Skip to main content

သင့်အတွေးဟာ သင်ပါပဲ

 

“ ကျယ်သည့် စကြဝဠကြီးထဲတွင် ကမ္ဘာကြီးသည် ဖုန်မှုန့် ကလေးတစ်မှုန်မျှသာ ဖြစ်ပါသည်။ လူ၏ ဘဝတစ်သက်တာ ဆိုသည်မှာလည်း ဖျတ်ခနဲ တစ်ချက်ကြာမျှသာ ဖြစ်ပါသည်။ တိုတောင်းလွန်းလှသော ဘတာတွင် တကယ့် အလှသကိုသာ စိတ်ထဲတွင် ကိန်းဝပ်ပါစေ။ ကမောက်ကမ ရှေ့နောက် အဆီအဒေါ် တည့်သည့် ကိစ္စများအပေါ် အချိန်ဖြုန်းခြင်းမပြုပါနှင့် "

ဒေါက်တာသိန်းလွင်

(ဘာသာပြန်)

Mind of No Limits

(အင်တာနေရှင်နယ်မဂ္ဂဇင်း စာ-၃၃မှ) ချစ်စွာသောတူမောင် ရွှင်လန်းချမ်းမြေ့ပါစေ -

သင်စဉ်းစားသည့်တိုင်း သင်ဖြစ်နေပါသည်တဲ့။ “You are what you thinkဆိုတဲ့ စကားကို တူမောင်ကြားဖူး လိမ့်မယ်ထင်ပါတယ်။ လူတစ်ယောက်ဟာ တစ်စုံတစ်ရာကို ဘယ်လိုသလဲ။ ဘာကို သူက တွေးတောစဉ်းစားနေသလဲ။ အဲဒါဟာ သူပါပဲ။

စပါးရိတ်ဖို့၊ လယ်ကွင်းဆင်းဖို့၊ စပါးကိုရောင်းဖို့ စဉ်းစားနေတဲ့ လူဟာ လယ်သမားဖြစ်မှာပေါ့။

စာသင်ဖို့၊ သင်တန်းသားတပည့်တွေအကြောင်း၊ ကနေ့သင်မယ့် သင်ခန်းစာကို ဘယ်လိုလွယ်ကူနလည်စေအောင် သင်ရမလဲ တွေးတောကြံဆနေတဲ့လူဟာ ကျောင်းဆရာတစ်ဦး ဖြစ်မှာပေါ့။ ကုန်သည်ပွဲစားဟာ ဒါမျိုးမစဉ်စားပါဘူး။

အလားတူပါပဲ ဈေးသည်ကဈေးရောင်းဈေးဝယ်ကိစ္စတွေ စဉ်းစား မယ်။ ကားမောင်းသမားက ကားအကြောင်းဆိုင်ရာတွေ တွေးတော မယ်။ အဆိုတော်က သီချင်းအကြောင်း သံစဉ်ရှာဖို့ စိတ်ဝင်စားမယ်။ ရုပ်ရှင်ဒါရိုက်တာက ဘယ်ဇာတ်ကွက်ကို ဘယ်လိုချိတ်ဆက်ပြီး ပရိသတ်စွဲမက်အောင် ဆွဲဆောင်မလဲ စဉ်းစားတွက်ချက်မယ်။ ဟုတ်ပြီ၊ သဘောပေါက်ပြီ။

ကိုယ်နဲ့ဆိုင်ဆိုင်ရပဲ ခေါင်းထဲထည့်နေကြရရှာတာပဲ။အကယ် ၍သာ စိတ်ဟာဘောင်မဲ့ပြန့်ကားခဲ့လျှင် အရာရာတိုင်း ဟာ အကန့် အသတ်ဘောင်မဲ့မှာဖြစ်ပါတယ်။ အဲဒီလိုစိတ်မျိုးဟာ နေရာတိုင်းမှာ အဝင် အဆင်ပြေစေလိမ့်မယ်။ တစ်နေရာရာ၊ တစ်ခုခုမှာ တွယ်ကပ် ငြိတွယ်မနေဖို့ ဆိုလိုတယ်။

ဒါသော စာရေးလေးဟာစာရေးကြီးဖြစ်လာနိုင်မယ်။ စာရေးကြီးမှ ရုံးအုပ်ဖြစ်လာမယ်။ ရုံးအုပ်မှ အလုပ်သင်အရာရှိဖြစ်လာမယ်။ ထိုမှ တစ်ဆင့် ရရှိငယ်ဖြစ်လာနိုင်မယ်။ ပြီးရင် အရာရှိအလတ်တန်းစား ဖြစ်လာပေမယ်။ နှစ်ပေါင်း ၂ဝ-၃ဝ အလုပ်ခွင်အတွေ့အကြုံ ရင့်ကျက် လာတေ ထိပ်ဆုံးအမှုဆောင်အရာရှိ သည်အထိအဆင့်ဆင့် တာဝန် တွေ မြင့်မားလာနိုင်တာပေါ့ကွယ်။

စာရေးလေး (အောက်တန်းစာရေးလို့ အချို့က ခေါ်ကြတယ်) အနိမ့်ဆုံးဝန်ထမ်းဘဝမှာ မိမိရရှိတဲ့ စားပွဲခုံလေဒ ကုလားထိုင်လေး အင်ချည်သာတွေးတောနေတဲ့လူဟာစာရေးကြီး အထက်တန်း စာရေးတာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်ပါ့မလား၊ မဖြစ်ပါဘူး။ စဉ်းမှ မစဉ်စောဖူးဘဲ။ တကယ် ဘယ်ဖြစ်လာမှာလဲ။ အမှန်တကယ် ရာထူး အဆင့်ဆင့်တိုးပြီး တပ်ကြပ်ကြီးစာရေးအဖြစ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့လူတွေလည်း ရှိဖူးပါရဲ့ဗျာ။ သူတို့က ဘာကြောင့် ဖြစ်လာ တာလဲ။ စဉ်းစားထားလို့ပေါ့။ အရာခံဗိုလ်ဖြစ်လာရင် ဘာလုပ်မယ်။ ဗိုလ်အဆင့်ဖြစ်လာရင် ဘာတွေထမ်းဆောင်ပြလိုက်မယ်။ စွမ်းစွမ်း တမံ ရန်သူကို ချေမှုန်းပြလိုက်စမ်းမယ်လို့ တွေးတော စဉ်းစားခဲ့တဲ့ လူစားတွေမို့ပဲ ပေါ့ကွယ်။ ရှင်းရှင်းလေးပဲ။

တွေးပါ။ ရဲရဲ တွေတောစမ်းပါ။

အိပ်မက်ဆိုတာ လူတကာ မက်ခွင့်ရှိတာပဲ။

အနာဂတ်ဆိုတာ ဘာအတားအဆီး၊ ဘာအကန့်အသတ်မှ ရှိတာ မဟုတ်ဘူး။ အနာဂတ်ဆိုတဲ့ အိပ်မက်ကို အကန့်အသတ်မရှိ လူတိုင်း မိမိမက်ချင်ရာ မက်ခွင့်ရှိတာပဲ။ သေးသေးကွေးကွေးတွေ ရွေးမက် မနေနဲ့။ ကြီးကြီးကျယ်ကျယ်သာ ဆော်။

ဆင်ကြီးကို ဂဠုန်ချီ စသည်ဖြင့်ပေါ့နော်။ နှံပြီစုတ်လောက် ထည့်တွေးမနေနဲ့။ မိမိကိုယ်ကို ဘယ်လိုထားသလဲ။ မိမိအတွေးဟာ ဘယ်လောက်မြင့်မားသလဲ။ မိမိရဲ့ စိတ်ထားဟာ ဘယ်လောက် မွန်မြတ် ကြည်လင်သလဲ။

ဟုတ်ပြီ၊ ဟုတ်ပြီ။ အဲဒါဟာ အသင်ပါပဲ။ တခြားလူ မဟုတ်ပါ ဘူးဗျာ။ “ရပါတယ်ကွာ။ ဖြစ်ရာဘဝမှာ ကျေနပ်ပါတယ်ကွာ" ဆိုပြီး လက် ဖက်ရည်ဆိုင်မှာ ထိုင်ထိုင်ပြီး တစ်နေ့တစ်နေ့ အချိန်တွေဖြုန်းနေတဲ့

လူစားတွေလည်း တွေ့ဖူးမှာပေါ့။ သွားပြီး အရောတဝင် လိုင်းများနဲ့။  အချိန်ဖြုန်းတဲ့လူလောက် မိုက်မဲဆိုးရွားတာ တခြားမရှိဘူး။ ပိုက်ဆံ

ဖြုန်းတဲ့လူအဖို့ ပိုက်ဆံကုန်ခဲ့သမျှ ပြန်အစားရအောင် ရှာလို့ဖွေလို့ ရနိုင်ပါသေးတယ်။ အချိန်ကိုဖြုန်းတဲ့ လူအဖို့ရာက ဘယ်တော့မှ အစား ပြန်မရနိုင်တော့ဘူး မောင်ရ။ အဲသလိုလူစားနဲ့ ဝေးဝေးနေမှ။

ဟေ့- မကျေနပ်ဘူးကွ၊ လောကကြီးမတရားဘူး။ မိုးနတ်မင်း ကြီးရာ ဒီအတိုင်းကြည့်နေတော့မှာလားဗျာ။ လောကကြီးဟာ မညီမျှ ပါလားကွ ဟေ...”

အဲသလိုအူချဉ်ပေါက်နေတဲ့ ချဉ်ပတ်တွေဆိုရင် ပိုပြီးဝေးဝေးရှောင်း၊ ပြဿနာရှာနေတဲ့ ကောင်ဗျ။ လောကကြီးဟာဘယ်ညီမျှမှာလဲမောင်၊

တောင်တို့မည်သည် မညီညာချေလို့မှတ်။ ပဲခူးရိုးမကြီးကိုကြည့်။ မြင့်တဲ့နေရာမြင့်ပြီး နိမ့်တဲ့နေရာ နိမ့်နေတာပဲ။

ရှမ်းရိုးမကြီးကိုကြည့်လိုက်။

မြင့်တဲ့နေရာမှာမြင့်ပြီး ချိုင့်တဲ့နေရာ ချိုင့်နေတာပဲ မဟုတ်လား။ ဘယ်ညီမှာလဲ။

ရခိုင်ရိုးမကြီးကို ကြည့်လိုက်ဦး။ နိမ့်ရာကနိမ့် မြင့်ရာကမြင့်ပါပဲ။ ဘယ်သူကတန်းတူ ညီညီညာညာဖြစ်လာအောင် ညှိပေးနိုင်မှာလဲ။ တောင်တို့မည်သည် မညီညာနိုင်ပေ။ ဒါဟာ ပကတိတရားပဲ။ အချို့ဟာ ချမ်းသာမယ်။ ကြွယ်ဝကြမယ်။ အချို့ ဟာ ဆင်းရဲကြမယ်၊ မွဲတေကြမယ်။ အချို့ဟာ ပညာတတ်ကြတယ်။ အချို့က ပညာမဲ့ကြတယ်။ စသည်ဖြင့် ဘဝတွေဟာ မတူညီနိုင်ကြပေဘူး။

ဘာပဲဖြစ်ဖြစ် အဲဒါတွေ အားလုံးဟာ အကြောင်းမဲ့ ဖြစ်ပေါ်နေ  တာတော့ မဟုတ်ဘူး။ လောကကြီးက ဖန်တီးပေးတာလည်း မဟုတ် ဘူး။ မိုးနတ်မင်းကြီး ဖန်ဆင်းထားတာလည်း မဟုတ်ဘူး။ သိကြားမင်း လည်း မစီရင်ပါဘူး။ သူ့အကြောင်းနဲ့သူ။ ဘယ်သူမပြု မိမိမှုပါ။  ကောင်းကျိုးဟာ ကောင်းတဲ့ အကြောင်းရင်းခံရှိလို့။

ဆိုးတဲ့အပြစ်ဟာ ဆိုးတဲ့အကြောင်းခံ ရှိခဲ့လို့ပေါ့။ အကြောင်းအကျိုးဆက်စပ်မှု နိယာမနဲ့ အရာရာဟာ ဖြစ်ပျက် ပြုပြင်ပြောင်းလဲနေကြခြင်း ဖြစ်ပါတယ်။ လောကကြီးကို အရွဲ့ တိုက် ပြီးမိုက်မယ်၊ သောက်မယ်၊ ဘာဖြစ်လဲကွဆိုပြီး မကြုံးဝါးမိစေနဲ့။

လောကကြီးကတော့ မောင်ရင်ရွဲလို့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ တူမောင်သာလျှင် စောင်းကန်းစောင်းကန်းနဲ့ ယိုင်လဲ ခွေကျသွားမယ်။

ကမ္ဘာကြီးက ၂၃ ဒီဂရီစောင်းပြီး လည်ပတ်နေတယ်ဆိုပဲ။ တည့် အောင်လုပ်မယ်ဆိုပြီး မောင်ရင် သွားမထမ်းနဲ့နော်။ ပြားချပ်သွားမယ်။ သဘာဝကို ပြောင်းလဲလို့မရတာတွေ အများကြီးပဲ။

အဆင်ပြေအောင် နေတတ်ပါစေ။ လူတစ်ယောက်ဟာလောကကြီးမှာပျော်ပျော်ရွှင်ရွှင် ကြည်ကြည် လင်လင် နေနိုင်ဖို့ရာ အရည်အသွေးနှစ်ရပ်ကို ဖြည့်တင်းရမယ် တူမောင်ရဲ့။

() Patience စိတ်ရှည်သည်းခံနိုင်ခြင်း။ () Perseverance ဇွဲလုံ့လရှိခြင်း။ ကမောက်ကမနဲ့ အဆီအငေါ်မတည့်တဲ့ ကိစ္စများအပေါ် အချိန် ဖြုန်းမနေချင်ပါနဲ့ကွယ်။ ဘဝဆိုတာ ဘာပဲပြောပြော တိုတိုလေးပါ။ တကယ်ပဲ တိုတိုလေးပါ။ မိမိရဲ့ စိတ်ထဲမှာ စိတ်ရှည်ရှည်နဲ့၊ ဇွဲရှိရှိနဲ့ မိမိအပါအဝင် လူသားအားလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် ကောင်းရာကောင်းကျိုးတွေကိုသာလျှင် တွေးတောပါ။ စဉ်းစားပါ။ ကြံစည်ရည်ရွယ်ပါ။

အလို.. အဲဒီအတွေးရဲ့နောက်က လိုက်ပါလာတဲ့ အပြောအဆို၊ နှုတ်အမူအရာ စကားတွေကလည်း ကျက်သရေမင်္ဂလာ ရှိကြပါ ကလား။

အလို... အလို စဉ်းစားသမျှ အောင်မြင်း၊ ပြောဆိုသမျှ အရာရောက်။ လုပ်ဆောင်သမျှ တိုးတက်ဖွံ့ဖြိုး။ မင်္ဂလာကျက်သရေတွေ ဖြိုးဝေ မောက်လျှံ၊ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်နေပါကလား။ ဟုတ်တယ်တူမောင်၊သင်စဉ်းစားတဲ့အတိုင်းသင်ဖြစ်နေပါတယ်ဆိုတာ တွေ့ပြီမဟုတ်လား။

You are what you think တဲ့။ ကောင်းတဲ့ မင်္ဂလာတွေ စဉ်းစား ( မလား။

မကောင်းတဲ့ အမင်္ဂလာ အနိဋ္ဌာရုံတွေ စဉ်းစားမလား။ ရွေးလေ၊ တူမောင် သဘောပေပကွယ်။

ချစ်စွာသော

ချစ်နိုင်(စိတ်ပညာ) အကောက်ခွန်သတင်းဂျာနယ် အတွဲ() အမှတ်(၃၅)

၁၁--၂၀၀၃