Sep 09, 2024

နိုင်ငံတစ်နိုင်ငံတွင် ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာ၌ နိုင်ငံအတွင်းရှိ လူဦးရေ၏ အချက်အလက်အရင်းအမြစ်တို့အပေါ် မူတည်ဆောင်ရွက်ရသည်။ နိုင်ငံအတွင်းရှိ လူဦးရေအားလုံး၏ အသက်အရွယ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အလုပ်အကိုင်၊ ယောက်ျား၊ မိန်းမစသည့်စာရင်းအင်း အချက်အလက်များကို တိကျမှန်ကန်စွာသိရှိနိုင်မှသာ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို စနစ်တကျ တွက်ချက်ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် လူဦးရေအားလုံး၏ စာရင်းအင်း အချက်အလက်များကို အသေးစိတ်ကောက်ယူမှတ်တမ်းပြုစုရသည့် လုပ်ငန်းသည် အလေးထားလုပ်ဆောင်ရမည့်လုပ် ငန်းဖြစ်ပါသည်။ ထိုသို့လူဦးရေအားလုံး၏ စာရင်းအင်းအချက်အလက်များကောက်ယူသည့်လုပ်ငန်းကို သန်းခေါင်စာရင်းကောက်ယူခြင်းဟု ခေါ်သည်။ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူဆောင်ရွက်ရသည်ဖြစ်ရာ သန်းခေါင်စာရင်းဟူသော ဝေါဟာရသည် ၁၀ နှစ်တစ်ကြိမ် လူဦးရေရေတွက်ခြင်း သို့မဟုတ် လူဦးရေစာရင်းကောက်ယူခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။
Sep 09, 2024

တိုင်းပြည်မှာ အကျပ်အတည်းပေါင်းစုံရဲ့ အကြောင်းတရား၊ ရှိရှိသမျှများစွာသော အကြောင်းတရားများစွာမှာ အလျင်အမြန်ဖြေရှင်းပေးရမယ့် သော့ချက်အကျဆုံးပြဿနာက ပြည်တွင်းတည်ငြိမ်ရေးမှလွဲပြီး အခြားမရှိပါ။ နိုင်ငံမှာ စစ်ကြောင့် ပျက်စီးမှုတွေ၊ ရေကြည်ရာမြက်နုရာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတွေ၊ သေကွဲရှင်ကွဲခွဲကြရတဲ့ အရွယ်မမြောက်လူမမည်တွေနဲ့ နေရာအနှံ့ဆိုးသွမ်းစရိုက်တွေ၊ ဆုံးရှုံးသွားရတဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ စိုးရိမ်သောကတွေ၊ တစ်သက်လုံးစုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရတဲ့အတွက် အနာဂတ်မဲ့သွားသူတွေ၊ အဖျက်အင်အားစုတွေကြား သားကောင်ဖြစ်ရသူတွေ။
Sep 08, 2024

“သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး ဤရှစ်လုံးကို၊ သီကုံးပန်းသွင်နေ့တိုင်းဆင်လော့”လို့ ဆိုကာ ရှင်မဟာရဋ္ဌသာရက ဧကပိုဒ်ရတုနဲ့ရေးသားခဲ့ပါတယ်။ စာရှစ်လုံးမှာ ပါဠိစကားတို့ရဲ့ အစစာလုံးတွေဖြစ်ကြပြီး သုဏေယျ၊ စိန္တေယျ၊ ပုစ္ဆေယျ၊ ဘာသေယျ၊ ဝိစာရေယျ၊ လိခေယျ၊ သိက္ခေယျနဲ့ ဓာရေယျတို့ဖြစ်ကြပါတယ်။
Sep 08, 2024

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် ဝမ်းစာရေးရှာဖွေရာတွင်လည်းကောင်း၊ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးတရားများ ရှာဖွေအားထုတ်ရာတွင်လည်းကောင်း စာပေတတ်မြောက်မှုသည် အလွန်ပင်အရေးကြီးသည်။
Sep 07, 2024

လူတစ်ဦးသည် စာဖတ်တတ်၊ ရေးတတ်လျှင် စာတတ်သည်ဟု ယေဘုယျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။ ခေတ်သစ်ကမ္ဘာကြီးတွင်မူ သီးသန့်နယ်ပယ်တစ်ခု၌ အသိပညာ ဗဟုသုတကြွယ်ဝခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းကို စာတတ်မြောက်သည်ဟု ဆိုလာကြသည်။ စာတတ်မြောက်မှု အယူအဆသဘောတရားသည် တဖြည်းဖြည်းပြောင်းလဲလာနေပြီဖြစ်သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်မှု၌ ဘာသာစကား၊ ကိန်းဂဏန်းအချက်အလက်၊ ဓာတ်ပုံ၊ ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြားသောဗဟုသုတများကို သိရှိနားလည်ခြင်း၊ ကျွမ်းကျင်တတ်မြောက်ခြင်းနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းတို့လည်း အကျုံးဝင်လာသည်။
Sep 05, 2024

မိမိတို့နိုင်ငံသားများ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလများမှစတင်၍ နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံမှု၊ နိုင်ငံခြားသို့သွားရောက်မှု ပိုမိုများပြားလာပါသည်။ နိုင်ငံတော်တာဝန်ဖြင့် သွားရောက်ရခြင်း၊ မိမိအစီအစဉ်ဖြင့်သွားရောက်ရခြင်း အမျိုးမျိုးရှိကြရာ နိုင်ငံ့တာဝန်ဖြင့်သွားရောက်ရခြင်း၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်အဖြစ် သွားရောက်ရခြင်းသည် မိမိနိုင်ငံကို ကိုယ်စားပြုသွားရောက်ရခြင်းဖြစ်သဖြင့် ပိုမိုတာဝန်ကြီးပါသည်။ မိမိ၏ဝတ်စားဆင်ယင်မှုမှအစ အပြောအဆို၊ အပြုအမူလှုပ်ရှားမှုသည် မိမိကိုသာမက ကိုယ်စားလှယ်အဖွဲ့နှင့် အဆုံးစွန်အနေဖြင့် နိုင်ငံကိုပါရောင်ပြန်ဟပ်စေပါသည်။ လူမျိုးအမည်တပ်၍ သုံးသပ်ပြောဆိုလာနိုင်ပါသည်။
Sep 05, 2024

ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် လေထုညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရုံသာမက လူသားတို့၏ ကျန်းမာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း ထိခိုက်စေလျက်ရှိပါသည်။
Sep 04, 2024

ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့်အခါ အရာရာတိုးတက်မှုနှင့် စိန်ခေါ်မှုက ဒွန်တွဲစမြဲပင်ဖြစ်သည်ကို ဆင်ခြင်ရတော့မည်ဖြစ်ပါသည်။
Sep 04, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Sep 04, 2024

ပြင်လက်စဆိုင်ကယ်များအကြား ဦးစိုင်းပန်းစိန်သည် အလုပ်များနေသည်။ ဦးစိုင်းပန်းစိန်၏လုပ်ငန်းခွင်သည် အလုပ်များလေ ဝင်ငွေများလေဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးရေးကို ကိုယ်တိုင်ကိုယ်ကျ နှစ်ဆကြိုးစားလျက်ရှိသည်။