သက်ဆိုင်သူများ သိစေချင်ပါသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ သုံးကြိမ်ရှိပါပြီ။ အကြိမ်တိုင်းမှာလည်း ဘယ်လို အကြောင်းကြောင့် အရေးပေါ်ကာလ သတ်မှတ်ပြီး နိုင်ငံတော်တာဝန်ကို ယူခဲ့ရတယ်ဆိုတာရယ်၊ စဦးတုန်းကရိုးရိုးသားသား ဆန္ဒပြရာကတစ်ပတ်ခန့် အကြာကစပြီး ဆူပူအကြမ်းဖက်မှုလုပ်လာတာတွေ၊ နောက်ပိုင်းမှာ ပိုပိုဆိုးလာပြီး လုံခြုံရေးဆောင်ရွက် နေသူများသာမက အပြစ်မဲ့ပြည်သူများကိုပင် ထိခိုက်စော် ကား အန္တရာယ်ပြု တိုက်ခိုက်မှုပြုလာ တာတွေ၊ သတ်ဖြတ်ကျူးလွန်လာတာတွေကို ပြည်သူ လူထုကို အသိပေးရှင်းလင်းချပြခဲ့ပါတယ်။ မလုပ်သင့်တာ မလုပ်ကြဖို့၊ မဖြစ်သင့်တာ မဖြစ်ကြဖို့၊ ဥပဒေများကို လိုက်နာကြဖို့နဲ့ မင်းမဲ့ စရိုက်တွေ မကျူးလွန်ကြဖို့ပါ။ အနိုင်ရပါတီကို လွှဲပြောင်းပေးမယ်ဆိုတာ ကတိပြုနိုင်ငံတော် အစိုးရနဲ့ လုံခြုံရေးတာဝန်ယူနေရတဲ့ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့တို့အနေနဲ့ ဆူပူ အကြမ်းဖက် ဆန္ဒပြမှုတွေကို သိမ်သိမ်မွေ့မွေ့။ ညင်ညင်သာသာ၊ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်း ချင်တာပါ။ ဒါကြောင့်လည်း စတင်တာဝန်ယူတဲ့ နေ့ကတည်းက ပြည်သူလူထု လက်ခံနားလည်စေ၊ နိုင်မယ့် ဖွဲ့စည်းမှု၊ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်တွေ နဲ့ဆောင်ရွက်ခဲ့တာပါ။ နိုင်ငံတော်အာဏာ ကိုရေရှည် ရယူကိုင်တွယ်ထားဖို့ မရှိကြောင်း၊ မဲမသမာမှုများ ကို နည်းလမ်းတကျ မဖြေရှင်းဘဲ ရိုးသားမှန်ကန်မှု မရှိတဲ့ ရွေးကောက်ပွဲရလဒ်များနဲ့ နိုင်ငံတော် အာဏာကို မတရားသဖြင့် ရယူပြီး အဓမ္မဆောင် ရွက်လာခဲ့လို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီသာ နိုင်ငံတော်တာဝန်ယူခဲ့ရခြင်း ဖြစ်ကြောင်း အခွင့်ကြုံတိုင်း ရှင်းပြနေတာ ဖြစ်ပါတယ်။ ဥပဒေနဲ့ အညီ သတ်မှတ်ကာလအတွင်းမှာ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီ ကို စနစ်တကျ လွှဲပြောင်းပေးပါမယ်ဆိုတာ ကတိပြု ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို ကျူးလွန်ဖောက်ဖျက်သူတွေ၊ အာဏာကို မတရားသဖြင့် ရယူဖို့ကြိုးစားခဲ့သူတွေ နဲ့ ဒီနေ့ဆူပူအကြမ်းဖက်မှုကို ဦးစီးဦးဆောင် လုပ်နေသူတွေ၊ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ မြင်အောင်ကြည့်၊ သိအောင်လုပ်ပြီး မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်ကြမယ်ဆိုရင် ဒီနေ့လို အနိဋ္ဌာရုံ မြင်ကွင်းတွေ ဖြစ်လာမှာ မဟုတ်ပါဘူး၊ မြင်ရတွေ့ ရမှာ မဟုတ်ပါဘူး။ အေးအေးချမ်းချမ်း၊ သာသာ ယာယာနဲ့ မိမိတို့လိုချင်တဲ့ ဒီမိုကရေစီအစိုးရကို ရမှာပါ။ ခုတော့ မသမာသူလူတစ်စုရဲ့ မိုးလုံးမှိုင်း မုသာဝါဒတွေအောက်မှာ ပြည်သူတွေ ဒုက္ခရောက် နေကြတာ စိတ်မကောင်းစရာပါ။ ယနေ့ဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မှုများဟာ ငြိမ်းချမ်းစွာဆန္ဒပြခြင်း မဟုတ်တော့ပါ။ ရိုးရိုး သားသားလှုပ်ရှားမှုမဟုတ်ပါ။ ဥပဒေကို ကျော်လွန် ဖောက်ဖျက်နေခြင်း ဖြစ်ပါတယ်။ နောက်ကွယ်မှ မသမာသူများက ကြိုးကိုင်လှုံ့ဆော်ခြိမ်းခြောက် ကာ နိုင်ငံတော်နှင့် ပြည်သူကို ဒုက္ခရောက်လာ အောင် လုပ်နေခြင်းဖြစ်ပါတယ်။ CDM လှုပ်ရှားမှုကြောင့် ပြည်သူလူထုသာ ဆင်းရဲဒုက္ခ ဖြစ်ကြရပါ တယ်။ အစိုးရလုပ်ငန်းတာဝန်ယန္တရားများ ရပ်ဆိုင်း သွားမှာ မဟုတ်ပါ။ OM မလုပ်လို့ ၊ မပါဝင်လို့ သတင်းပေး၊ ဒလန်၊ သူလျှို စသည်ဖြင့် စွပ်စွဲအနိုင် ကျင့်တာ အဓိပ္ပာယ်မရှိပါ။ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူ လုပ်ပြီး အရှက်ခွဲ၊ အန္တရာယ်ပေး၊ လုပ်ကြံသတ်ဖြတ် တာဟာ တရားဥပဒေဖောက်ဖျက်တာမို့ အခုဆိုပြစ်ဒဏ်ကြီးကြီး ချမှတ်ခံရတာတွေဟာ သင်ခန်းစာ ယူစရာပါ။ သတိပြုစရာပါ။ Social Punishment ဆိုပြီး လုပ်ခွင့်ရှိတယ် ထင်ပါသလား။ အဲဒါက မတရားသဖြင့် အနိုင်ကျင့် ( ဥပဒေမဲ့ပြုတဲ့ Social Bullying ဖြစ်နေတယ်ဆိုတာ သတိထားမိကြပါရဲ့လား။ နောင်တစ်ချိန်မှာ Social Bullying doosoozos Social Punishment ပြန်အပေးခံရမှာက ခင်ဗျားတို့ ကိုယ်တိုင်ဆိုတာ လုံးဝမမေ့လိုက်ပါနဲ့။ အခု မတော်မတရားစွပ်စွဲ နေသူတွေအနေနဲ့ ပြစ်မှုတွေ ကျူးလွန်မိပြီး အမှား တွေလုပ်မိနေပါလားဆိုတာ သိသင့်ပါပြီ။ လမ်းတွေ ပိတ်၊ စက်ရုံ အလုပ်ရုံတွေ မီးရှို့၊ လမ်းတံတားတွေ ဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်မူ၊ အန္တရာယ်ပေး၊ တိုက်ခိုက် သတ်ဖြတ်၊ နိုင်ငံ့ဝန်ထမ်း နဲ့ ပြည်သူတွေကို ခြိမ်းခြောက်အန္တရာယ်ပြု အကြမ်း ဖက်မှုတွေ ကြောင့် အလွန်ကို ပြစ်ဒဏ်ကြီးကြီး ခံရမှာပါ။ ပေါ့ပေါ့တန်တန် မတွေးကြစေလိုပါ။ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာ ရပ်သင့်ပါပြီ။ ဥပဒေဆိုတာမသိလို့ ကျူးလွန်မိပါတယ်ဆိုတဲ့ အတွက် ခွင့်လွှတ်လို့ရတာမျိုး မဟုတ်ပါ။ အသိပညာမဲ့လုပ်ရပ်တွေနဲ့ စည်းရုံး လူမှုကွန်ရက်စာမျက်နှာတွေနဲ့ မီဒီယာမျိုးစုံ တို့က မဟုတ်မမှန် လုပ်ကြံသွေးထိုး မြှောက်ပင့်တာတွေ မယုံကြပါနဲ့။ သူတို့အကျိုးအတွက် ပြည်သူ လူထုကို စတေးနေတာပါ။ သူတို့အာဏာ ရဖို့ တစ်ခု တည်းနဲ့ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေတာ။ CRPH ဆိုတာ တရားမဝင် အဖွဲ့အစည်းပါ။ အခုတော့ မတရားအသင်း ကြေညာခံထားရတဲ့ ဝရမ်းပြေးအဖွဲ့ အစည်းပါ။ ယုတ်မာပက်စက်ပြီး အသိပညာမဲ့တဲ့ လုပ်ရပ် တွေနဲ့ စည်းရုံးသိမ်းသွင်းမှုတွေကို အသိ သတိ ဉာဏ်ပညာနဲ့ ဆင်ခြင်တွေးဆ နိုင်ကြပါစေ။ ဒေဝဒတ်ကို ဆရာမတင်မိကြဖို့ သတိပေးပါရစေ။ နွေဦးတော်လှန်ရေးတဲ့လား။ အဖိနှိပ်ခံပြည်သူ တစ်ရပ်လုံး ညီညွတ်ကြတော့တဲ့လား။ ငြိမ်းချမ်း စွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက် နှိမ်နင်းဖြိုခွင်းတယ်တဲ့လား။ စဉ်းစားကြပါ။ ဥပဒေနဲ့အညီ စည်းကမ်းတကျ ဆန္ဒပြတာမျိုး ခွင့်ပြုထားပြီးသားပါ။ လုံခြုံရေးတောင် စီစဉ်ပေးထားပါ သေးတယ်။ ဖြိုခွဲနှိမ်နင်းတာမျိုး လုပ်တယ်လို့ မကြားဖူးပါဘူး။ အခုဟာက ငြိမ်းချမ်းစွာ ဆန္ဒပြတာမှ မဟုတ်တာ။ တရားဥပဒေစိုးမိုးမှု ပျက်ပြားအောင်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်၊ ပြည်သူလူထု ဆူပူအုံကြွအောင် ဥပဒေကို ချိုးဖောက် ကျူးလွန် နေကြလို့ လုံလောက်တဲ့ အနည်းဆုံးအင်အားနဲ့ အညင်သာဆုံးဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဘယ်နိုင်ငံ ဘယ်အစိုးရမှ ဒါမျိုး လက်မခံပါဘူး။ တည်ငြိမ် အေးချမ်းမှုရအောင် ဖြေရှင်းဆောင်ရွက်ရမှာပဲ။ ထိန်းသိမ်းရမှာပဲ။ အခုလုပ်နေတာ ဒါပါပဲ။ နိုင်ငံ တည်ငြိမ်ရေး၊ ပြည်သူလူထု လုံခြုံအေးချမ်းရေး လုပ်သင့်တာကို လုပ်သင့်သလောက် လုပ်ကြမှာပါ။ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ။ မစဉ်းစား၊ မဆင်ခြင် R2P မျှော်နေသူတွေ၊ နိုင်ငံခြားတပ်တွေ ဝင်လာပါတော့လို့ အာသာ ငမ်းငမ်းတောင့်တနေသူတွေ၊ မဖြစ်နိုင်တာတွေကို မိုက်မိုက်မဲမဲ စောင့်စားနေကြသူတွေ နောက်ဆက်တွဲ ရင်ဆိုင်ကြုံတွေ့ရမယ့် ပြဿနာတွေကိုသင်ကြားထားတဲ့ ပညာတွေနဲ့ တစ်ဆင့် ပြီး တစ်ဆင့် တွေးမိကြရဲ့လား။ အမေကျော် ဒွေးတော်မလွမ်းကြပါနဲ့။ ပြည်ပအားကိုးရင် အမှားမျိုးစုံ ကြုံရလိမ့် မယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး၊ ပြည်တွင်း ပြည်ပ အလှူငွေနဲ့ ထောက်ပံ့ကြေးတွေ တောင်းနေပြီး ကိုယ်ကျိုးရှာ ဝိသမလောဘသမားတွေရဲ့ အဖျက် အမှောင့်ပယောဂတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက်တာ ထိခိုက်ဒဏ်ရာရ သေဆုံးနေကြ တာတွေ သတိထားမိကြပါရဲ့လား။ ရှေ့ကိုမထွက်၊ နောက်ကွယ်က လှုံ့ဆော်လုပ်ကြံဖန်တီးမှု အမျိုးမျိုး နဲ့ ကျောင်းသားလူငယ်တွေ ပြည်သူတွေကို ထိုးကျွေးနေတာ သတိထားသင့်ကြပါပြီ။ အေးဗိုက် နဲ့ ဓားထိုးမခံကြဖို့ သတိပေးပါရစေ။ ရှက်စရာကောင်းတဲ့ အပြုအမူတွေ သူတို့ပြောနေသလိုဒါဟာပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒဖြစ်ကြောင်း၊ CDM အောင်မြင်ပြီး မရိုးမသား အနိုင်ယူထားတဲ့ အစိုးရပြန်တက်လာမယ်ဆိုတာကို ယုံကြည်နေတုန်းပဲလား။ ဒီနေ့ လုပ်နေ ကြတဲ့ အဖျက်လုပ်ရပ်တွေ၊ စေ့ဆော်ရိုက်သွင်းမှုတွေ ပယောဂတွေအောက်မှာ လူငယ် တွေ ပါဝင်လာပြီး အကြမ်းဖက်ဆူပူ၊ ဆဲဆိုတာတွေကြောင့် လူငယ်တွေစိတ်မှာ ရိုင်းစိုင်း တဲ့ စိတ်ဝင်ပြီး အကျင့်စာရိတ္တ ပျက်ပြားလာခြင်းကြောင့် ဖြစ်လာမယ့် အန္တရာယ် တွေရော စဉ်းစားမိပါရဲ့လား။ ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံလို့ ပြောရမှာ ရှက်စရာကောင်းလောက်အောင် အမူအကျင့် ဓလေ့စရိုက်တွေ ရိုင်းစိုင်း လာကြတာ မပူပန်မိကြဘူးလား၊ ကမ္ဘာပေါ်မှာ ရှက်စရာကောင်းတဲ့ အပြုအမူတွေပါလားလို့ မတွေးမိကြတော့ဘူးလား။ ဒီနေ့ ဒီလိုဖြစ်နေရတဲ့အကျိုးတရားရဲ့ အခြေခံ အကြောင်းတွေ သိကြပါရဲ့ လား၊ မသိကြသေးဘူး၊ မတွေးမိသေးဘူးဆိုရင် တွေးကြသိကြစေချင် ပါတယ်။ မျက်စိတွေ၊ နားတွေ တစ်ဖက်တည်း ဖွင့်မထားစေချင်ပါဘူး၊ နှစ်ဖက်လုံးဖွင့်ပြီး မျှမျှတတ မှန်မှန်ကန်ကန်မြင်ကြရင် ကောင်းပါတယ်။ အဲဒီလို မဟုတ်ရင်တော့ ပညာမဲ့ရာ ရောက်ကြပါလိမ့်မယ်။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်းဆိုတာတွေ ဒီနေ့ကာလမှာ တကယ် တွေးခေါ် သုံးသပ်သင့်ပါတယ်၊ အမှားအမှန် ခွဲခြား ဝေဖန်ပြီး သွန်သင်ဆုံးမ ထိန်းသိမ်းသင့်ကြပါတယ်။ လက်လွန် ခြေလွန် မရှူနိုင် မကယ်နိုင်ဖြစ်မှ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင် လုပ်မယ်ဆိုရင် တော့ နောင်တက ခါးသီးသွားမှာပါ။ မမှားသင့်တာ မမှားအောင် သတိတရားနဲ့ ဆင်ခြင် ထိန်းသိမ်းသင့် ကြပါတယ်။ ခုဖြစ်နေတဲ့ပြဿနာက ပျက်အစဉ် ပြင်ခဏ မဟုတ်နိုင်တော့ဘူး။ ပျက်တာခဏ ပြင်ယူရမှာက ကြာလိမ့်မယ်ထင်ပါတယ်။ တိုင်းပြည် ရဲ့ အနာဂတ်ပိုင်ရှင် လူငယ်တွေ စိတ်ဓာတ်ပျက်စီးတာ တော်တော်ဆိုးတယ်။ အန္တရာယ်ကြီးတယ်။ ဒါကိုတော့ သတိထားကြစေချင်တယ်။ လူမှုကွန်ရက်က မချိမဆန့်လော်နေတာတွေ သတိထားပါ။ “တရားသောတိုက်ပွဲနိုင်ရမည်” “လူထုတိုက်ပွဲနိုင်ရမည်” တဲ့လား။ မတရားသဖြင့် ဥပဒေချိုးဖောက်ပြီး ပရမ်းပတာ လုပ်နေတာ။ စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပြီး မျက်ကန်း လမ်းလျှောက်ဖြစ်နေတာ၊ လူထုတိုက်ပွဲဆိုပြီး အပြစ်မဲ့ မသိနားမလည်တဲ့ ပြည်သူတွေနဲ့ လူငယ်ကျောင်းသား ကျောင်းသူတွေကို ရှေ့တန်းတင် မြှောက်ပေးလုပ်နေတာ တရားသလား၊လူထုတိုက်ပွဲ လို့ ခေါ်နိုင်မှာလား။ အတွေးမမှားကြပါနဲ့။ ။ သူတို့ပြောနေတဲ့တိုက်ပွဲ ဘယ်မှ မအောင် မြင်နိုင်ပါဘူး။ မယုံမရှိပါနဲ့။ အဖြေကရှိပြီးသားပါ။ ဘယ်လိုနည်းနဲ့မှ အောင်မြင်မယ့်လုပ်ရပ် ဟုတ်ကို မဟုတ်ဘူး။ လက်ရှိအစိုးရ၊ တပ်မတော် ဆိုပါတော့ဗျာ၊ ရည်မှန်းချက်၊ ဦးတည်ချက်ကို ဘယ်တော့မှ အပျက်ခံမှာမဟုတ်ဘူး၊ အမှန်တရား ကိုလုပ်နေတာ မို့ မဖြစ်ဖြစ်အောင် ဆက်လုပ်မှာ သေချာတယ်။ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်သွားမှာပါ။ အခုနည်းလမ်းအသစ်တွေနဲ့ ထပ်လုပ်နေပြန် ပါပြီ။ လူမဲ့ဆန္ဒပြတာတို့၊ Silent Strike စတာတွေနဲ့ နောက်တစ်ကြိမ်ပြန်စဖို့ လှုံ့ဆော်နေပါတယ်။ တပ်မတော်နေ့မှာ ဆူပူအကြမ်းဖက် ဆန္ဒပြကြဖို့ တာစူနေကြတယ်လို့ယူဆရပါတယ်။ မဖြစ်နိုင်မှန်း သိပေမယ့် ဆုပ်လည်းစူး၊ စားလည်းရူးဘဝမှာ ထင်ရာမြင်ရာတစ်ဇွတ်ထိုးဆက်မှားနေကြအုံးမှာပါ။ သတိတရားနဲ့သာ ဆင်ခြင်ကြပါတော့။ လုံခြုံရေးရဲ့ သဘောတရားနဲ့ တာဝန်အရတော့ ဆူပူအကြမ်းဖက်မှုရှိလာရင် ငြိမ်အောင် လုပ်မှာပါ။ မငြိမ်ငြိမ်အောင် လုပ်ရမှာပဲ။ ဆူပူအကြမ်းဖက်တာမျိုးမရှိရင်၊ တရားဥပဒေနဲ့အညီ နေထိုင်ပြုမှုကြ မယ်ဆိုရင် ဘယ်လုံခြုံရေးမှလာပြီး ထိန်းဖို့လိုမှာ မဟုတ်ဘူး။ အေးအေး ဆေးဆေး ပဲ နေနိုင်ကြမှာပါ။ အသိပညာဖြင့် ထိန်းသိမ်းခြင်းက အေးချမ်း သာယာသော လမ်းသစ်မှာ ပျော်ပျော်ပါးပါး လျှောက်ပြီး စစ်မှန်တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီအစိုးရကို စောင့်ကြို မျှော်လင့် ခရီးဆက်ကြပါစို့လားဗျာ။ သက်ဆိုင်သူအားလုံး သိစေချင်ပါတယ်ဗျာ။ ကိုတိုး