Sep 09, 2021

မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ လွှမ်းခြုံသုံးသပ်လိုပါသည်။ ပစ္စုပ္ပန်အရေးမျှသာမက အတိတ်သမိုင်းဖြစ်ရပ်များနှင့် အနာဂတ်အရေးတို့ကိုပါ မျှော်တွေး ဆင်ခြင်ကြည့်မိခြင်းဖြစ်ပါသည်။
Sep 09, 2021

စာဖတ်သူဖြစ်ဖူးမယ်ထင်ပါတယ်။ အလုပ်စားပွဲမှာ အလုပ်လုပ်နေတုန်း မတွေ့ရတာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကိုမှတ်ဖို့ ဘောပင်ရှာ တော့အလွယ်တကူရှာမတွေ့ဖြစ်တယ်။ သူငယ်ချင်းကို ခဏဖုန်းကိုင်ထားဖို့ပြောပြီး ဘောပင်ကို ရှာတယ်။ ရှုပ်ထွေးနေတဲ့ ဖိုင်အပုံတွေကြားထဲမှာ ရှာတယ်။ မတွေ့ဘူး။ “ဒီနားလေးတင်ထားမိတာပါ”ဆိုပြီး ဖိုင်တွေကို လှန်ရှာတယ်။ ရုံးကိုမတင်ရသေးတဲ့စာတွေ၊ မဆောင်ရသေးတဲ့ တယ်လီဖုန်း ဘေလ်တွေ၊ ပျောက်နေတဲ့ဖိတ်စာတွေပဲ ထွက်လာတယ်။
Sep 09, 2021

၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်ချက် အရ ပါလက်စတိုင်းဒေသ၌ ဂျူးလူမျိုးများအတွက် နိုင်ငံတစ်နိုင်ငံ ထူထောင်ခွင့်ရရှိခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်အရ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ ပါသည်။ ထိုနိုင်ငံမှာ ခေတ်သစ်ဂျူနိုင်ငံဟုခေါ်သော အစ္စရေးနိုင်ငံပင်ဖြစ်သည်။
Sep 09, 2021

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ သတ္တမ အကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကမကထ ပြုကျင်းပမှာ ဖြစ်ပါတယ်။
Sep 09, 2021

မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ လွှမ်းခြုံသုံးသပ်လိုပါသည်။ ပစ္စုပ္ပန်အရေးမျှသာမက အတိတ်သမိုင်းဖြစ်ရပ်များနှင့် အနာဂတ်အရေးတို့ကိုပါ မျှော်တွေး ဆင်ခြင်ကြည့်မိခြင်းဖြစ်ပါသည်။
Sep 09, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၆ ရက် ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 09, 2021

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း တည်ဆောက်ထားတဲ့ မိုင်တဲလ်တာဝါတိုင် ၁၁ ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တစ်ချိန်တည်းမှာပဲ ချိန်ကိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်ဆိုပြီး Pyu Regional News ဆိုတဲ့ ရုပ်သံတစ်ခုကို ပြည်ပအခြေစိုက်မြန်မာ သတင်းဌာနတွေက စက်တင်ဘာလ ( ၇ ရက်နေ့မှ စတင်ပြီး လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် ထုတ်လွှင့်ပြသခဲ့တာကို အားလုံးတွေ့ကြရမှာ ဖြစ်ပါတယ်။
Sep 08, 2021
မြန်မာနိုင်ငံအတွင်းသို့ ချီတက်ဝင်ရောက် လာပြီဖြစ်သော ဂျပန်တပ်များသည် အဆင့်ဆင့် ဆုတ်ခွာလျက်ရှိသည့် ဗြိတိသျှတပ်များနောက်သို့ မြေပြင်တွင် လိုက်လံတိုက်ခိုက်လျက်ရှိသကဲ့သို့ ကောင်းကင်ယံမှလည်း ဗုံးကြဲတိုက်ခိုက်နေချိန် ဖြစ်သည်။
Sep 08, 2021

လူကုန်ကူးခြင်းသည် ခေတ်သစ်ကျေးကျွန်ပြုခြင်းပင်ဖြစ်သည်။ လူကုန်ကူးခံရသူသည် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းများကို ခါးစည်းခံရလေ့ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များသည် အများဆုံးလူကုန်ကူးခံရလေ့ရှိသည်။ အမျိုးသမီးများသည် လိင်ကျေးကျွန်အဖြစ် ရောင်းချခံကြရပြီး ကလေးငယ်များသည် လိင်အကြမ်းဖက်မှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုခံကြရသည်။ လူကုန်ကူးခံရသူများသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ထုတ်ယူခံရသည့် အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။ လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင် တတိယမြောက်အများဆုံး ရာဇဝတ်မှုပင်ဖြစ်သည်။ နှစ်စဉ် လူကုန်ကူးခံရသူ သန်း ၂၀ ခန့်ရှိပြီး ထိုလုပ်ငန်းမှတရားမဝင် အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၄၀ဘီလီယံခန့်ရရှိနေသည်ဟုဆိုသည်။ ထို့ကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရာတွင် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။
Sep 08, 2021

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိသည်။ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများနှင့် ရင်ဆိုင်နေကြရသည်။ ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများနှင့် အခြားပညာသင်ယူခွင့် ရသည့်နေရာများ ပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူ စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာ ဆရာ ဆရာမ ၆ ဒသမ ၃ သန်းခန့်အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော ပညာသင်ယူရေးဆုံးရှုံးမှု၊ ပြတ်တောက်မှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂနှင့်ကမ္ဘာ့ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါသည်။ ၎င်းသက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားနိုင်မှသာ အနာဂတ်မျိုးဆက်သစ်များအပေါ် ဆယ်စုနှစ်ကျော် တိုးတက်မှုများပျောက်ဆုံးနိုင်သည့် ခြိမ်းခြောက်မှုကို ဖြေရှင်း နိုင်မည်ဖြစ်သည်။