလျက်ရှိသည်။
Jan 20, 2025
ခရီးစဉ်တတိယနေ့တွင် အိန္ဒိယနိုင်ငံ အာဂရာမြို့ရှိ တာ့ဂျ်မဟာဂူဗိမာန်သို့ ရောက်ရှိပါသည်။ တာ့ဂျ်မဟာဂူဗိမာန်တော်ကြီးသည် အချစ်နှင့်အလွမ်းကြောင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ဖြစ်ပေါ်လာရသည့် အဆောက်အအုံကြီးတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ချစ်ခြင်း၏ အထိမ်းအမှတ်နေရာအဖြစ်လည်း ထင်ရှားကျော်ကြားသည်။ စကျင်ကျောက် ဖြူဖြင့်အတိပြီးသော သမိုင်းဝင် တာ့ဂျ်မဟာအဆောက်အအုံသည် ၁၇ ရာစုအတွင်း ပေါ်ထွန်းလာခဲ့သော ဗိသုကာအဆောက်အအုံတစ်ခုဖြစ်သည်။ တာ့ဂျ်မဟာသည် အာဂရာမြို့ပြင် အာဂရာခံတပ်၏အရှေ့ဘက် တစ်မိုင်ခန့်ဝေးသော ယမုံနာမြစ်ကမ်းဘေး၌တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန်က သူ၏ကွယ်လွန်သွားသော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ် မဟာရာ (ဂျ်) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Jan 20, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 20, 2025
ယနေ့စာနယ်ဇင်းလောကတွင် မြန်မာစာ၊ မြန်မာစကားအသုံးအနှုန်းများနှင့်ပတ်သက်၍ အလွန်ပင်လွဲမှားနေကြသည်များကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသောအခါ ရှေ့ရေးအတွက် ရင်လေးနေမိပါသည်။
Jan 19, 2025
လူတိုင်းဟာ ဘဝရှင်သန်နေရတဲ့အချိန်မှာ ကျန်းကျန်းမာမာနဲ့နေချင်တယ်၊ စည်းစိမ်ဥစ္စာတွေပြည့်စုံပြီး ချမ်းချမ်းသာသာနဲ့နေချင်တယ်။ အေးအေးချမ်းချမ်းနဲ့နေချင်တယ်။ ဒီအတွက် နေ့စဉ်လုပ်ကိုင်နေကြတဲ့ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေးဆိုတဲ့ အလုပ်သုံးပါးကို ခွန်အား၊ ဇွဲ လုံ့လဝီရိယတွေ ရင်းနှီးလုပ်ကိုင်နေကြတယ်။ လူတိုင်းအလုပ်လုပ်နေကြတာမှန်ပေမယ့် ကြီးပွားတိုးတက်မှုတွေကိုတော့ တန်းတူမခံစားကြရပါဘူး။ ကြီးပွားတိုးတက်တဲ့သူတွေရှိသလို ဆင်းရဲနိမ့်ကျတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုကွဲပြားမှုတွေမဖြစ်ရအောင် လုပ်သင့်တာကိုလုပ်ပြီး မလုပ်သင့်တာကိုမလုပ်မိဖို့ အရေးကြီးပါတယ်။
