Nov 19, 2024

မြန်မာနိုင်ငံကို စစ်သုံးကြိမ်ပြု၍ နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်သွားခဲ့သော အုပ်ချုပ်သူနယ်ချဲ့အစိုးရကို ပထမဆုံးထိထိရောက်ရောက် တော်လှန်ခဲ့သောနေ့ကို နောင်လာနောက်သား အမျိုးသားတို့ အမှတ်တရရှိစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ အစဉ်နိုးကြားနေစေရန်အလို့ငှာ မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ လွန်ခဲ့သော နှစ်ပေါင်း ၁၀၂ နှစ်က သတ်မှတ်ခဲ့လေသည်။
Nov 19, 2024

ဆောင်းဦးကာလ နံနက်စောစောတွင် လမ်းလျှောက်သူများကို ပိုမိုတွေ့မြင်လာရသည်။ လူကြီး၊ လူငယ်၊ လူလတ်အရွယ် ပေါင်းစုံတွေ့မြင်ရသည်။ ခပ်မှန်မှန်ပြေးနေကြသူများ၊ စက်ဘီးစီးကြသူများကိုလည်း တွေ့ရသည်။ ကျန်းမာရေး ပိုမိုလိုက်စားလာကြသည်။ ပြည်သူများ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိလာကြသည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုလျှင် တိုးတက်မှုပင်ဖြစ်သည်။
Nov 19, 2024

မြန်မာဟာ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်ပေါတဲ့ နိုင်ငံတစ်ခုပါ။ ရှေးကဘိုးတော်အနော်ရထာမင်းကြီး လက်ထက်ကစလို့ နိုင်ငံတည်ဆောက်ရေးတည်ငြိမ်အေးချမ်းရေးအဖို့ရာမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး အလေးအနက်ထားလုပ်ခဲ့တာပါပဲ။ ငတ်ရင်၊ စားနပ်ရိက္ခာ မလုံလောက်ရင် ပြည်ပျက်မယ်။ ရိုးရိုးလေးပဲ။ ခေတ်အဆက်ဆက် စိုက်ပျိုးရေး၊ ဆည်ဆောက်ရေးကို အလေးထားလုပ်ခဲ့ကြတာကြောင့်လည်း မြန်မာဟာသမိုင်းမှာ အငတ်ဘေး ဆိုက်ရောက်တဲ့ဖြစ်ရပ်မျိုး ကြီးကြီးမားမားမကြုံဖူးဘူး။
Nov 19, 2024

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်းလဆုတ် ၁၀ ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့။ ထိုနေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားတို့သည် အင်္ဂလိပ်ဗျူရိုကရက်တို့က မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် ပြဋ္ဌာန်းလိုက်သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်သောနေ့ဖြစ်သည်။ တစ်နည်းဆိုသော် မြန်မာ့သမိုင်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက နယ်ချဲ့ဗြိတိသျှ အစိုးရကို ပထမဆုံးဆန့်ကျင်တိုက်ပွဲဝင်သောနေ့ဖြစ်သည်။
Nov 18, 2024

ဧရာဝတီတိုင်းဒေသကြီးသည် စပါးကိုအဓိကစိုက်ပျိုးသော မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်း၍ စျေးကွက်ရှိသော စပါးမျိုးများအား ရွေးချယ်စိုက်ပျိုးသင့်လာပါသည်။ ယင်းမျိုးများထဲမှ ပေါ်ဆန်းအုပ်စုကို ထုတ်ကုန်အဖြစ် စိုက်ပျိုးရန် ပေါ်ဆန်းစျေးကွက်ကို ဈေးကွက်ဝင်အမှတ်တံဆိပ်တစ်ခုအဖြစ် ပြည်တွင်းသာမက ပြည်ပအထိ တန်ဖိုးမြင့်ထုတ်ကုန်ဆန်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်လာပါသည်။
Nov 18, 2024

ခေါင်းစဉ်မှာကိုက ကျွန်တော်ချစ်သောဆိုသည့် ဝေါဟာရနှင့်အစပျိုးလိုက်မိပြီးသကာလ ချစ်ရသောအကြောင်းရင်းကို ထင်းလင်းစွာရှင်းပြရန် အလိုလိုတာဝန်ရှိလာချေပြီတမုံ့။ သမဝါယမကောလိပ်(မန္တလေး)၊ သမဝါယမကောလိပ်(ဖောင်ကြီး)ကို ရောက်ဖူးသူများ၊ ထိုကောလိပ်များ၌ တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ၊ ပုဏ္ဍရိက်တန်း၊ ပျားအုံလမ်းနှင့် ရန်ကင်းတောင်ခြေမှာနားခိုရင်း ပညာရင်နို့သောက် စို့ခဲ့ကြဖူးသော ကျောင်းသား ကျောင်းသူဟောင်းများအနေဖြင့်မူ ကျွန်တော်ချစ်ရသည့်အကြောင်းရင်းကို ကြိုတင်သိနှင့်ပြီး ဖြစ်ပါလိမ့်မည်။ သမဝါယမကောလိပ်များ၏ ထူးခြားသောပရိဝုဏ်ကို ကျွန်တော်ချစ်သည်။
Nov 18, 2024

၁၉၂၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသည် မကြာမီရက်ပိုင်းအတွင်း နှစ်(၁၀၀)ပြည့်မြောက်တော့မည်ဖြစ်ပြီး ရာပြည့်သဘင်ကျင်းပရန် အင်ဂျင်နီယာအသိုက်အဝန်းတစ်ခုလုံး တက်တက်ကြွကြွ လှုပ်ရှားလုပ်ကိုင်နေကြပြီဖြစ်သည်။
Nov 18, 2024

အဂတိလိုက်စားမှုဆိုသည်မှာ မတရားသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်းဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုသည်။ အဂတိလိုက်စားမှုကိုဖြစ်စေသော အဓိကအကြောင်းတရားလေးပါးရှိသည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ “ဆန္ဒာဂတိ - ချစ်သဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဒေါသာဂတိ - မုန်းသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဘယာဂတိ - ကြောက်သဖြင့် ဘက်လိုက်ဆုံးဖြတ် ခြင်း၊ မောဟာဂတိ - အမှားအမှန်မသိသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း”ဆိုသည့် အဂတိတရားလေးပါးကို သတိပြုဆင်ခြင်ကြရန် မြတ်စွာဘုရားရှင်ကဟောကြားခဲ့သည်။
Nov 18, 2024

မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သော သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန်စီစဉ်နေကြလေပြီ။
Nov 17, 2024

အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးတို့သည် မွေးဖွားသည်မှစ၍ တူညီသောအခွင့်အလမ်းများနှင့် အခွင့်အရေးများရှိကြသည်။ လူသားဖြစ်တည်မှုတွင် လူသားတစ်ယောက်၏ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့သည် ညီမျှသောအခြေခံစံနှုန်းများဖြစ်သည်။ နိုင်ငံတကာတွင် ကျား၊ မ တန်းတူညီမျှ အခွင့်အရေးရရှိမှုကို ဆန်းစစ်ကြည့်ပါက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့် အခန်းကဏ္ဍများတွင် အမျိုးသားများနည်းတူ အမျိုးသမီးများပါဝင်ခွင့်ရရှိရေး အားနည်းခဲ့သည်။ ကမ္ဘာပေါ်တွင် အမျိုးမျိုးသောအခြေအနေများကြောင့် သန်းပေါင်းများစွာသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ အလွဲသုံးစားမှုများ ခံစားနေရချိန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာပေးနိုင်ရေးသည် အထူးအရေးပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေပြီးနက်နဲစွာအမြစ်တွယ်နေသည့် ပြဿနာတစ်ရပ်လည်းဖြစ်သည်။