စေတနာ၊ မေတ္တာ၊ ကရုဏာများအတွက် မုဒိတာဖြစ်ရပါသည်
မြန်မာနိုင်ငံတွင် ကိုဗစ်ပထမလှိုင်းကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြတ်သန်းခဲ့သည်။ ပထမ လှိုင်းတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရာဂဏန်းနှင့် သေဆုံးသူ ခုဂဏန်းမျှသာရှိ၏။ ကူးစက်မှုဒုတိယလှိုင်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ် လတွင် ထပ်မံကြုံတွေ့ ခဲ့ရသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသည့်လူနာ ၁၂၄၂၇ ဦး၊ ကုသပျောက် ကင်းပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၃၉၁ ဦး၊ သေဆုံးသူ ၂၈၄ ဦးရှိပြီး ဆက်လက်ကုသမှုခံယူ သူ ၈၇၅၂ ဦးရှိသည်။
ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကွာခြားချက်မှာ အဆ ၁၀၀ နီးပါးရှိ၍ စိုးရိမ်ပူပန်မှု မြင့်မားခဲ့သည်။ ပထမလှိုင်း တွင် ပိုးတွေ့လူနာပထမဆုံးတွေ့ခဲ့သည့် မတ်လ ၂၃ ရက်မှစ၍ ပိုးတွေ့လူနာ ၃၇၄ ဦးဖြစ်ရန် ၂၁ ပတ်ကြာသည်။ တစ်ပတ်လျှင် ၁၆ ဦးနှုန်း ပိုး တွေ့သည်။ ဒုတိယလှိုင်းစတင်ချိန် ပိုးတွေ့လူနာ ၃၇၅ ဦးမြောက်မှ ၉၉၉၁ ဦးဖြစ်ရန် တစ်လခွဲ ကြာသည်။
ထိုစဉ်ကတစ်ရက်တာစစ်ဆေးမှုအရ ပိုးတွေ့မှုနှုန်းသည် အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်းရှိသည်။ အစိုးရ နှင့်ကျန်းမာရေး ဝန်ထမ်းအားလုံးက ရေကုန်ရေခန်း အစွမ်းကုန်ကြိုးပမ်းခဲ့ကြသည်။ ဒုတိယလှိုင်းတွင် ရွေးကောက်ပွဲ အောင်နိုင်ရေး နှင့် ကိုဗစ်ကွင်းဆက်ဖြတ်ရေး တပေါင်းတည်းပြုလုပ်ခဲ့ကြသည်။
အဆင့်လေးဆင့်သတ်မှတ်
ကိုဗစ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ရောဂါဖြစ်ပွားမှု အခြေအနေကို အဆင့်လေးဆင့်သတ်မှတ်သည်။ အတည်ပြုလူနာမရှိလျှင် အဆင့်(၁)၊ လူနာတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို ရှိလျှင် အဆင့်(၂)၊ အချိန် နေရာ ထိတွေ့မှုနှင့်အတူ အစုအဖွဲ့ အလိုက်ကူးစက်မှုများရှိလျှင် အဆင့်(၃)နှင့်ကြီးမား သောပြည်တွင်း ကူးစက်မှုများရှိလျှင် အဆင့်(၄)ဟု သတ်မှတ်ထား သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သောကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းသည် ကမ္ဘာ့သတ်မှတ်ချက်အရ အဆင့်(၃) ဖြစ်၍ အဆိုးရွားဆုံး အခြေအနေတော့မဟုတ်ပေ။
ယခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လ၊ ဩဂုတ်လ။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေ ၂၇ ရက်မှ စတင်၍ ကိုဗစ်တတိယလှိုင်း ဖြစ်ပွားခဲ့သည်။ ဇူလိုင်လတွင် အမြင့်ဆုံး နှုန်း ဖြစ်လာခဲ့သည်။
ကိုဗစ်တတိယလှိုင်းမဖြစ်ပွားမီ၊ ဒုတိယလှိုင်း ဆက်လက်ဖြစ်ပွားနေဆဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မရိုးမသား ပြုလုပ်မှု၊ နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန် ကြိုးစားမှုတို့ကြောင့် နိုင်ငံတော်တာဝန် ထိန်းသိမ်းမှုဖြစ်ပေါ်ခဲ့သည်။ ထိုအခါ အစိုးရဆန့်ကျင်ရေး ပထမဆုံး CDM ပြုလုပ်ခဲ့ကြသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ဖြစ်သည်။ CDM ပြုလုပ်မှုကြောင့် ကျန်းမာရေးစနစ်ကြီး ပြိုလဲသကဲ့သို့ ဖြစ်ခဲ့ရသည်။ ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်စဉ်က စေတနာထက်သန်စွာဖြင့် ပြည်သူတို့အား ရောဂါကာကွယ်ကုသ စောင့်ရှောက်မှုပေးခဲ့ကြသော ကျန်းမာရေး ဝန်ထမ်းများမှာ တတိယလှိုင်းမဖြစ်မီ ပြည်သူတို့အား ကျောခိုင်းထွက်ခွာသွားခဲ့ကြသည်။
ကျန်းမာရေးဝန်ထမ်းအင်အား တစ်ဝက်နီးပါး CDM ပြုလုပ်ကြသောကြောင့် တာဝန်ကိုယ်စီလုပ်ကြရသော ဆေးရုံများမှာ ပုံမှန်မလည်ပတ်နိုင်။ အချို့ ဆေးရုံတံခါးများ ပိတ်ထားခဲ့ကြပြီး အချို့ဆေးရုံများမှာ လူနာကို လက်ခံနိုင်သော်လည်း ကုသပေးမည့်သူ အလုံအလောက်မရှိချေ။ ရောဂါဝေဒနာရှင်များမှာ ကိုယ့်အသက်ကို ဖက်နှင့်ထုပ်ရမလို ဖြစ်ခဲ့ကြသည်။ တတိယလှိုင်းအမြင့်ဆုံးဖြစ်သည့် ဇူလိုင်လတွင် ရောဂါပြင်းထန်သူများ သေဆုံးမှု အမြင့်မားဆုံးဖြစ်ခဲ့သည်ကို တွေ့ရသည်။ ဇူလိုင်လသည် စိတ်မချမ်းမြေ့ဖွယ်ရာ အကောင်းဆုံးလ တစ်လဖြစ်ခဲ့သည်။ဖေဖော်ဝါရီလမှစ၍ ကျန်းမာရေးဝန်ထမ်းများမှာ ပြည်သူတို့အား ကျောခိုင်းထွက်ခွာ ခဲ့သော်လည်း ကျန်ရှိသည့် တာဝန်သိကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးဘက်ဆိုင်ရာ တပ်မတော်သားများက ပြည်သူတို့၏အသက်ကို အစွမ်းကုန်ကယ်တင်ပေးခဲ့သည်။
အမျိုးသားရေးအဖြစ် ကြိုးပမ်း
နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုနှင့် တာဝန်ရှိသူများကကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကို အမျိုးသားရေးအဖြစ် ကြိုးပမ်းဆောင်ရွက်ကြသည်။တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆရာဝန်များက ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးစားကြသည်။ ရောဂါကင်းဝေးရေး အတွက် ပြည်သူလူထုအား ကာကွယ်ဆေးထိုးပေးကြသည်။
NLD ထောက်ခံသော အချို့ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအချို့က CDM ပြုလုပ်ပြီး ကျန်းမာရေးစနစ် ယိုင်လဲအောင် ပြုလုပ်ကြသည်။ အစွန်းရောက်များက လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှု၊ ဖျက်ဆီးမှု၊ သတ်ဖြတ်မှုများ ပြုလုပ်ကြသည်။ အမရပူရမြို့တွင် ကိုဗစ်ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့် စေတနာ့ ဝန်ထမ်း အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စေတနာ့ဝန်ထမ်းအမျိုးသမီး တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ မြောက်ဥက္ကလာဆေးရုံကြီးတွင် အောက်ဆီဂျင်ပိုက်လိုင်းများကို ထုရိုက် ဖျက်ဆီးခဲ့သည်။ မရမ်းကုန်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကာကွယ်ဆေးထိုးနှံစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကယားပြည်နယ် ဖယ်ခုံမြို့၌ ကာကွယ်ဆေးထိုးနှံစဉ် ချိန်ကိုက်မိုင်း ဖောက်ခွဲခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး စေတနာ့ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်။ ကိုဗစ် စစ်ဆေးရေးဂိတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပုလဲမြို့ရှိ လူမှုကူညီရေးအသင်း အောင်ဆီဂျင် ဖြည့်တင်းရေးဆွေးနွေးစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အဆိုပါဖြစ်စဉ်မျိုး ၁၈ ကြိမ် ဖြစ်ခဲ့သည်။
အောင်မြင်မှုများအား ဂုဏ်ပြုကျေးဇူးတင် မုဒိတာပွားများ
ကိုဗစ်တတိယလှိုင်းကြောင့် ပြည်သူတို့ ၊ သောက၊ ဒုက္ခများနေစဉ် အစိုးရနှင့် ပြည်သူလူထု အလုံးစုံဒုက္ခ ရောက်စေရန် အတွက် NLD အစွန်း ရောက်များနှင့် CRPHI NUGi PDF များက ယုတ်မာ ပက်စက်မှုများ အစွမ်းကုန်ပြုလုပ်ခဲ့ကြ သည်။
ထိုသို့ယုတ်မာရက်စက်မှုများကိုတွန်းလှန်ဖယ်ရှားပြီး ကိုဗစ်တတိယလှိုင်း စိန်ခေါ်မှုများကို အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုနှင့် လူမှုရေးအသင်းအဖွဲ့ များက အရှိန်အဟုန်မလျှော့ဘဲ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အရှိန်အမြင့်ဆုံး အချိန်အခါဖြစ်သည့် ဇူလိုင်လ တတိယပတ် ဇူလိုင် ၂၃ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ဩဂုတ် ၂၉ ရက်တွင် လူဦးရေ ၂၉၁၂၇ ဦးအား စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်း သာရှိသည်။ ယခင်မျှော်မှန်းခဲ့သည့် ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာခဲ့သည်။
နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ( ထိုသို့ပြန်လည်တည့်မတ်အောင် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဝေဖန်မှုများ၊ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်မှုအမျိုးမျိုးကြားမှ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စေတနာ၊ မေတ္တာ၊ ကရုဏာစိတ်ထားများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို အသိအမှတ် ပြုရမည်ဖြစ်သည်။ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ရှေ့တန်းမှစွန့်လွှတ် စွန့်စားကြိုးစားပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် အသိတရားရှိရှိ ကြိုးပမ်းဆောင်ရွက်ကြသည့် ဆရာဝန်များ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ၊ ပြည်သူပြည်သားအားလုံးနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ အားလုံးတို့အား မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါ သည်။ ပြည်သူပြည်သားအားလုံးတို့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။ ကြိုးပမ်းအားထုတ်မှုများ၊ အောင်မြင်မှုများအား ပြည်သူတစ်ယောက် အနေဖြင့် မုဒိတာဖြစ်ရပါသည်။ ။
ကိုရေချမ်း
နေ့စဉ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ ဖတ်ရှုရန်
https://t.me/myanmarnewspaper
Subscribe to The Global New light of Myanmar
https://t.me/gnlmon
နေ့စဉ်သတင်းများ ဖတ်ရှုရန်၊ Subscribe to MOI
https://t.me/iprdrnd