သမိုင်းရေးတောင်းဆိုမှုအခြေအနေများနှင့် အမျိုးသားရေးလိုအပ်ချက်များအရ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရသော မြန်မာ့တပ်မတော် (၂)
မောင်သမ္မာဒိဌိ
အာဏာရဖဆပလ အကွဲအပြဲနှင့် မြန်မာ့တပ်မတော်
မြန်မာ့နိုင်ငံရေးသမိုင်းစဉ်တစ်လျှောက်တွင် နိုင်ငံတော်၌ အကျပ် အတည်းများနှင့် အရေးပေါ်အခြေအနေများ ပေါ်ပေါက်ကာ ထိန်းမနိုင် သိမ်းမရ ဖြစ်သည့်အခါတိုင်း မြန်မာ့တပ်မတော် ခေါင်းဆောင်များ သည် စစ်ရေးခေါင်းဆောင်သာမက အုပ်ချုပ်ရေးခေါင်းဆောင်၊ စည်းရုံးရေးခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်များ အဖြစ် နိုင်ငံတော်တာဝန်အရပ်ရပ်ကို မလွှဲမရှောင်ဘဲ တာဝန်သိသိ သစ္စာရှိရှိ တာဝန်ယူကြရသည်မှာ သမိုင်းရေးနှင့် အမျိုးသားရေး တောင်းဆိုမှုများနှင့် လိုအပ်ချက်များက သက်သေခံလျက်ရှိပါသည်။ တကယ်တော့ ဓမ္မဓိဋ္ဌာန်ကျကျဆိုရပါလျှင် နိုင်ငံတော်၌ အန္တရာယ် အသွယ်သွယ်နှင့် အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာတိုင်း ဦးဆောင် တာဝန်ယူဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းကြီးမှာ မယိမ်း မယိုင် ခိုင်မာတောင့်တင်းသည့် တပ်မတော်ပင် ဖြစ်ပါသည်။ ။
အကြောင်းမှာ တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်း မှုနှင့်အတူ ပေါ်ပေါက်လာခဲ့သော တပ်မတော်ဖြစ်သည်နှင့်အညီ (၁)မျိုးချစ် တပ်မတော်ဖြစ်ခြင်း၊ (၂) စည်းကမ်းကောင်းသော တပ်မတော်ဖြစ်ခြင်း၊ (၃) သစ္စာရှိသော တပ်မတော်ဖြစ်ခြင်း၊ (၄) စည်းလုံးညီညွတ်သော တပ်မတော်ဖြစ်ခြင်း၊ (၅) စွမ်းရည်ရှိသော တပ်မတော်ဖြစ်ခြင်း၊ (၆) စွန့်လွှတ်စွန့်စားသော တပ်မတော်ဖြစ် ခြင်း (၇) တစ်ဦးချင်း၏ ကိုယ်ကျိုးကိုပဓာနမ ထားသော တပ်မတော် ဖြစ်ခြင်း၊ (၈) စိတ်ဓာတ်မြင့်မြတ်သော တပ်မတော်ဖြစ်ခြင်း၊ (၉) အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်ဖြစ်ခြင်း၊ (၁၁) ဇွဲ၊ လုံ့လ၊ ဝီရိယရှိသော တပ်မတော် ဖြစ်ခြင်း၊ (၁၁) ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ထားသော တပ်မတော်ဖြစ်ခြင်း (၁၂) အနာဂတ် တာဝန်များအတွက် အစဉ် အသင့်ရှိနေသည့် တပ်မတော်ဖြစ်ခြင်းဟူသည့် တပ်မတော်၏ အစဉ်အလာကောင်း များကြောင့် အင်အားအတောင့်တင်းဆုံးအဖွဲ့ အစည်းကြီးအဖြစ် ရပ်တည်နေနိုင်ခြင်းပင် ဖြစ်ပါသည်။
လွတ်လပ်ရေးရပြီး အာဏာရ ဖဆပလ အစိုးရလက်ထက်တွင် ပြည်တွင်းဆူပူသောင်းကျန်းမှုများ၊ ပြည်ပတပ်များ ကျူးကျော် ဝင်ရောက်မှုများကြောင့် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေချိန်ဖြစ်၍ ဖဆပလအစိုးရသည် တိုင်းပြည်ကို တည်ငြိမ် အောင် မဆောင်ရွက်နိုင်ခဲ့သည့်အပြင် ဖဆပလ အဖွဲ့ကြီးအတွင်း အာဏာလုမှုများဖြစ်ပွားကာ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့သည်။ အုပ်စုဖွဲ့ကာ ပုဂ္ဂိုလ်ရေး အယူအဆရေးတို့ဖြင့် အချင်းချင်းအပြန် အလှန် ဝေဖန်တိုက်ခိုက်မှုများ တစ်နေ့တခြား ပြင်းထန်မြင့်မား လာခဲ့သည်။ အစိုးရအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲရာမှတိုင်း၊ ဒေသ၊ ပြည်နယ်၊ မြို့နယ်များတွင်လည်း ဂိုဏ်းကွဲ၊ အုပ်စုကွဲများ ဖြစ်ပေါ်လာခဲ့သည်။
အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေခဲ့ကြရ
ဖဆပလအဖွဲ့ကြီးတွင် ဦးနု၊ သခင်တင်တို့ ဦးဆောင်ခဲ့သော နု-တင် အုပ်စု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော ဆွေ-ငြိမ်း အုပ်စုဟူ၍ အုပ်စုနှစ်စု အတည်အလင်းသဘောထားကွဲခဲ့ကြသည်။ ဦးနု သခင်တင်တို့က “သန့်ရှင်းဖဆပလ” ဟူ၍ လည်းကောင်း၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က “တည်မြဲ ဖဆလ” ဟူ၍လည်းကောင်း နှစ်ခြမ်းကွဲခဲ့ကြသည်။ ထိုစဉ်က နိုင်ငံရေးပါတီများ၏ ဂိုဏ်းကွဲများ သည် ကိုယ့်အုပ်စုနှင့် ကိုယ့်နိုင်ငံရေး အာဏာရရှိရေး၊ အုပ်ချုပ်ရေး၊ အာဏာဆုပ်ကိုင်နိုင်ရေး၊ ပုဂ္ဂိုလ်ရေးအရ ခေါင်းဆောင်နေရာ ရရှိရေးတို့ကို အပြိုင်အဆိုင် ကြိုးပမ်းအားပြိုင်ခဲ့ကြရာမှ ခါးပိုက်ဆောင် လက်နက်ကိုင်အဖွဲ့ အစည်းများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖွဲ့စည်း ကာ အင်အားတည်ဆောက်ခဲ့ကြသည်။ ပြည်တွင်းဆူပူသောင်းကျန်း သူများကလည်း အစိုးရ၏အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာခဲ့ကြသည်။ ထိုစဉ်က တိုင်းရင်းသားပြည်သူတစ်ရပ် လုံးမှာ အစိုးရခါးပိုက်ဆောင် လက်နက်ကိုင်များ၏ ရန်ကိုလည်း ကြောက်ရ၊ သောင်းကျန်းသူတို့၏ အန္တရာယ်ကိုလည်း ကြောက်ရ သော အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေခဲ့ရသည်။
မြို့နယ်များ နှင့် ကျေးလက်ဒေသများ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ပြတိုက်မှု ပြန်ပေးဆွဲမှု၊ ရွာဝင်မီးရှို့ လုယက်မှုများ နေရာအနှံ့အပြား ဖြစ်ပွားခဲ့ကြသည်။
တည်ငြိမ်အေးချမ်းသာယာမှုဘဝကို ရရှိခံစားခဲ့ကြရ
ထိုစဉ်ကစာရေးသူ၏ ကိုယ်တွေ့ အရကလေးဘဝမှာပင် ဇာတိမြို့ ဖြစ်သော သာယာဝတီခရိုင် စစ်တွင်းမြို့နှင့် အိုးသည်ကုန်း၊ ကြို့ပင် ကောက်မြို့များသည် ကေအင်ဒီအိုသောင်းကျန်းသူများ၊ တောတွင်း၊ ဗကပလက်နက်ကိုင်များ၏ အကြမ်းဖက်ဖျက်ဆီးမှုကို ဆိုးရွားစွာ ခံစား ခဲ့ကြရသည်။ သောင်းကျန်းသူများသည် ရပ် ရွာ လူထုကို လက်နက်ဖြင့်ခြိမ်းခြောက်ကာ ငွေကြေး၊ လက်ဝတ်ရတနာပစ္စည်း များကို အမေ့ယူရုံမက လူနေအိမ်များကိုပါ မြို့လုံးကျွတ်၊ ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြသည်။ စာရေးသူ၏မိခင်မှာ ရှိရှိသမျှ လက်ဝတ်ရတနာများကို ပေးလိုက်ရသည့်အပြင် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် အိမ်ပြန်မဆောက်နိုင်မီ ရန်ကုန်မြို့ရှိ အစ်မ၏ အစ်ကိုကြီးမိသားစုနေအိမ်သို့ယာယီသွားရောက်နေထိုင်ခဲ့ရသည်ကို ယနေ့တိုင် မမေ့နိုင်သေးပါ။ သောင်းကျန်းသူများသည် ဆက်ကြေး ပေးနေရသည့်ကြားထဲက အကြမ်းဖက် အဖျက်လုပ်ငန်းများဖြစ်သည့် ငွေကြေး၊ ရွှေလက်ဝတ်ရတနာများ အဓမ္မတောင်းခြင်း၊ အစိုးရ ရုံးဌာန အဆောက်အဦများ၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ငွေနှင့် လက်ဝတ်ရတနာမရပါက ပစ်သတ်ခြင်းတို့ဖြင့် မင်းမူနေခဲ့ ကြရာ မကြာမီတပ်မတော်စစ်ကြောင်းများမှ တိုက်ခိုက်ချေမှုန်းနိုင် ခဲ့ခြင်းကြောင့် စာရေးသူ၏ ဇာတိမြေနှင့် ပတ်ဝန်းကျင်ရှိ မြို့ရွာ များမှာ အနက်ရေင်နယ်မြေမှ အဖြူရေင်နယ်မြေအဖြစ် ရောက်ရှိ သွားကာ တည်ငြိမ်အေးချမ်းသာယာမှုကို ရရှိခံစားခဲ့ကြရ ပါသည်။
စာရေးသူသည် လွတ်လပ်ရေးရပြီး (၄)နှစ်ကြာမှ မွေးဖွားခဲ့သူ ဖြစ်ရာ ထိုစဉ်က ပြည်တွင်းသောင်းကျန်းမှု အမြင့်ဆုံးကာလဖြစ်သည် ကို သမိုင်းက ဖော်ပြနေပါသည်။ ငယ်စဉ်က ကိုယ်တွေ့ကြုံတွေ့ခဲ့ ရသော သောင်းကျန်းသူများလုပ်ရပ်များကို နိုင်ငံတော်ထုတ် သတင်းစာသီးသီးတွင် ဆောင်းပါးများရေးသားတင်ပြရုံမက မြန်မာ့ အသံတွင် လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်က “ပြည်ထောင်စုသွေး“ အမည်ရှိ အသံလွှင့်ဇာတ်လမ်းကို ရေးသားတင်ဆက်ခဲ့ရာ ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ(ဦးနေအောင်၊ အကယ်ဒမီ (ဒေါ်)ရွှေစင် ထိုက်တို့ ဦးဆောင်ပါဝင်ခဲ့သည်ကို အမှတ်ရနေဆဲ ဖြစ်ပါသည်။ ထိုအသံလွှင့်ဇာတ်လမ်းကို ပြည်ထောင်စုနေ့ဏ်ပြု ဇာတ်လမ်း၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းပါ ထုတ်လွှင့်ခဲ့ ပါသည်။ စာရေးသူကိုယ်တိုင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင် ခဲ့သော ၁၉၆၉ ခုနှစ်တွင် ထိုစဉ်က စစ်တက္ကသိုလ် အမှတ်စဉ်(၁၆) နှင့် အလုပ်သင်ဗိုလ် အမှတ်စဉ်(၁)တို့ ခေါ်ယူနေချိန်ဖြစ်ရာ စာရေးသူ ၏ ယာဘက်မျက်လုံးတွင် တိမ်သလ္လာစွဲနေခဲ့သဖြင့် ခွဲစိတ်ပြီး မျက်မှန် တပ်ရသောကြောင့် ဝင်ခွင့်စာမေးပွဲကို မဖြေဆိုနိုင်ဘဲ စွန့်လွှတ် ခဲ့ရပါသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ကြားပြီးနောက် ပုံနှိပ်မီဒီယာခေါ် စာနယ်ဇင်းဆိုင်ရာ အရာထမ်း အဖြစ် တာဝန်ထမ်းဆောင်ဖြစ်သွားခဲ့ပါသည်။
ပြိုကွဲရတော့မည့် အခြေအနေဆိုးကြီး ဆိုက်ရောက်ခဲ့
၁၉၅၈ ခုနှစ်တွင် နယ်မြေဒေသအနှံ့၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု၊ ရွာဝင်ရှို့၊ လုယက်မှု၊ အနုကြမ်းစီးမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေးပါတီများ၏ ခါးပိုက်ဆောင် တပ်များ၏ အားပြိုင်မှုများကြောင့် နိုင်ငံတော်တွင် အုပ်ချုပ်ရေး ပျက်ပြားပြီး ပရမ်းပတာ ပြိုကွဲရတော့မည့် အခြေအနေဆိုးကြီး သို့ ဆိုက်ရောက်ခဲ့သည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်ကပင် နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် “အိမ်စောင့်အစိုးရ” (Caretaker Government) အဖြစ်တာဝန်ယူပြီး နိုင်ငံတော်တာဝန် အရပ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းအား လွှဲအပ်ပေးခဲ့ရသည်။
၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် အိမ်စောင့် အစိုးရတာဝန်ကို ယူခဲ့ရသောတပ်မတော်သည် တိုင်း ခရိုင်၊ မြို့နယ် များတွင် လုံခြုံရေးကော်မတီများကိုဖွဲ့စည်းကာ နိုင်ငံတော်တစ်ဝန်း တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးတို့ကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ပြည်တွင်းဆူပူသောင်းကျန်းမှုများကို လည်း ထိရောက်စွာ နှိမ်နင်းနိုင်ခဲ့သည်။ တပ်မတော်သည် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လုံခြုံလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးကာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သည့်ဦးနု ဦးဆောင်သော ပြည်ထောင်စုအစိုးရ (ပထစ)အား နိုင်ငံတော် ၏ တာဝန်အရပ်ရပ်ကို ငြိမ်းချမ်းစွာ ပြန်လည်လွှဲအပ်ပေးခဲ့သည်။ ဤသည်မှာလည်း ထိုစဉ်က သမိုင်ရေးတောင်းဆိုမှု အခြေအနေ များနှင့် အမျိုးသားရေးလိုအပ်ချက်များအရ တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် မလွှဲမရှောင်သာ သောကြောင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ။
ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း အုပ်စုများဖွဲ့စည်း၍ အာဏာလု အားပြိုင်မှုများဖြစ်ပေါ်လာခဲ့ကာ အုပ်ချုပ်ရေးယိမ်းယိုင်လာခဲ့သည်။ ထိုအချိန်တွင် ပြည်ပသြဇာခံ ရှမ်းစော်ဘွားဟောင်းအချို့က ဦးဆောင်ကာ ရှမ်းပြည်နယ်ကို ပြည်ထောင်စုကြီးထဲမှ ခွဲထွက်ပြီး ထိုစဉ်ကအရိကန်ဦးဆောင်သော စစ်အုပ်စုကြီး တစ်ခုဖြစ်သည့် “ဆီတိုးစစ်အုပ်စု' (SEATO-Southeast Asia Treaty Organizatin)ထဲသို့ ဝင်ရောက်ရန်ကြိုးပမ်းလာခဲ့ရာ အာဏ၏ ပထစ အစိုးရမှာ ဦးဆောင်ဖြေရှင်းနိုင်ခြင်းမရှိ ဖြစ်နေ သောကြောင့် တပ်မတော်သည် ပြည်ထောင်စုပြိုကွဲတော့မည့် အခြေ
နေဆိုးကြီးထဲမှ ကယ်တင်နိုင်ရန် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၌ “တော်လှန်ရေးကောင်စီ အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော် ၏ တာဝန်အရပ်ရပ်ကို ဝင်ရောက်ရယူ ကယ်တင်ခဲ့ရပြန်ပါသည်။ ဤသည်မှာလည်း ထိုစဉ်က သမိုင်းရေးတောင်းဆိုမှု အခြေအနေ များနှင့် အမျိုးသားရေးလိုအပ်ချက်များအရ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် မလွှဲမရှောင်သာ သောကြောင့် ပါဝင်ဆောင်ရွက်ခဲ့ရခြင်း ပင်ဖြစ်သည်။
စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်ပေါ်လာခဲ့
၁၉၈၈ ခုနှစ်တွင် တိုင်းပြည်၏ စီးပွားရေးကျဆင်းလာမှုကြောင့် ပြည်သူလူထုအများစုမှာ စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်ပေါ်လာခဲ့ရာ ထိုစဉ်က နိုင်ငံတော်၏ ဦးဆောင်ပါတီကြီးဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီက အရေးပေါ်ပါတီညီလာခံကို ကျင်းပ ကာ စီးပွားရေးမူဝါဒများအပြောင်းအလဲအစီအစဉ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။ သို့ရာတွင် ထိုနှစ် မတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော ထိုစဉ်က ကြို့ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားအချို့နှင့် အရပ်သားလူငယ်အချို့ လက်ဖက်ရည်ဆိုင် တွင် ကက်ဆက် သီချင်းခွေ ဖွင့်ခိုင်းရာမှ ခိုက်ရန်ဖြစ်ပွားကာ လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက်မီးရှို့ ဖျက်ဆီးသည်အထိ ရန်ပွဲ ကြီး ဖြစ်လာခဲ့သည်။ ထို့ကြောင့် ထိုစဉ်က လုံထိန်းတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရာစက်မှုတက္ကသိုလ် ကျောင်းသား မောင်ဘုန်းမော် သေဆုံးသွားခဲ့ရာမှ အစပြု၍ အမှိုက်ကစ ပြာသာဒ်မီးလောင် သလိုဖြစ်သွားတော့သည်။ ထိုစဉ်က အထိန်းသိမ်းခံကျောင်းသားအချို့ ပြန်လည်လွှတ်ပေးရေးနှင့်တက္ကသိုလ်သမဂ္ဂအဆောက်အဦ ပြန်လည် ဆောက်လုပ်ရေးကိုသာ သွေးရိုးသားရိုး တောင်းဆိုခဲ့ကြသော်လည်း နိုင်ငံရေးအမြတ်ထုတ်သူများ၊ ပွဲလှန့်၍ဖျာခင်းလိုသူများ၊ ခါတော်မီ နိုင်ငံရေးလုပ်စားလိုသူများ၊ သည်ယုန်မြင်၍ သည်ခြုံထွင်သူများ၊ အမျိုးသားသစ္စာဖောက်များ၊ အစိုးရကပေးသော အခွင့်အရေးများကို တနင့်တပိုး ရယူခံစားပြီး ကျေးဇူးကန်းမိစ္ဆာဒိဋ္ဌိ နိုင်ငံရေးသမားများ၊ တောမီးလောင်၍တောကြောင်လက်ခမောင်းသော်သူများ၊ အမျိုးသား သစ္စာဖောက်များသည် ရိုးသားဖြူစင်သော တက္ကသိုလ်ကျောင်းသူ ကျောင်းသားများကို လူပေါ်လူဇော် ဆရာကြီးလုပ်ကာ ဒီမိုကရေစီကို ဗန်းပြ၍လူထုကို လမ်းပေါ်သို့ဆွဲတင်ပြီး ဆူပူအကြမ်းဖက် စေခဲ့ကာ ကြားဖြတ်အစိုးရအာဏာရရှိရေးကိုသာ တစိုက်မတ်မတ်တောင်းဆို ခဲ့ကြသည်။
ယခုအချိန်တွင် နိုင်ငံရေးသမာသူများ၊ နိုင်ငံရေးမိစ္ဆာဒိဋ္ဌိတို့သည် “ဖေ့စ်ဘွတ်” ကို တလွဲအသုံးချကာ အမှန်ကို အမှားလုပ်၊ အမှားကို အမှန်လုပ်၍ သတင်းလုပ်ကြံမှုများ” ဖြင့် လူငယ် လူရွယ်ကလေး များကို သွေးထိုးလှုံ့ဆော် အကြမ်းဖက်ခိုင်းသကဲ့သို့ ထိုစဉ်က နိုင်ငံခြားအသံလွှင့်ဌာနများ ဖြစ်ကြသည့် “ဘီဘီစီ ဗွီအိုအေ" တို့ကလည်း မဟုတ်မမှန် လုပ်ကြံသတင်များဖန်တီး၍ “စစ အရေး အခင်းကြီး“ကို အရှိန်မြင့်သည်ထက်မြင့်အောင် သွေးထိုးလှုံ့ဆော် ပေးခဲ့သည်။
တောတွင်း ဗကပ လက်နက်ကိုင်များကလည်း “စစ ဆူပူအုံကြွမှု" နှင့် ချိန်ကိုက်၍ မိုင်းယန်း တပ်စခန်းကိုလည်းကောင်း၊ ကေအင်ယူ တယ်များကလည်း မဲသဝေါတပ်စခန်းကိုလည်းကောင်း ထိုးစစ်ဆင်ကာ တိုက်ခိုက်ခဲ့ကြသည်။ တောမီးလောင်၍ တောကြောင်လက်ခမောင်း ခတ်သည့်အလား အကြမ်းဖက်မင်းမဲ့စရိုက် အဖျက်သမားများက လူပုံအလယ်တွင် လူလူချင်း ခေါင်းဖြတ်သတ်ပွဲများကို ဥပဒေ လက်လွတ် ပြောင်ပြောင် တင်းတင်း လုပ်ဆောင်ခဲ့ကြသည်။ ဆူပူ အကြမ်းဖက်သမားများသည် သောင်းကျန်းသူ မြေပေါ်မြေအောက် အဖျက်သမားများနှင့် ပူးပေါင်းကာ စက်ရုံ၊ အလုပ်ရုံများ ကုန်တိုက်
များ စသည့်အစိုးရအဆောက်အဦများ၊ဂိုဒေါင်များကိုလုယက်ဖျက်ဆီး ခဲ့ရာ နိုင်ငံဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၅၃၃ သမ ၃၇၆ သန်း ဆုံးရှုံးခဲ့ရသည်။ အပြစ်မဲ့ဝန်ထမ်းများအပါအဝင် ပြည်သူ ၁၁၃ ဦးမှာ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည်။ ဆန္ဒပြဆူပူသူများနှင့် အကြမ်း ဖက်သူများသည် ရဲစခန်းများ၊ ထိုစဉ်က မြို့နယ်ပြည်သူ့ကောင်စီ အုပ်ချုပ်ရေးရုံများကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့ကြရုံသာမက တပ်မတော်သားများ ကို ရန်မူအကြမ်းဖက်တိုက်ခိုက်လာခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့လက်သစ် အနောက်နိုင်ငံကြီး တစ်နိုင်ငံကလည်း စစ်သင်္ဘောများဖြင့် မြန်မာ့ရေပိုင်နက်အနီးတို့ ဝင်ရောက်လာခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများပြုလုပ်လခဲ့သဖြင့် ပြည်ထောင်စုကြီး ပြိုကွဲပြီး အချုပ်အခြာအာဏာဆုံးရှုံးရတော့မည့် အခြေအနေဆိုးကြီး ဖြစ်ပေါ် လာခဲ့သည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်အရပ်ရပ် ကို ရယူ၍ နိုင်ငံတော်ကြီးကို အချိန်မီ ကယ်တင်ခဲ့ရပြန်ပါသည်။ ဤသည်မှာလည်း ထိုစဉ်က သမိုင်ရေးတောင်းဆိုမှု အခြေအနေများ နှင့် အမျိုးသာရေးလိုအပ်ချက်များအရ တပ်မတော်သည် အမျိုးသား နိုင်ငံရေဦးဆောင်မှု အခန်းကဏ္ဍတွင် မလွှဲမရှောင်သာသောကြောင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်ပါ သည်။