မြန်မာမှ ဒေါ်လာစားမီဒီညာများအကြောင်း
ဦးကျော်စိန်(ပညာရေး)
ဒီမိုကရေစီနိုင်ငံတွေမှာ မီဒီယာဆိုတာ စတုတ္ထ မဏ္ဍိုင် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင် ကြီး သုံးရပ်နဲ့ ပြည်သူလူထုအကြား ပေါင်းကူး ပေးတာ၊ ဆက်စပ်ပေးတာ၊ ထိန်းကျောင်းပေးတာ၊ တည့်မတ်ပေးနိုင်တာက မီဒီယာတွေနဲ့ မီဒီယာ သမားတွေဖြစ်တော့ စတုတ္ထမဏ္ဍိုင်လို့ အထူးပြု ထားတာဖြစ်ပါတယ်။ ဘိုလိုတော့ရရင် Media television, radio and newspapers as providers of information ဖြစ်ပြီး writing media, printed media, online media ဆိုတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ စာနယ်ဇင်း(သတင်း စာ၊ ဂျာနယ်၊ မဂ္ဂဇင်း)ဆိုပြီး သုံးခဲ့တာလည်း ရှိပါတယ်။ မီဒီယာတွေမှာ မီဒီယာကျင့်ဝတ်ဆိုတာ လည်းရှိတယ်လို့ သိရပြီး ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ကြရတယ်လို့လည်း မှတ်သားဖူးပါတယ်။ မီဒီယာလောက စော်ကားတာသည်းမခံနိုင် ၂၃-၃-၂၀၂၁ နေ့ပြုလုပ်တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ (၃/၂၀၂၁) သတင်းစာ ရှင်းလင်းပွဲမှာ ခေတ်သစ်သတင်းစာသတင်းဌာနမှ သထုံဦးတင်ထွန်းက အကြံပြုပြောကြားချက်တွေ ထဲမှာ ယနေ့မြန်မာပြည်မီဒီယာများ ဘယ်လိုဖြစ်နေ တာလဲ၊ မီဒီညာ မီဒီညာ ဒေါ်လာစားတွေဖြစ်ကြောင်း ပါလာတယ်။ မိစ္ဆာပါတီ၏ ဩဇာအောက် တွင် လောင်းရိပ်မိနေသည့်အတွက် အဖြစ်မှန်ကို မသိကြကြောင်း၊ မရေးနိုင်ကြကြောင်း ၁၉၅၄ ခုနှစ် ကတည်းက သတင်းစာလောကထဲကို ဝင်လာတဲ့၊ စာနယ်ဇင်းအကြောင်း လက်တန်းပြောနိုင်တဲ့ရှေ့မီ နောက်မီ ဆရာကြီး ဦးတင်ထွန်းက ပြောပါတယ်။ ဆရာကြီးက “မိစ္ဆာပါတီ” လို့ ဆိုလိုက်တာဟာ “မန္တလေးက ဇော်မြင့်မောင် ဆိုသူက စတုတ္ထ မဏ္ဍိုင်မရှိပါ” ဟူ၍ ပြောခဲ့ဖူးကြောင်း၊ “အောင်မိုး ညို ဆိုသူသည် စတုတ္ထမဏ္ဍိုင် မရှိ ဟူ၍ ပြောကြောင်း၊ အလွန်စော်ကားထားတဲ့အတွက် မီဒီယာလောကကို ထိခိုက်စော်ကားတာ သည်းမခံ နိုင်လို့” ပြောတာလို့ ယူဆပါတယ်။
နောက်တစ်ချက်က “ဒေါ်လာစား မီဒီညာ” လို့ မီဒီယာအချို့ကို ဖော်ထုတ်ပြောသွားပါတယ်။ ဦးတင်ထွန်းဟာ ဝါရင့် စာနယ်ဇင်းသမား တစ်ယောက်အနေနဲ့ NLD ပါတီကို တိုက်ခိုက်လို စိတ်နဲ့ပြောတယ်လို့ မှတ်ယူစရာ အကြောင်းမရှိ ပါဘူး။ NLD ပါတီ၊ ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်ဦးရွက်ပြုနေပါတယ်လို့ သူတို့ပြောနေတဲ့ ပါတီအကြီးအကဲလုပ်နေသူတွေ ကိုယ်တိုင်က မီဒီယာရဲ့ အခန်းကဏ္ဍကို အလေးမထားလို့၊ စော်ကားလို့ ပြောရတာ ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ အသွင်ပြောင်းကာလကို ကျော်ဖြတ်နေချိန်မှာ စာပေစိစစ်ရေးဆိုတာကို ဖျက်သိမ်းပြီး ပုဂ္ဂလိက စာနယ်ဇင်းတွေ လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုထား ခဲ့တာ ဖြစ်ပါတယ်။ မီဒီယာရဲ့ သဘောကိုယ်နှိုက်ကလည်း ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ဆိုတော့ မီဒီယာဥပဒေအရ၊ မီဒီယာကျင့်ဝတ်အရ ပြည်သူလူထုတွေ သိခွင့် ရှိသမျှ၊ အမှန်ကို အမှန်အတိုင်း ဖော်ထုတ်တင်ပြ ကြရမှာပါ။ ဒီမိုကရေစီစနစ်မှာ မဏ္ဍိုင်ကြီးသုံးရပ်က အပြန်အလှန် ထိန်းကျောင်းကြတယ် ဆိုပေမယ့် မူမမှန်မှုတွေဖြစ်လာခဲ့ရင် မီဒီယာတွေက ဝင်ရောက် ထိန်းကျောင်းကြမှ ပြည်သူက အမှန်ကို သိခွင့်၊ စဉ်းစားနိုင်ခွင့်တွေ ရရှိလာမှာပါ။ NLD ပါတီဟာ မီဒီယာတွေရဲ့ ထိန်းကျောင်းမှုကို လက်မခံလိုဘူး၊ လက်ခံရင်တောင် သူတို့ကိုလိုလားတဲ့၊ သူတို့ကိုထောက်ခံတဲ့ မီဒီယာတွေဖြစ်မှဆိုတော့ ကျွမ်းကျင် ရာ လိမ္မာဆိုသလို မြန်မာနိုင်ငံမှာ ဒေါ်လာစား မီဒီညာ ဆိုတာကို မွေးထုတ်ခဲ့တာပါ။ နိုင်ငံခြားငွေနဲ့ ပြည်သူကို လှည့်စားနိုင် NLD ပါတီရဲ့ ခေါင်းဆောင်ဟာ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးအခင်းကာလနိုင်ငံတကာမီဒီညာတွေ အထောက်အပံ့နဲ့ လူ့အခွင့်အရေး၊ လူသားချင်း စာနာမှု ဒီမိုကရေစီကိစ္စတွေကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကစပြီး နိုင်ငံတကာက ချီးမြှောက်ကြတဲ့ ဆုတံဆိပ်မျိုးစုံနဲ့ ဒေါ်လာရေစီးကြောင်းကတစ်ဆင့် ဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ဒေါ်လာချောင်းကလေးဖောက်၊ ပါတီလောင်းရိပ်အောက် ရောက်နေမယ့် ဒေါ်လာစားမီဒီညာတွေ မှိုလိုပေါက်လာတာ မဆန်း ပါဘူး။ ဒေါ်လာစား မီဒီညာရဲ့ စွမ်းအားကြောင့် NLD ပါတီဟာ ဒီမိုကရေစီအရေးအကြောင်းပြ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကြောင်း တွေကိုပြပြီး ရခိုင်ပြည်နယ်အရေးအခင်းထဲက ဘင်္ဂါလီတွေကို အားပေးအားမြှောက်ပြုရင်း OIC အဖွဲ့ နဲ့ ရင်းနှီးမှုရအောင် ယူနိုင်ခဲ့တယ်။ ဒီတော့ NLD ပါတီလူကြီးတွေဟာ နိုင်ငံခြားငွေတွေ အလျှံပယ်နဲ့ မီဒီယာဆိုတာတွေသာမက မီဒီညာ တွေနဲ့ ပြည်သူလူထုကိုပါ ကောင်းကောင်း လှည့်စားနိုင်ခဲ့တယ်။
ရခိုင်ပြည်နယ်အရေးအခင်းမှာ သတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးဆိုတာ အထင်ကရ မီဒီယာ သမားတွေပေါ့။ အရေးအခင်းကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ အင်းဒင်ရွာအမှုကိစ္စမှာ တပ်မတော်က ကျူးလွန်ခဲ့ တယ်ဆိုတာကို ဖော်ထုတ်နိုင်တယ်ဆိုပြီး နိုင်ငံ တကာမီဒီယာထိပေါက်ရောက်သူတွေပေါ့။ အင်းဒင် ရွာအမှုကိစ္စနဲ့ သတင်းထောက် ဝလုံးတို့ကို နိုင်ငံတော်က အမှုဖွင့်ပြီး တရားရုံးက အရေးယူ အပြစ်ပေးတယ်။ ဒီတော့ သတင်းသမားတွေ၊ မီဒီယာသမားတွေက Free Free ဆိုပြီး ဆန္ဒပြကြတယ်။ သတင်းသမားတွေကို နှိပ်ကွပ်တယ်။ မတရား ဖမ်းဆီးထောင်ချတယ်ဆိုပြီး ကမ္ဘာသိအောင် အော်ကြလော်ကြတော့ အမေရိကန်ကြီး က မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သူတို့ကို လွှတ်အောင် ကြံဆောင်ကာ အမေရိကန်နိုင်ငံကို ပို့လိုက်ကြတယ်။ အခု သူတို့က ICJ မှာတောင် အကောင် ဗလောင်ဖြစ်နေပြီဆိုပါလား။ ရခိုင်ပြည်နယ်ကို ARSA တွေ ဝင်တိုက်တဲ့အချိန်မှာ ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် လူမဆန်စွာ သတ်ဖြတ် ခံရ၊ ပြန်ပေးဆွဲခံရတဲ့ အမှုကိစ္စမျိုးကို မြန်မာမီဒီ ယာတွေက စတိသဘောတောင် ရေးကြ ပြောခဲ့ကြ ပါရဲ့လား။ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဦးစားပေးပါတီကြီးကဟိန္ဒူဘာသာဝင်တွေအတွက် ဘယ်လိုစာနာထောက်ထားမှုမျိုး ပေးခဲ့ပါသလဲ။ ဘာသာပေါင်းစုံဆိုတဲ့အထဲ ရခိုင်ပြည်နယ်ထဲက ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတွေနဲ့ အခြားမျိုးနွယ်စု တိုင်းရင်းသားလူမျိုးတွေရောပါရဲ့လားလို့ မေးကြည့်ချင်ပါတယ်။
သွေးထိုးလှုံ့ဆော်မှုကြောင့် ဆန္ဒပြမှုတွေဖြစ်လာ
မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ နိုင်ငံရေး စနစ်နဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော် ကြီးတည်ဆောက်ရာမှာ တစ်ပါတီအာဏာရှင်စနစ် ကို ဖော်ဆောင်လိုတဲ့၊ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ရွေးကောက်ပွဲနဲ့၊ မဲမသမာမှုရလဒ်တွေနဲ့၊ အစိုးရ အာဏာကို ရယူနိုင်ဖို့ ကြိုးစားခဲ့တဲ့ NLD ပါတီ တာဝန်ရှိသူတွေကို တပ်မတော်က ထိန်းသိမ်းခဲ့ ပါတယ်။ တပ်မတော်က စတင်တာဝန်ယူတဲ့ ပထမ ရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့ပေမယ့် ဒုတိယအပတ်ကစပြီး NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဆူပူမှု၊ ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ယခုအခါ ဆူပူဆန္ဒပြတဲ့အဆင့်ကနေ ကျော်လွန်ပြီး မင်းမဲ့ စရိုက်ဆန်တဲ့ ဥပဒေချိုးဖောက်မှုအဆင့်တွေနဲ့ ပွိုင့် ၂၂ သေနတ်၊ တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ်သေနတ်၊ လက်လုပ် လက်ပစ်ဗုံး၊ မီး ပုလင်း၊ မီးကွင်း စတဲ့အဖျက်အမှောင့် လက်နက်တွေကိုင်စွဲပြီး ပြည်သူတွေရဲ့ နေအိမ်၊ စက်ရုံ၊ အလုပ် ရုံတွေကို မီးရှို့ဖျက်ဆီးတာ အုပ်ချုပ်ရေးအဆောက် အအုံတွေနဲ့ ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်တာတွေ ထိ ကူးပြောင်းလာခဲ့ပါတယ်။
သပိတ်ဆိုတဲ့နေရာမှာတောင် လမ်းလျှောက် သပိတ်၊ ထိုင်သပိတ်၊ ဆိုင်ကယ်စီးသပိတ်၊ အရုဏ်ဦး သပိတ်၊ ရှောင်ကွင်းသပိတ်၊ လူမဲ့သပိတ်၊ နှင်းဆီနီ သပိတ် စတဲ့ သပိတ်စုံ သူပုန်ထ လုပ်နေကြသလို ညတိုက်ပွဲနဲ့ သံပုံးတီးလှုပ်ရှားမှုတွေက ရှိနေဆဲပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကသတင်း စာတွေနဲ့ မီဒီယာတွေကဘယ်လိုဖော်ပြနေကြသလဲ။ ပြည်သူတွေကို ဘယ်လိုရှင်းလင်းတင်ပြနေသလဲ။
လမ်းလျှောက်ဆန္ဒပြတာ၊ ထိုင်သပိတ်လုပ်နေ ကြတာ၊ သပိတ်အတားအဆီးလုပ်နေကြတာတွေ ကို နေ့စဉ်နဲ့အမျှ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ တစ်စောင်လုံး နီနေအောင် ဖော်ပြကြတယ်။ မတ်လကုန်ခါနီး ဆန္ဒပြမှုတွေ လျော့ပါးလာစဉ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက် ဆန္ဒပြမှုများရှိဆိုတာကို မျက်နှာဖုံးမှာ စာလုံးကြီးတွေနဲ့ ဖော်ပြနေကြတယ်။ “ကိုးရီးယားရောက် မြန်မာများ ဆက်လက်ဆန္ဒထုတ်ဖော်၊ ဂျပန်ရောက် မြန်မာများ အစာငတ်ခံဆန္ဒပြ” ဆိုတဲ့ သတင်းတွေနဲ့ “ဒဂုံမြို့သစ်၌ ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့။ တစ်ဦး သေဆုံး၊ ဒဏ်ရာရသူရှိ” စတဲ့သတင်းတွေ ပါနေဆဲ။ (မတ်လ ၂၇ ရက် ဖြိုခွင်းမှုကြောင့် ၁ဝဝကျော် သေဆုံးခဲ့မှု ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများရှုတ်ချ) (မီးရထားဝင်း အတွင်း CDM လုပ်သူများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရမှု အမေရိကန်သံရုံးမှ လာရောက် ကြည့်ရှု) စတဲ့သတင်းတွေနဲ့ R2P မျှော်နေသူတွေ၊ Welcome US Army လုပ်နေသူတွေကို မျှော်လင့် ချက်ပေးနေပါတယ်။ CDM လှုပ်ရှားမှုနဲ့ အလုပ်ပြုတ် ခံရမှာ မကြောက်၊ ဒေါ်လာငွေထုတ်မယ်ဆိုနေသူ တွေကို အိပ်မက်လှလှမက်လို့ရအောင် ထင်ယောင် ထင်မှားဖြစ်အောင် လုပ်နေပါတယ်။
မီဒီယာအမှန်သမားတွေဖော်ထုတ်သင့်
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ တပ်မတော်က အာဏာထိန်းမှုကိစ္စဟာ အကြောင်းမဲ့ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ဒါကို မီဒီယာ သမားတွေ ကောင်းကောင်းသိပါလျက်နဲ့ အမှန် တရားကို ပြည်သူလူထုထဲ ချမပြရဲကြဘူး။ နိုင်ငံ တကာအကူအညီ(ဒေါက်တာဆာဆာ)၊ CDM လှုပ်ရှားမှု (ဒေါက်တာဇော်ဝေစိုး)နဲ့ လူထုဆန္ဒ ထုတ်ဖော် တိုက်ပွဲဝင်မှု(မင်းကိုနိုင်)တွေ ပေါင်းစပ်ပြီး အရေးတော်ပုံအောင်ရမည် လုပ်နေတာ တကယ် အလုပ်ဖြစ် မဖြစ်ကို မီဒီယာသမားတွေ သိပါတယ်။ သိလျက်သားနဲ့ မသိယောင်ဆောင်နေတာလဲ ဖြစ်နိုင်ပါတယ်။ (ဒေါ်လာစားတွေ)“စစ်အာဏာရှင် အလိုမရှိ”၊ “ဒီမိုကရေစီရရှိရေး ဒို့အရေး”၊ “We want Democracy”၊ “ဖမ်းဆီးထားတဲ့ ဒို့ခေါင်းဆောင် တွေ ချက်ချင်းလွှတ်” ၊ “ဒို့သမ္မတ ဦးဝင်းမြင့်” လို့ ညတိုင်း သံပုံးတီးအပြီးမှာ လမ်းမပေါ် ဖယောင်း တိုင်မီးတွေထွန်းပြီး သံချပ်တိုင်နေကြတဲ့ GZ ဆိုတဲ့ မျိုးဆက်သစ်တွေကို မိမိတို့ ပါတီအကျိုး၊ ကိုယ်ကျိုး အတွက် အသုံးမချသင့်ကြပါဘူး။ နေ့တွက်ကလေး တွေနဲ့၊ ထမင်းထုပ်ကလေးတွေနဲ့၊ ရေသန့်ဘူးလေး တွေဝေနဲ့ ကလေးတွေကို တိုက်ပွဲဝင်ခိုင်း၊ အသေခံခိုင်းနေတဲ့ ဒေါ်လာစားတွေရဲ့ လုပ်ရပ်ကို မီဒီယာအမှန်သမားတွေ ဖော်ထုတ်သင့်ပါပြီ။
အမုန်းတရားနဲ့ အမုန်းစကားတွေရိုက်သွင်းပြီး ဆရာတော်သံဃာတော်ကြီးတွေကိုပါ စော်ကားစေ တဲ့အမှုမျိုးထိစေခိုင်းနေတာတွေ၊ တပ်မတော်အကြီး အကဲရဲ့ ဓာတ်ပုံတွေကို လမ်းမအလယ်မှာကပ် ထားပြီး အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်အောင် ဆောင်ရွက်နေကြတာတွေက ဘယ်လို ဒီမိုကရေစီမျိုးပါလိမ့်။ “ဒီ NLD ရဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းဆိုတာ စစ်အာဏာရှင်ဆန့်ကျင်ရေး (တပ်မတော်ဆန့်ကျင်ရေး)၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (ချိုးဖောက်ရေး)နဲ့ တစ်ပါတီဒီမိုကရေစီ ဖော်ဆောင်ရေး (NLD) ဆိုတာ ကို အလွတ်ကျက်ထားသူတွေအဖို့တော့ NLD ပါတီ က လူတွေ အရေးယူခံရတာနဲ့ တပ်မတော်က အာဏာထိန်းလိုက်တာ အံကိုက်ဖြစ်နေတော့ တရားခံအနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးကို ရှေ့တန်းတင်လိုက်တာပါ။ ပြည်သူဆိုတာကလည်း သာမန်ရပ်ကွက်ဈေးလေးထဲမှာတင် နေ့ပြန်တိုး ငွေချေးစားသူရဲ့ ဩဇာကို မလွန်ဆန်ရဲတော့ ဆန္ဒပြ ဆို ပြတာပေါ့၊ သပိတ်မှောက်ဆို မှောက်တာပေါ့။ တပ်မတော်အာဏာထိန်းပြီးမှ ပေါ်ပေါက်လာတဲ့ ဆန္ဒပြမှု၊ လှုပ်ရှားမှုနဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေဟာ NLD အခါတော်ပေးတွေရဲ့စနက်ဆိုတာ ငြင်းမရ clopan We need R2P in Myanmar apose. Welcome US Army ဆိုတာတွေက ဘယ်သူတွေရဲ့ ဆန္ဒ ဖြစ်နေမလဲ။ ဒါတွေကို မီဒီယာတွေက တာဝန် သိသိ သစ္စာရှိရှိနဲ့ ဖော်ထုတ်ပေးဖို့ လိုအပ်ပါ တယ်။ တပ်မတော် သတင်းစာရှင်းလင်းပွဲဆိုတာကို တစ်ဖက်သတ်မြင်နေသူတို့ ရှင်းလင်းသွားအောင် စတုတ္ထမဏ္ဍိုင်က တာဝန်ယူသင့်ပါပြီ။
NLD ပါတီဦးဆောင် အရပ်သားအစိုးရအဖွဲ့ ငါးနှစ်တာကာလမှာ ဝန်ကြီးဌာနအလိုက် နိုင်ငံခြား သားအကြံပေး ဘယ်နှယောက်ကို ဘယ်လောက် နှုန်းနဲ့ ငှားရမ်းအသုံးပြုခဲ့တယ်ဆိုတာ ဘယ်မီဒီယာ ကမှ ဖော်ထုတ်မပြသနိုင်ခဲ့ပေမယ့် မီဒီယာတစ်ခု ကတော့ အင်းဝအပ်ချုပ်ဆိုင်က အိမ်ဖော်မလေး လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို လူသိရှင်ကြား ဖော်ထုတ်နိုင်ခဲ့သလို လူ့အခွင့်အရေးကော်မရှင် ထိပို့ပေးပြီး အရေးယူခံရအောင်ထိ စွမ်းဆောင် နိုင်ခဲ့ပါတယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကသတင်းစာတစ်စောင်က ဝန်ကြီးချုပ်နဲ့ လက်ပတ်နာရီကိစ္စ အစဖော်ခဲ့ပေမယ့် နောက်ပိုင်း မှာ ကြီးကြီးမားမား ဘယ်အဂတိလိုက်စားမှုမျိုးမှ ပေါ်ပေါက်လာတာ မရှိတော့တာက ဒေါ်လာစား မီဒီညာတွေရဲ့ စွမ်းအားကို မီဒီယာတွေရဲ့ အင်အားနဲ့ မတွန်းလှန်နိုင်လို့ဘဲ ဖြစ်နိုင်ပါတယ်။ ပြည်သူလူထုဆင်းရဲဒုက္ခကိုမစာနာ နောက်ဆုံးတော့ NLD ပါတီဟာ မိုးပြိုအောင် နိုင်ခဲ့ပါတယ်။ ဒီမှာ ဒီမိုကရေစီယဉ်ကျေးမှုအရ ရွေးကောက်ပွဲရလဒ်ကို လက်ခံရမယ်ဆိုတဲ့ အယူ အဆက ပေါ်လာသေး။ ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်ဖို့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပ ပေးပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ထိန်းပေးကြပါ။ ကြပ်မတ်ပေးကြပါလို့နိုင်ငံရေးပါတီ တွေက သံကုန်အော်တယ်၊ နောက်ဆုံး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ခွင့်တောင်းပြီး တင်ပြကြတယ်။ ဒါကို မီဒီယာတွေကလည်း သိကြ တယ်။ ဒါပေမယ့် မီဒီယာမှာ ပေါ်လွင်သွားတာက မလုပ်ရဲတာ ဘာမှမရှိဆိုတဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ပြောတဲ့ မိန့်ခွန်းရှည်ကြီးထဲက စကားတစ်ခွန်း။ တပ်မတော်အပေါ် မလိုမုန်းတီးစိတ် ဖြစ်ပေါ်စေနိုင်တဲ့ စကားကောက်နုတ်ချက်ပါ။ ဒီတော့ မြန်မာ့မီဒီယာဆိုတာကို အတိုချုပ်လိုက်ရင် မိစ္ဆာပါတီလောင်းရိပ်မိနေတဲ့ ဒေါ်လာစား မီဒီညာ ပေါ့။ သူတို့တွေဟာCOVID-19ဒဏ်ခံစားနေကြရတဲ့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို မစာနာ နိုင်သေးဘဲ အာဏာလက်လွတ်သွားတဲ့ NLD ပါတီအတွက် အသေခံ တိုက်ပွဲဝင်အောင် စည်းရုံးလှုံ့ဆော်နေ ကြသေးတယ်။ တပ်မတော် မုန်းတီးရေးနဲ့ ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်နေ ကြသေးတယ်။
အချုပ်ဆိုရရင် မီဒီယာရဲ့ စွမ်းအား၊ မီဒီယာရဲ့ တန်ဖိုး၊ မီဒီယာရဲ့နေရာဟာ တန်ဖိုးကြီးမားတဲ့ စွမ်းအားရှင်ဖြစ်တာမို့ ဒီမိုကရေစီစနစ်မှာ စတုတ္ထ မဏ္ဍိုင်ပါ။ စတုတ္ထမဏ္ဍိုင်ရဲ့ စွမ်းအားဟာ ပြည်သူ လူထုကို ဖမ်းစားနိုင်တယ်၊ ဆွဲဆောင်နိုင်တယ်။ စည်းရုံးသိမ်းသွင်းနိုင်တယ်။ ပွင့်လင်းမြင်သာ မှန်ကန်မှုရှိတဲ့မီဒီယာဟာ လူထုအပေါ်မှာလည်း ဩဇာတည်ပါတယ်။ ဒါကြောင့် မိစ္ဆာပါတီဟာ ဒေါ်လာတွေကျွေးပြီး ဒေါ်လာစားမီဒီယာကို မွေးခဲ့ တာ။ ဒီမိုကရေစီ အမည်ခံပါတီနဲ့ အစိုးရ ငါးနှစ်တာ ကာလမှာ ပွင့်လင်းမြင်သာမှုဆိုတာ ပါတီတွင်း တောင် မရှိဘူးလို့ဆိုကြတော့ ဒေါ်လာစား မီဒီယာ တွေကို ဆွံ့အ နားမကြားလုပ်ထားတာ။ ဒီမိုကရေစီ ပါတီကြီး မဲမသမာမှုနဲ့ အရေးယူခံရတာကိုဘယ်မီဒီ ယာကမှ မပြောကြ၊ မဆိုကြပါဘူး။ ပစ်ခတ် ဖြိုခွင်း၍ တစ်ဦးဒဏ်ရာရ ဘုရားကြီးမြို့၌ ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့သည့်သူ သေဆုံးရ စတဲ့သတင်းတွေ တင်နေတာ။
ဒါကြောင့် စတုတ္ထမဏ္ဍိုင်အစစ်အမှန်တွေက (ဆူပူအကြမ်းဖက်သူအင်အား ၁၅၀ ခန့်က မီးပုလင်းများ၊ မီးကွင်းများဖြင့် လာရောက်ပစ်ပေါက် ခဲ့ရာ)၊ (ယာယီရဲကင်းစခန်းကို ဆူပူ အကြမ်းဖက် သူ လူတစ်စုက မီးရှို့ခဲ့မှုကြောင့်...) စတဲ့ အကြောင်း ရင်းတွေကို ပြည်သူသိအောင်ချပြဖို့၊ ရေးကြဖို့၊ ပြောကြဖို့ တာဝန်ရှိနေတယ်လို့ ယူဆပါတယ်။ တိုင်းပြည်ဒုက္ခရောက်နေချိန်မှာ ပြည်သူလူထု အကျပ်အတည်းတွေ့နေချိန်မှာ စတုတ္ထမဏ္ဍိုင်ရဲ့ အားနဲ့ ဒေါ်လာစားမီဒီညာတွေကို တိုက်ထုတ်ကြပါစို့ ခင်ဗျား။
၈-၄-၂၀၂၁ ရက်နေ့ထုတ် Golden Hand ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဦးကျော်စိန်(ပညာရေး)၏ “မီဒီယာဟူသည် စတုတ္ထမဏ္ဍိုင် မြန်မာမှဒေါ်လာစား မီဒီညာများအကြောင်း” ဆောင်းပါးကို Golden Hand ဂျာနယ် အယ်ဒီတာအဖွဲ့နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
(စာတည်း)