၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် အချိုးကျ ကိုယ်စားပြုစနစ်
မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ် Proportional Representation System (PRs)ဖြင့် ဆောင်ရွက်ရန် တောင်းဆိုလာကြ သည်။ လွှတ်တော်သုံးရပ်စလုံးတွင် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR)ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအများစုက အဆိုပြုတင်ပြခဲ့ကြသည်။
လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံး ရသူအနိုင်ရသည့်FPTP စနစ်မှ အချိုးကျ ကိုယ်စားပြု စနစ်(PRS)သို့ ပြောင်းလဲဆောင်ရွက်ရန် အချိန်အခါ ကျရောက်နေပြီဖြစ်ကြောင်း နိုင်ငံရေးပါတီအများစုက အကြံပြုချက်များရှိလာခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်အနေဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့် လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံရေးပါတီငယ်များ အနေဖြင့် ယင်းတို့ကိုကို ထောက်ခံသည့် ဆန္ဒမဲများအရ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များရွေးချယ်ပေးနိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူ ဘောင်အတွင်းက လုပ်ဆောင်နိုင်သည်များဖြင့် အချိုးကျ ကိုယ်စားပြုစနစ် (PRS) ကျင့်သုံး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရန်နှင့် ဥပဒေပြင်ဆင် ရေးလုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက် ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို (၃-၆-၂၀၁၄) ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး သတ္တမမြောက်ရက်နေ့က တင်သွင်းခဲ့သည်။ အမျိုး သားလွှတ်တော်က ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့ပြီး အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PRS) ကျင့်သုံးရေး ဆိုင်ရာ အဆိုကို အကောင်အထည်ဖော်ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့ သည်များလည်း ရှိခဲ့ပါသည်။ အကောင်ထည်ဖော် ရေးကော်မရှင်၏ သုံးသပ်အကြံပြုချက်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များကို လေ့လာဖော်ထုတ်ရာတွင် အလွှာစုံ၊ ဒေသစုံ၊ ပါတီစုံ၊ တွေးခေါ်မြော်မြင်မှု သဘောတရားအစုံနှင့် ပြည်သူတို့၏ ဆန္ဒအစုံကို ကိုယ်စားပြုလျက် အဓိပ္ပာယ်ပြည့်ဝပြီး မဲပေးရ လွယ်ကူသော ရွေးကောက်ပွဲမျိုး ဖော်ဆောင် လျက်တည်ငြိမ်ပြီး စွမ်းရည်ရှိသော အစိုးရမျိုးဖွဲ့စည်းနိုင်သည့် ရွေးကောက်ပွဲစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီ ရွေးခဲ့ရာ နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ် ၉၃ ဦး၊ စိတ်ပါဝင်စားသူ ၂၀ စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီ ၁၆ ပါတီက စာတမ်းများ တင်ပြခဲ့သည်။ ထိုစာတမ်းများတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေး ကိစ္စသည် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့်အပြင် နိုင်ငံတော်၏သမိုင်းကြောင်း၊ ဖြစ်ပေါ်တိုးတက်လာသည့် နိုင်ငံရေးဖြစ်စဉ်များနှင့်လည်း သက်ဆိုင်နေကြောင်း၊ သမိုင်း၏တောင်းဆိုမှုအရ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ အရောက်ချီတက်မည်ဆိုပါက ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးသည် မရှိမဖြစ် ဖြတ်ကျော်ရမည့် အရေးကြီးသောအခန်းကဏ္ဍဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးမှသည် တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေးအတွက် လွှတ်တော်အသီးသီးတွင် အားလုံးပါဝင်စေသော ကိုယ်စားပြုမှုကို ဆောင်ရွက်ပေးရန်လို ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်သည့် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် (PRS) ဖြစ်ပေါ်လာရေးကို စတင်ဆောင် ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း PRs စနစ်ကျင့်သုံးခြင်းဖြင့် ပါတီငယ်လေးများ၊ တိုင်းရင်းသား မျိုးနွယ်စုငယ်လေးများ လွှတ်တော်တွင်း ဝင်ရောက်နိုင်မှုအခွင့်အရေး ပိုမိုရရှိလာနိုင်ခြင်း၊ မဲဆန္ဒရှင်တစ်ဦးချင်း၏ အခွင့်အရေးကို အာမခံနိုင်ခြင်း၊ မဲအဟောသိကံ ဖြစ်မှုမရှိနိုင်ခြင်း၊ ရွေးကောက်ပွဲများအပေါ် ပြည်သူစိတ်ဝင်စားမှု ရှိလာပြီး မဲလာပေးမှု (Turn Out)ကောင်းလာ နိုင်ခြင်း၊ အားလုံးပါဝင်ဆောင်ရွက်မှု (All Inclusi veness) ပိုမိုရရှိလာနိုင်ခြင်း၊ အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရေးကို လက်တွေ့ကျင့်သုံးလာနိုင်ခြင်း၊ ပါတီတစ်ခု တည်း၏ ကြီးစိုးလွှမ်းမိုးမှုကိုလျှော့ချနိုင်ခြင်း၊ ဒီမိုကရေစီအာဏာရှင် စနစ်ကို ကာကွယ်ဟန့်တား နိုင်မည်ဖြစ်ခြင်း စသည့် အကျိုးစီးပွားများကိုရရှိလာနိုင်ကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (PRS) ရွေးကောက်ပုံစံသစ်ကို အရေးပေါ်ကာလ လုပ်ငန်းတာဝန်များပြီးဆုံးပြီး နောက်ကျင်းပ မည့်ရွေးကောက်ပွဲတွင် စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
အနိုင်ရပါတီတစ်ခုတည်းက လွှမ်းမိုး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကိုလိုနီခေတ်ကာလ၊ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်ကာလ၊ ၂၀၁၀မှ ၂၀၂၀ ဒီမိုကရေစီ ကာလများတွင် ကျင့်သုံးခဲ့သော ရွေးကောက်ပွဲ စနစ်မှာ နိုင်သူအကုန်ယူ Winner takes all (FPTP) စနစ်များသာဖြစ်ကြောင်း၊ သို့သော်လည်း FPTP စနစ်၏ အားနည်းချက်ကြောင့် လွှတ်တော်အတွင်း အနိုင်ရပါတီတစ်ခု တည်းက လွှမ်းမိုးခြင်း၊ ထိုအနိုင်ရ ပါတီ၏အကျိုးကို လွှတ်တော်အတွင်းဖော်ဆောင်၍ ပြည်သူ့အကျိုးကိုမျက်ကွယ်ပြုလာခြင်း၊ လွှတ်တော်တွင် တိုင်းရင်းသားပါတီများ၏ အသံ (Voice) ထွက်ခွင့်၊ ပါတီစုံပါဝင်ခွင့်မရသဖြင့် ကျန်ပါတီများကို ထောက်ခံသော ပြည်သူများက ပေးခဲ့သောမဲများ Waste ဖြစ်ခြင်း စသည့်ဆိုးကျိုးများခံစားခဲ့ရကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမှသာလျှင် ကွဲပြားခြားနား သော တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကို သိရှိဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ဖက်ဒရယ်(Federal)ဆိုင်ရာ အခွင့်အရေးများကို လွှတ်တော်လမ်းကြောင်းမှ ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသား အစုံအလင် ပါတီအစုံအလင်ပါဝင် သောသက်တန့်ရောင်စုံ လွှတ်တော်ဖော်ဆောင်ခြင်းသည်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရာရောက်ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို ပျိုးထောင်ရာလည်းရောက်သောကြောင့် အချိုးကျ ကိုယ်စားပြုစနစ် (PRS) ကို ရွေးကောက်ပွဲ တွင်ကျင့်သုံးသင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ပြောင်းလဲလာသည့်ခေတ်ကာလအခြေအနေ နှင့် လိုက်လျောညီထွေဖြစ်မည့် အချိုးကျကိုယ်စားပြု စနစ် (PRS) ကို လွှတ်တော်ရွေးကောက်ပွဲ များတွင် ပြောင်းလဲကျင့်သုံးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးပါတီများအား အစုအဖွဲ့များဖွဲ့စည်း၍ သက်ဆိုင်ရာမိမိတို့အစုအဖွဲ့လိုက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် များအတွက် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ဆောင်ရွက်ရာတွင် အသုံးပြုသင့်သည့် ရွေးကောက်ပွဲဒီဇိုင်းနှင့် မဲဆန္ဒနယ်မြေ သတ်မှတ်ခြင်း တို့ကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့ များတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲများတွင် အစုအဖွဲ့များအလိုက် အသေးစိတ် ဆွေးနွေး ညှိနှိုင်းနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင်ဆွေးနွေးညှိနှိုင်း ရရှိချက်များကို အစုအဖွဲ့လိုက် စာတမ်းများ ဖတ်ကြားတင်ပြခဲ့ကြပါသည်။
လူဦးရေအချိုးအစားညီမျှရေး အစုအဖွဲ့လိုက်ဆွေးနွေးကြရာတွင် ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲအား အချိုးကျကိုယ်စားပြု စနစ် (PRS)ဖြင့် ကျင်းပခြင်းကို တက်ရောက်လာသော ပါတီများအားလုံးက သဘောတူပါကြောင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ နှင့် မဲရေတွက်သူများအတွက် အခက်အခဲအနည်း ဆုံးဖြစ်မည့် “စာရင်းပိတ်စနစ် (Closed List PR)” ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည့် လူဦးရေအပေါ်အခြေမခံဘဲ မြို့နယ်ကိုအခြေခံ တွက်ချက် ခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယခင်ကရရှိခဲ့သည့် ကိုယ်စားလှယ်ဦးရေများ အတိုင်း ခွဲဝေသတ်မှတ်သင့်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ်မူတည်၍ မဲဆန္ဒနယ်မြေများ သတ်မှတ်ရာ၌မူတတ်နိုင်သမျှ လူဦးရေ အချိုးအစားညီမျှရေးကို ထည့်သွင်းစဉ်စားဆောင်ရွက်သင့်ပါကြောင်း၊ ပါတီများအတွက် အနိမ့်ဆုံးဝင်ပေါက်အချိုးစံ (Threshold) သတ်မှတ် ရာတွင် မြင့်လွန်းခြင်းနှင့်နိမ့်လွန်းခြင်း အစွန်းတရား များကိုရှောင်ရှားပြီး ထောက်ခံမဲအပေါ်မူတည်၍ ကိုယ်စားလှယ်သတ်မှာရာတွင် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံတွက်ချက်ခြင်းမဟုတ်ဘဲ မဲဆန္ဒနယ်တစ်ခုချင်းအလိုက် ဆောင်ရွက်သင့်ပါကြောင်း၊ မဲရေတွက်ပုံနည်းလမ်းအဖြစ် (Closed List PR) တွက်ချက်မှု စနစ်ဖြစ်သည့် အများဆုံးအကြွင်းကိန်းနည်းကို လက်ခံကျင့်သုံးသင့်ပါကြောင်း၊ မဲရုံတိုင်း တွင် မဲဆန္ဒရှင်ပြည်သူများမှ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ပါတီအား မဲပေးနိုင်ရန် အလို့ငှာ မဲရုံအဝတွင် ဗီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏ အမည်အောက်တွင် ဝင်ရောက်ရွေးချယ် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့်အမည် ကိုဖော်ပြပေးရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ သို့မှသာ မဲဆန္ဒရှင်သည် ၎င်းကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းအား မျက်မြင်ကြည့်ရှု၍ လွယ်ကူစွာဖြင့် ၎င်းကိုယ်စားလှယ်လောင်း၏ ပါတီအား မဲပေးနိုင်မည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းအား ရွေးချယ်နိုင်ရန် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် ဆွေးနွေးရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ကျင်းပရမည့် လွှတ်တော်သုံးရပ် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြု စနစ် (PRS) ကျင့်သုံးရေးအတွက် သဘောတူပါကြောင်း၊ “စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ်” (Closed List - PR) ကိုကျင့်သုံးရန်အသင့်မြတ်ဆုံးဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုးကျ ကိုယ်စားပြုစနစ်ကို တွင်ကျယ်စွာကျင့်သုံးနေ Eleclepe: Closed List - PR System သို့မဟုတ် စတင်အသုံးပြုသင့်ပြီး မဲဆန္ဒရှင် ပြည်သူများ၏ ပညာတတ်မြောက်မှု အခြေအနေနှင့် နိုင်ငံရေးရေချိန် မြင့်တက်လာမှု အခြေအနေတစ်ရပ်သို့ ရောက်ရှိချိန် မှသာလျှင် Open List - PR System သို့မဟုတ် အခြား PR System Design များကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအတွက် လွှတ်တော်ကိုယ်စားလှယ်များ ကိုမူ မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (FPTP) ဖြင့်သာ ကျင့်သုံးသင့်ကြောင်း၊
အချိုးကျကိုယ်စားပြုစနစ် (PRs) အရဖြစ်ပေါ်လာ နိုင်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများ ဖောင်းပွလာနိုင်မှုအား ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဥပဒေဖြင့် သော်လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့်သော်လည်းကောင်း ကန့်သတ်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် ဆွေးနွေးရာတွင် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်း များ၊ တိုင်းရင်းသားလူ နည်းစုများ အားလုံးပါဝင်နိုင်ပြီး တစ်ပါတီ ကြီးစိုးမှုကိုပါ ကန့်သတ်နိုင်သော အချိုးကျ ကိုယ်စားပြုစနစ် (PRS) ကို ပြောင်းလဲ ကျင့်သုံးသင့်ပါကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် (PRS) ကို ပြောင်းလဲကျင့်သုံးရာတွင် Closed List PR စနစ်ကို ရွေးချယ်ကျင့်သုံးသင့်ကြောင်း၊ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲများကို Closed List - PR စနစ်ကိုကျင့်သုံးရန် မဲရလဒ်များတွက်ချက်ခြင်းကို ကြွင်းကျန် မဲအများဆုံး စနစ် (Largest Remainder Formula) ကိုကျင့်သုံးရန်၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ်အလိုက်၊ ခရိုင်များအလိုက်သတ်မှတ် ခြင်းမပြုဘဲ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်အဖြစ်သတ်မှတ်ပြီး ကိုယ်စားလှယ်နှစ်ဦးစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် များအတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့် သာ ရွေးကောက်တင်မြှောက်ရန် ဆွေးနွေးခဲ့ကြသည်။
စိစစ်သုံးသပ်ရန်လိုအပ်လာ
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်နိုင်ရေး (PRS) စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ရွေးကောက်တင်မြှောက်ပေးရခြင်း ဖြစ်သဖြင့် ပြောင်းလဲကျင့်သုံးလိုသည့် ရွေးကောက်ပွဲစနစ် ဖြစ်သော အချိုးကျကိုယ်စားပြုစနစ် (PRS) သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်ဆန့်ကျင်မှု ရှိ/မရှိ စိစစ်သုံးသပ်ရန် လိုအပ်လာပါသည်။ ပြည်သူ့ လွှတ်တော်ဖွဲ့စည်းခြင်းအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၀၉ (က) တွင် “ဥပဒေ နှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက် တင်မြှောက်သည့် (၃၃၀) ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ”ဟူ၍ ပြဋ္ဌာန်းထား ခြင်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧရိယာကျယ်ပြန့်စွာဖြင့် မဲဆန္ဒနယ်များ သတ်မှတ်ပေး၍ လည်းကောင်း၊ အမျိုးသား လွှတ်တော် ဖွဲ့စည်းခြင်းအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၁၄၁ (က) တွင် “တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ်(၁၂)ဦးကျစီတူညီစွာဖြင့်ရွေးကောက် တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၈) ဦး”ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုလျှင် PR စနစ် အတွက် မဲဆန္ဒနယ်တစ်ခုစီ သတ်မှတ်၍ လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုအတွက် FPTP စနစ်ကျင့်သုံး၍ မဲဆန္ဒနယ်ခြောက်ခု သတ်မှတ်၍ လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၆၁(က) “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ"ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်ဆန့်ကျင်မှုမရှိဘဲ ဆောင်ရွက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ တိုင်းရင်းသားလူမျိုးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ | ခုနှစ်) ပုဒ်မ ၁၆၁(ခ) (ဂ)တွင် “နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင် ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့်-----” ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်များအား ယခင် FPTP စနစ်ဖြင့်ပင် မဲဆန္ဒနယ် ၂၉ ခုသတ်မှတ်၍ ရွေးကောက်တင်မြှောက်နိုင်ပါသည်။ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၃၉၉(ဂ)တွင် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း”ဟူ၍ ပြဋ္ဌာန်းထားချက်အရ ဥပဒေနှင့်အညီ လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်မြေများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသာ သတ်မှတ်ဆောင်ရွက်နိုင်ပါသည်။ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက်မူ First Past The Post စနစ်ဖြင့်သာ ရွေးချယ်သွားရမည်ဖြစ်ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ (၄)ကြိမ်မြောက် တွေ့ဆုံညှိနှိုင်း ချက်များအရ အောက်ပါအတိုင်းဘုံသဘောတူ ညီချက်များရရှိခဲ့ပါသည်
(က) လာမည့်ရွေးကောက်ပွဲများတွင် စာရင်း ပိတ် အချိုးကျကိုယ်စားပြုစနစ်(Closed List- PR) စတင်ကျင့်သုံးရန်၊
(ခ) မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ် မြောက်မှု၊ ရွေးကောက်ပွဲအတွေ့အကြုံနှင့် နိုင်ငံရေး ယဉ်ကျေးမှု ရေချိန်မြင့်တက်လာချိန်တွင် (Open List-PR) သို့မဟုတ် အခြား PR စနစ်တစ်မျိုးမျိုးကို ပြောင်းလဲကျင့်သုံးရန်၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက် တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် မပြောင်းလဲဘဲ မဲဆန္ဒနယ်များကို ပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ်ဆောင်ရွက်ရန်၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁(က) ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီ ရွေးကောက်တင်မြှောက်ရန်နှင့် ပုဒ်မ ၁၆၁(ခ) ပါ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီ ရွေးကောက်တင်မြှောက်ရန်အတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ကိုသာ ဆက်လက်ကျင့်သုံးရန်၊
(င) Closed List PR အတွက် နိုင်ငံရေးပါတီများက မိမိပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ဦးစားပေးအစီအစဉ် အတိုင်း ကော်မရှင်သို့ ကြိုတင်တင်ပြရန်၊
(စ) မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလို သည့်ပါတီနှင့် ၎င်းပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်းများကိုသိရှိနိုင်ရန် ပါတီအမည်အောက်တွင် ကိုယ်စားလှယ်လောင်းအမည်နှင့် ဓာတ်ပုံ ဖော်ပြထားသော ဗီနိုင်းပိုစတာများအား မဲရုံအဝင်ပေါက် အနီးတွင် ထားရှိပေးရန်၊
(ဆ) Closed List PR စနစ်၏ မဲရေတွက်မှု နည်းလမ်းအရ ရိုးရှင်းလွယ်ကူသော လက်ကျန်မဲ အများဆုံးစနစ် (The Largest Remainder) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်အလိုက် ခိုင်လုံမဲအပေါ် မူတည်၍ ကိုယ်စားလှယ်တစ်ဦး ရရှိရမည့် အနိမ့်ဆုံး အခြေခံမဲ (Threshold) သတ်မှတ်ရန်၊
(ဇ ) PRစနစ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများ ဖောင်းပွလာနိုင်မှုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော် လည်းကောင်း၊ ညွှန်ကြားကြပ်မတ် ထိန်းကျောင်း ခြင်းဖြင့်လည်းကောင်း ကန့်သတ်ရန်၊
(ဈ) ပြောင်းလဲကျင့်သုံးမည့် PR စနစ်ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ နားလည် သဘောပေါက်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်သွား ရန်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအများစု ဘုံသဘောတူညီချက်အရ လွှတ်တော်ရွေးကောက်ပွဲများတွင် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်မှ အချိုးကျ ကိုယ်စားပြု စနစ်တွင် ပါဝင်သော Closed List - PR ကို ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရမည်ဖြစ်သည်။
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁ တို့ပါ လွှတ်တော် အသီးသီးဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဂ)ပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဖြစ်သော မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်းကို PR စနစ်နှင့် ကိုက်ညီသော မဲဆန္ဒနယ်များအဖြစ် ပြင်ဆင်သတ်မှတ်ရန်၊
(ခ) ဥပဒေနှင့်အညီဖြစ်စေရန် ပြောင်းလဲကျင့်သုံးမည့် PR စနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ပြင်ဆင်ရန် လိုအပ်သော လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို ပြဋ္ဌာန်းခြင်း၊ နည်းဥပဒေများ ထုတ်ပြန်ခြင်းနှင့်လုပ်ငန်းလမ်းညွှန်များ ပြင်ဆင်သတ်မှတ်ခြင်း၊
(ဂ) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်း၊ ပါတီကိုသာ ဆန္ဒပြုမဲပေးရသည့် closed List - PR နှင့် ကိုက်ညီသော ဆန္ဒမဲလက်မှတ်အသုံးပြုခြင်း၊ မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပကြိုတင်ဆန္ဒမဲပေးခြင်း၊ ကြိုတင် ဆန္ဒမဲများရေတွက်ခြင်း နှင့်ကြေညာခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း၊ မဲရုံအလိုက် မဲရလဒ်များရေတွက်ခြင်းနှင့် ကြေညာခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ပေါင်းစည်းရေတွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွင် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲများပေါင်းစည်းရေတွက် ခြင်းနှင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေအား တွက်ချက်ခြင်း၊ ရွေးကောက်တင်မြှောက် ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ကြေညာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုတွဲများ တင်သွင်းခြင်း စသည့်ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလ လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံဝန်ထမ်းများ အား လေ့ကျင့်ပညာပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူလူထုအား ရွေးကောက်ပွဲ အသိပညာပေးသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း။
အချိုးကျကိုယ်စားပြုစနစ်ဖြင့် လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် ကိုယ်စား ပြုမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှု၊ ဥပဒေနှင့်ညီ ညွတ်မျှတမှုတို့ရှိလာမည့်အပြင် ပါတီများမှ ထောက်ခံတင်ပြထားသည့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ်အရ ပါတီအမည်ကိုမူတည်သည့် စနစ်ဖြစ်ရာ မဲဆန္ဒရှင်တို့က ပါတီကိုသာမဲပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာပါတီက ကိုယ်စားလှယ် အမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်သို့ တင်ပြထားရသည့်စနစ်ဖြစ်သဖြင့် မဲပေးမည့် ပြည်သူလူထုအနေဖြင့် ယခင် ရွေးကောက်ပွဲများ တွင် မဲပေးသည့်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မဲပေးရလွယ်ကူကြောင်း တွေ့ရှိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက “လွှတ်တော်ရွေးကောက်ပွဲ များကို မဲအများဆုံးရသူအနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျကိုယ်စားပြုစနစ် (PRS)သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ယခုဆွေးနွေးချက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့်သင့်လျော်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှုရှိစေရန်အတွက် ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများကိုပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားရ မှာဖြစ်ကြောင်း”၊ “လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာဖြစ်ကြောင်း”၊ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့် လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကိုတိုင်းရင်းသား လူမျိုးစုများ၊ နိုင်ငံရေးပါတီငယ်များ၊ ယင်းတို့ကို ထောက်ခံသည့်ဆန္ဒမဲများအရ ပါဝင်လာနိုင်ပြီး မျှမျှတတမှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များရွေးချယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လ ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်း စဉ် ၅ ရပ်မှာ နောက်ဆုံးလုပ်ငန်းစဉ်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့ အညီ နိုင်ငံတော်တစ်ဝန်းအား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်း စဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်၊ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ် ဆိုတာ ကတိပြုပါတယ်”ဟု ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပြုလုပ် ပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။
လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ
မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရန် သေချာပါသည်။ လာမည့်ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ပြောင်းလဲကျင်းပရန် အဆင် သင့် အနေအထားဖြစ်နေတာကိုလည်း တွေ့နေရပါ သည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်နေတာမို့ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ခေတ်ကာလအခြေအနေ၏ တောင်းဆိုချက်များအရ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို အနာဂတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် အရေးပါသည့် အချိုးကျ ကိုယ်စားပြုစနစ် (PRS) သို့ ရဲရဲဝံ့ဝံ့ ပြောင်းလဲကျင်းပပြီး တိုင်းရင်းသားလူမျိုးစုငယ်များအကျိုး၊ ပြည်သူလူထု အများစုကောင်းကျိုး၊ အနာဂတ်မြန်မာနိုင်ငံတော် ကြီး၏အကျိုးတို့ကို မျှော်မှန်းကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အကောင်းဆုံးဆောင်ရွက်ပေး နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
ကိုရွှေဦး