Oct 06, 2021

မြန်မာသည် ယနေ့မျက်မှောက်ကာလတွင် သမိုင်းကြောင်းတစ်လျှောက် မကြုံဖူးသည့် အကြမ်းဖက်မှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။
Oct 06, 2021
EV (Electric Vehicle) လျှပ်စစ်ကားအတွက် အားသွင်းရန် ပြည်တွင်းလက်ရှိ မြန်မာ့လျှပ်စစ် ဓာတ်အားလိုင်းဖြင့် မည်ကဲ့သို့ ချိတ်ဆက်အသုံးပြုနိုင်မည်၊ လခစားဝန်ထမ်းများနှင့် အများ ပြည်သူများ မည်ကဲ့သို့ဝယ်ယူ ပိုင်ဆိုင်နိုင်ခွင့်ရနိုင်မည်၊ မြန်မာနိုင်ငံတွင် လက်တွေ့ ဝယ်ယူသုံးနေကြသည့် EV ယာဉ်များအခြေအနေ၊ EV ယာဉ်များ ထူးခြားအကျိုးပြုနိုင်စေမှုများ တင်ပြချက် နောက်ဆက်တွဲ စသည်တို့ကို ပုံများဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
Oct 05, 2021
နိုင်ငံ၏ အနာဂတ်မှာ ကျရာတာဝန်ထမ်းဆောင်ပြီး ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများပေါ်ထွက်လာစေရန် ကျောင်းသား ကျောင်းသူလေးများကို အတတ်လည်းသင် ပဲ့ပြင်ဆုံးမပေးသည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာတစ်ဦး၏ ဆရာ့ဘဝအတွေ့အကြုံများကို ဘဝနှင့်ရင်း၍ ဖြတ်သန်းခဲ့ရသည့် ဆရာကြီး ဦးစိုးမြင့် (ခ) ဦးစိုးမြင့်ဝေ အား တွေ့ဆုံ မေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။
Oct 05, 2021

စာဖတ်သူများ သိပြီးသားတွေပါပဲ။ ဝေါဟာရသဘောထက် ဘဝအတွက် တကယ့်လက်တွေ့ အကျိုးရှိ၊ အသုံးကျတဲ့ အတွေးအမြင် အမူအကျင့်ရအောင် ဆွေးနွေးတင်ပြချင်လို့ ဒီဆောင်းပါးကို ရေးပါတယ်။ အခုတလော ညစဉ်လိုလိုရုပ်မြင်သံကြားလိုင်းတွေက ပြသတဲ့ ကိုရီးယား၊ အင်္ဂလိပ်၊ ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ရုပ်ရှင် ဇာတ်ကားအမျိုးမျိုးကို တစ်ခုမဟုတ် တစ်ခုကြည့်ဖြစ်တယ်။ ခေတ်ဟောင်းကား၊ ရာဇဝင်ကား၊ ခေတ်သစ်ကား မျိုးစုံပါပဲ။ အပစ် အခတ်၊ အပြေးအလွှား၊ အထိုးအကြိတ်တွေကော၊ဘဝသရုပ်ဖော်ကော၊ အချစ် အလွမ်းကော၊ ရသစုံစုံ ခံစားမိပါတယ်။
Oct 04, 2021

အကြင်သူသည် အကြင်နာရပ်ဝန်းရိပ်မြုံ တွင် ခိုလှုံသည်။ အကြင်နာရပ်ဝန်းရိပ်မြုံ တွင် မွေ့လျော် ပျော်ပိုက်သည်။ အကြင်နာရပ်ဝန်းသည်ကား အကြင်သူ၏ မေတ္တာလွှမ်းခြုံအေးရိပ်မြုံလည်း ဖြစ်လေသည်။ အကြင်သူ၏ရင်ထဲတွင် မုဒိတာနှလုံးသားရှိသည်။ အကြင်သူသည် မုဒိတာ နှလုံးသားကို ပိုင်ဆိုင်ထားလေသည်။
Oct 04, 2021
ရန်ကုန်တိုင်းဒေသကြီးသည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ထွန်းကားရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး အချက်အချာကျသည့် တိုင်းဒေသကြီးအဖြစ် ထင်ရှားလှသည်။ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းစသဖြင့် ခရိုင်လေးခုဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြပြီး ၃၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြသည်။
Oct 04, 2021

ကိုယ်ချင်းစာတရားဆိုတဲ့ အသုံးအနှုန်းဟာ လူတိုင်းနဲ့ရင်းနှီးတဲ့ စကားအသုံးအနှုန်း ဖြစ်ပါ တယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်ကို ဘယ်လောက်အထိ နားလည်လက်ခံသလဲ၊ ကျင့်သုံးကြသလဲ ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ကြပါဘူး။
Oct 03, 2021

အများသူငါ လျှောက်မယ့်လမ်းမှာ ကြဲထားတဲ့ပန်းအလှ ပန်းရနံ့တွေနဲ့ အေးမြခြင်းက ကြည်နူးစရာ ဖြစ်နေပါလိမ့်မယ်။ ပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးဖို့အတွက်၊ လှပတဲ့အနာဂတ်ပန်းတိုင် ရောက်ဖို့အတွက် လျှောက်ရတဲ့လမ်းမှာ ခင်းထားတဲ့ပန်းခင်းကြီးက ဝေဝေဆာဆာနဲ့ သက်ဝင်လှုပ်ရှားနေလေရဲ့။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ယူခင်းပေးထားတဲ့ပန်းခင်းလမ်းကို အမျိုးမျိုးတင်စားနိုင်ပါတယ်။ ကိုယ်သွားမယ့် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့၊ ကိုယ်လျှောက်နေတဲ့လမ်းလေးတစ်ခု အဆင်ပြေ ချောမွေ့စေဖို့ တန်ဆာဆင်ဖန်တီးထားတဲ့ အလှတရားတစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ရဲ့ သဘောသဘာဝလေး တစ်ခုကို ခံစားကြည့်ကြပါစို့...၊
Oct 03, 2021
၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ဂျူဗလီခန်းမတွင် စာပေဗိမာန်က “သုတစာပေစာတမ်းဖတ်ပွဲ” ကို ငါးရက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သုတ စာပေစာတမ်းဖတ်ပွဲတွင် ဆရာကြီး အပါအဝင် စာရေးဆရာ၊ စာပေပညာရှင် ၁၁ ဦးတို့က သုတစာပေဆိုင်ရာ စာတမ်း ၁၁ စောင်ကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ သုတစာပေသည် လောက အကြောင်း၊ လူ့အကြောင်းနှင့် ပတ်သက်၍ ဗဟုသုတပေးမှုကို အဓိကထားပြီး တင်ပြရသည့် စာပေမျိုး ဖြစ်သည်ဟု လက်ခံထားသည့် ဆရာကြီးက “သုတ စာပေ (သိပ္ပံ) အရေးအသား” စာတမ်းကို တင်သွင်း ဖတ်ကြားခဲ့ပါသည်။ သိပ္ပံပညာနှင့် ပတ်သက်၍ နှံ့စပ်ခဲ့သည့် ဆရာကြီးပင်ဖြစ်သည်။
Oct 03, 2021
အောက်တိုဘာလ ၅ ရက်နေ့တွင် “ကမ္ဘာ့ဆရာများ နေ့” ကျရောက်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဆရာများနေ့ကို နိုင်ငံတော် အဆင့်သတ်မှတ်ကာ ကျင်းပလျက်ရှိသည်။ မြန်မာ နိုင်ငံအတွင်း မြို့ပြဒေသရော ကျေးလက်ဒေသပါမကျန် ပညာဖွံ့ဖြိုးတိုးတက်အောင် စီမံကိန်း၊ စီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြရာတွင် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသောဆောင်ပုဒ် ကိုခံယူလျက်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ပညာရည်ထူးချွန်ထက်မြက်သည့်ကျောင်းသား၊ကျောင်းသူအဖြစ်သို့ဆရာ/ဆရာမများသင်ကြားလေ့ကျင့်ပုံသွင်းလောင်းရာတွင်အသိစိတ်ဓာတ်ဖြင့်စည်းကမ်းကောင်းမွန်ကြသည့်လူရည်မွန်များအဖြစ်သို့လည်းလေ့ကျင့်သွန်သင်လမ်းပြပေးရန်လိုအပ်ပြီး“အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက”ဟူသောအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် မြတ်ဆရာများ၏ တာဝန်သာဖြစ်သည်။