Skip to main content
မြန်မာနိုင်ငံတွင် လွှတ်တော် သုံးရပ်လုံးအတွက် ပြောင်းလဲဆောင်ရွက်သင့်သော ရွေးကောက်ပွဲ စနစ်

မြန်မာနိုင်ငံတွင် လွှတ်တော် သုံးရပ်လုံးအတွက် ပြောင်းလဲဆောင်ရွက်သင့်သော ရွေးကောက်ပွဲ စနစ်

02030405

ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ရွေးကောက်ပွဲတစ်ခု ကျင်းပရာ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်ရန် သာတူညီမျှ ယှဉ်ပြိုင်နိုင်သော ပတ်ဝန်းကျင် အခြေအနေကောင်းကို ဖန်တီးပေးရန်လိုသည်။ ထိုအခါ ရွေးကောက်ပွဲကိုမည်သည့်စနစ်ဖြင့် ကျင်းပမည် ဆိုသည်က အရေးပါသော ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၏ ယုံကြည်စိတ်ချရခြင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်း တို့သည် ရွေးကောက် ပွဲတစ်ခု၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ ဂုဏ်သိက္ခာရှိ၍အများ ယုံကြည်အားထား ရသည့် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများကို ရွေးချယ် ၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြ ရသည်။ လွှတ်တော်ရွေးကောက်ပွဲများသည် နိုင်ငံတစ်ခုအတွက် အရေးအကြီး ဆုံးဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဖော်ဆောင်ထင်ဟပ်လျက် ရှိပါသည်။ သို့ဖြစ်၍ နိုင်ငံများသည် ပိုမိုကောင်းမွန် ပြည့်စုံသည့် ရွေးကောက်ပွဲစနစ်များကို ပြုပြင်ပြောင်းလဲကျင့်သုံး လာကြသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံ ၁၉၃ နိုင်ငံတွင်အချိုးကျ ကိုယ်စားပြုစနစ် (PRS) ကို ၁၁၁ နိုင်ငံက ကျင့်သုံးပြီး ဗဟုစနစ်ကျင့်သုံးသည့် နိုင်ငံ ၇၄ နိုင်ငံ နှင့် အခြားရွေးကောက်ပွဲစနစ် ကျင့်သုံး သည့်နိုင်ငံ ရှစ်နိုင်ငံရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ နိုင်ငံတော်တော်များများ တွင် မဲများသူအနိုင်ရသည့်ရွေးကောက်ပွဲ စနစ် Majority Vote တွင် အားနည်းချက် များ လေ့လာတွေ့ရှိရသည့်အတွက် အချိုးကျကိုယ်စားပြုစနစ် (PRs) သို့ပြောင်းလဲ ကျင့်သုံးလာခဲ့ကြသည်။

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)

အချိုးကျ ကိုယ်စားပြုစနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စား လှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီ အဖွဲ့ အစည်းအလိုက် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ပါတီ အဖွဲ့အစည်း အလိုက်ရရှိသည့် ထောက်ခံ ဆန္ဒမဲအပေါ်မူတည်၍ ရွေးကောက်ခံ ရသည့် ကိုယ်စားလှယ် ဦးရေကို သတ်မှတ်ပေးသည့်စနစ် ဖြစ်ပါသည်။ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက် တင်မြှောက်ခံနိုင်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့ဆန္ဒပြု ထားသောမဲသည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ကြောင်း ယုံကြည်ပြီး စိတ်အားထက်သန်စွာ မဲပေးခြင်းကြောင့် အလဟဿဖြစ်သော မဲအရေအတွက် နည်းပါးသွားမည် ဖြစ်ပါသည်။ မဲအလေ အလွင့်ဖြစ်မှုလည်း ပိုမိုနည်းပါးလာမည် ဖြစ်ပါသည်။ ထိုစနစ်ကြောင့် ပါတီများကို ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ခြင်း၊ ပါတီငယ်များနှင့် လူနည်းစုများကိုလည်း ကိုယ်စားပြုနိုင်ခြင်းနှင့် အများစုပါဝင် သည့် အုပ်ချုပ်ခြင်းများ ဖြစ်ပေါ်လာ နိုင်ပါသည်။ ဥပဒေပြုအဖွဲ့များတွင်လည်း ပါတီများမှ ကိုယ်စားပြုမှုများ ပါဝင်လာ မည်ဖြစ်သည်။

အချိုးကျကိုယ်စားပြုစနစ်များစွာ ရှိသည့်အနက် ထိုစနစ်ကိုကျင့်သုံးသော နိုင်ငံများတွင် ကျင့်သုံးသည့် ပုံစံကို ခွဲခြားကြည့်ပါလျှင် အဓိကပုံစံ သုံးမျိုး ခွဲခြားနိုင်ပါသည်။ ပါတီအမည်ကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List PR System-LPR)ပါတီ၊ အမတ်လောင်း တစ်ပါတည်းရွေးချယ် သည့် ပေါင်းစပ်ထားသည့် အချိုးကျ ကိုယ်စားပြုစနစ် (Mixed Member Proportional System-MMP) လွှဲပြောင်း၍ရသော တစ်ခဲတည်းပေးစနစ်(Single Transferable Vote sTV)တို့ ဖြစ်ပါသည်။ အချိုးကျကိုယ်စား ပြုစနစ်တွင် အဓိကအသုံးပြုပုံစံ သုံးမျိုး မှာ အောက်ပါအတိုင်း ဖြစ်ပါသည် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) အများအပြားရှိသည့်အနက် ပါတီအမည်ကိုမူတည်ပြီး  အချိုးကျကိုယ်စားပြုစနစ် (Party List PR) စနစ်တွင် စာရင်းပိတ် (Closed List) စာရင်းဖွင့် (Open List) နှင့် စာရင်းလွတ် (Free List) ဟူ၍ ပုံစံ သုံးမျိုးရှိပါသည်။ စာရင်းပိတ် (Closed List)သည် ပါတီ ကို ဆန္ဒပြုရမည့်ပုံစံဖြစ်ပြီး ပါတီက ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အလိုက် ပြုစုပေး ရပါသည်။ မဲဆန္ဒရှင်အနေဖြင့် ကိုယ်စားလှယ်ကို ရွေးချယ်ခွင့်မရှိဘဲ ပါတီကပြုစုသော ကိုယ်စားလှယ်အစီ အစဉ်ကို လက်ခံရမည်ဖြစ်သည်။ စာရင်းဖွင့် (Open List) သည် ပါတီတစ်ခုတည်းကိုသာ ရွေးချယ်ခြင်းမဟုတ်ဘဲ ကိုယ်စား လှယ်လောင်းကိုပါ ရွေးချယ်နိုင်ခွင့်ရှိပါသည်။ ပါတီမှ ရွေးချယ်ပေးထားသော ကိုယ်စားလှယ်လောင်းများကို ဦးစားပေး အစီအစဉ် တပ်ထားခြင်းမပြုဘဲ မဲဆန္ဒ ရှင်များက ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ရခြင်း ဖြစ်သည်။ ရွေးကောက်ပွဲစနစ်ပြောင်းလဲ ကျင့်သုံးရန်အတွက် လွယ်ကူရှင်းလင်းမှု အရ စာရင်းပိတ် (Closed List) နှင့် စာရင်း ဖွင့် (Open List) စနစ် နှစ်မျိုးအနက်မှ ရွေးချယ်စဉ်းစား ဆောင်ရွက်သင့်ပါသည်။ ပါတီအမည်ကို မူတည်သည့် အချိုးကျကိုယ်စားပြုစနစ် (Party List PRS) ပါတီအမည်ကို မူတည်ပြီး ရွေးချယ် သည့် အချိုးကျကိုယ်စားပြုစနစ်တွင် အဓိကအသုံးပြုလျက်ရှိသည့် စနစ်သုံးမျိုးမှာ အောက်ဖော် ပြပါအတိုင်း ဖြစ်ပါသည်

ယင်းအပြင် ပါတီနှင့်အမတ်လောင်း တစ်ပါတည်းရွေးချယ်သည့် ပေါင်းစပ် ထားသည့် အချိုးကျကိုယ်စားပြုစနစ်ပုံစံ (Mixed - Member Proportional System-MMP) အသုံးပြုသော နိုင်ငံများ ရှိသည်။ အဆိုပါပုံစံတွင် မဲဆန္ဒရှင်များ သည် ပါတီအမည်ကို တစ်ကြိမ်နှင့် နှစ်သက်ရာ ကိုယ်စားလှယ်ကိုတစ်ကြိမ် ဆန္ဒမဲပေးသည့်ပုံစံ သို့တည်းမဟုတ် နိုင်သူအကုန်ယူစနစ် (FPTP)နှင့် အချိုး ကျကိုယ်စားပြုစနစ်ပုံစံ တစ်မျိုးမျိုးကို အသုံးပြု၍ သတ်မှတ်အချိုးအစား အတိုင်း ကိုယ်စားလှယ်ရွေးချယ်သည့် စနစ်ပုံစံ ဖြစ်ပါသည်။ ယင်းအပြင် လွှဲပြောင်း၍ ရသော တစ်ခဲတည်းပေး စနစ်ပုံစံ(Single Transferable Vote-STV) ကို အသုံးပြုသော နိုင်ငံများလည်းရှိသည်။ အဆိုပါ ပုံစံတွင် မဲဆန္ဒရှင်များသည် ကိုယ်စား လှယ်၏အဆင့်ကို သတ်မှတ်ပေးပြီး ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဦးစားပေး၍ ဆန္ဒမဲပေးရခြင်း ဖြစ်ပါသည်။ ပထမဦးစားပေး မဲဝေစု ရရှိသည့် ကိုယ်စားလှယ်လောင်းသည် သတ်မှတ်မဲ အရေအတွက် Threshold ထက်ပိုနေပါက ရွေးချယ်ခံရပြီး အဆိုပါ Threshold ထက်ပိုသောမဲများကို မိမိ နှစ်သက်သည့် ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးနိုင်သော စနစ်ပုံစံဖြစ်ပါသည်။ အဆိုပါ MMP နှင့် STV ပုံစံနှစ်မျိုးသည် မဲဆန္ဒရှင်များ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပြည့်ဝမှုရှိမှသာ အသုံးပြုရန် သင့်လျော်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံသားများ၏ စာတတ်မြောက်မှုအခြေအနေအရ ရှင်းလင်းလွယ်ကူသည့် ပါတီကိုသာ ရွေးချယ်ရသည့် စာရင်းပိတ် (Closed List) စနစ်ကို ရွေးချယ်ကျင့်သုံးနိုင်ရေး စဉ်းစားဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးသင့် သည့် အချိုးကျကိုယ်စားပြုစနစ်(PRS)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် လေးကြိမ်တွေ့ဆုံ၍ ရွေးကောက်ပွဲစနစ်များကို ပြန်လည် လေ့လာသုံးသပ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးခဲ့ကြ ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် အချိုးကျကိုယ်စားပြုစနစ် (PRs) သို့ ပြောင်းလဲကျင့်သုံး သင့်ကြောင်း သဘော တူတင်ပြခဲ့ကြပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့အလိုက် အသေးစိတ် ထပ်မံဆွေးနွေးခဲ့ကြပြီး မဲအများဆုံးရသူ အနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်(PRS)သို့ ပြောင်းလဲကျင့်သုံးရာတွင် closed List PR ကို ကျင့်သုံးသင့်ကြောင်း နိုင်ငံရေး ပါတီများက ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ မိမိတို့နိုင်ငံနှင့် သင့်လျော်ကိုက်ညီသော Closed Listစနစ်ကို ကျင့်သုံးမည် ဆိုပါလျှင် (၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီး တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီများ) မဲလက်မှတ် နမူနာပုံစံ(၁)အတိုင်း ဖြစ်၍ မဲပေးရာတွင် ရှင်းလင်းလွယ်ကပါမည်-

Closed list System ကို မည်ဆိုပါက ပါတီအလိုက် ရွေးကောက်ခံ မည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ် အလိုက်ကော်မရှင်သို့တင်ပြထားရမည်။ ပါတီများမှ ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံများကို ဗီနိုင်းပိုစတာများဖြင့် မဲဆန္ဒနယ်မြေအတွင်း ဥပဒေများနှင့် အညီ ကပ်ထားနိုင်သည်။

Party List PR (Closed List) အရပါတီများမှ ကြိုတင်တင်ပြထားသည့် ကိုယ်စားလှယ် ဦးစားပေးအစီအစဉ် အတိုင်း Thershold အရ ရရှိမည့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ် ခြင်း အကြံပြုချက်နမူနာ (ပြည်သူ့ လွှတ်တော်၊ ပြည်ထောင်စုနယ်မြေ)

ပါတီအလိုက် အောက်ပါကိုယ်စား လှယ်များ ရွေးကောက်ခံရပါသည်

(A) ပါတီလွှတ်တော်ကိုယ်စားလှယ်

(၃) ဦး- ဦးအေး၊ ဦးအောင်၊ ဦးမောင်

(B)ပါတီ လွှတ်တော်ကိုယ်စားလှယ်

(၂) ဦး- ဦးတင်၊ ဦးမှန်

(D)ပါတီ လွှတ်တော်ကိုယ်စားလှယ်

(၂) ဦး- ဦးမျိုး၊ ဦးတိုး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်

(၁)ဦး- ဦးဘ

PR စနစ်ကို ပြောင်းလဲကျင့်သုံးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ ရန် လိုအပ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၉ တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များကို ပြဋ္ဌာန်းထားရာ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ် ခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာနည်း ဥပဒေများကို ထုတ်ပြန်ခြင်းတို့သည် ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်ရမည့် တာဝန်များ ပင်ဖြစ်သည်။ ထို့ပြင် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ် ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီး အပြတ်အတည်ဖြစ်စေရမည်ဟု ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ပြဋ္ဌာန်း ထားပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲ စနစ်များ ရွေးချယ်သတ်မှတ်ခြင်း၊ မဲဆန္ဒ နယ်များ သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်အရ ရွေးကောက်ပွဲ ကော်မရှင်ကို အာဏာအပ်နှင်းထားပြီး ဖြစ်ရာ အချိုးကျကိုယ်စားပြုစနစ် (PRS) ဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းကို ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့် အညီ ဆောင်ရွက်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ဆန့်ကျင်မှုမရှိကြောင်းလေ့လာတွေ့ရှိရပါသည်။

အချိုးကျကိုယ်စားပြုစနစ် (PRS) ကိုပြောင်းလဲကျင့်သုံးခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀၊ ပုဒ်မ ၁၂၁၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၅၃၊ ပုဒ်မ ၁၆၉၊ ပုဒ်မ ၁၇၀ စသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများ ပြောင်းလဲမှုမရှိဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈ (က)အရနိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက် ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ ပုဒ်မ၃၆၉ (က) အရ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့် ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ် ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅ အောက်ဖော်ပြပါ အရည် အချင်း တစ်ရပ်ရပ်နှင့်ပြည်စုံသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံသားများ ဖြစ်ကြသည်-

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊

(ခ) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုသည့် နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ၊ ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေပြဋ္ဌာန်း ချက်ပါ လွှတ်တော်ကိုယ်စားလှယ်အရည် အချင်းနှင့် ညီညွတ် မှုမရှိသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရမည် မဟုတ်ပါ။ အချိုးကျ ကိုယ်စားပြု (Closed List) စနစ်ကြောင့်တိုင်းရင်းသားလူမျိုးစုပါတီများ ယင်းတို့ကို ထောက်ခံသည့် ဆန္ဒမဲများအရ အချိုး အစားအလိုက်လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံရ နိုင်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လာ နိုင်မည့် အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများကို မဲ အများဆုံးရသူ အနိုင်ရသည့် FPTP စနစ်ဖြင့် ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စုစုပေါင်း၏ထောက်ခံမဲ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရရှိသော ပါတီသည် ပြည်သူ့

လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၈ ဒသမ ၅၈ ရာခိုင်နှုန်းရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စုစုပေါင်း၏ထောက်ခံမဲ ၅၇ ဒသမ ၂ ရာခိုင်နှုန်းရရှိသော ပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်းရရှိခဲ့သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ပါတီပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်တွင် နေရာရရှိခဲ့ပြီး လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးမှု များ ဖြစ်ခဲ့ရသည်။ ထိုအခါ လုပ်သင့် လုပ်ထိုက်သော ဥပဒေပြုခြင်း၊ ဥပဒေများ ပြင်ဆင်ခြင်းနှင့် နိုင်ငံ့အကျိုးရှေးရှုသော အဆိုတင်သွင်းခြင်းတို့တွင် မိမိတို့ ပါတီ အသာစီးရလိုမှုများကြောင့် လွှတ်တော်များအတွင်း ပွတ်တိုက်မှု များစွာ ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများ နစ်နာ ခဲ့ရသည်မှာငြင်းဆိုမရသည့် အကြောင်း တရားများဖြစ်ရာ သင်ခန်းစာယူရမည် ဖြစ်ပါသည်။

မည်သည့် ရွေးကောက်ပွဲစနစ်မျိုး တွင်မဆို ကျင့်သုံးဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များရှိကြ စမြဲပင်ဖြစ်ပါသည်။ ယခုအချိန်ကာလ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု ကိုတည်ဆောက်ရန်ကြိုးပမ်းဆောင်ရွက် နေသည့် အချိန်အခါပင်ဖြစ်ပါသည်။ တစ်မဲသာ အနိုင်ရသည့် ရွေးကောက်ပွဲ စနစ် (FPTP)ကြောင့် တစ်ပါတီအာဏာ ကြီးစိုးသည့် လွှတ်တော် ကိုယ်စား လှယ်အများစုဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်း ခြင်း၊ အုပ်ချုပ်မှုနှင့် ဥပဒေပြုရေးကဏ္ဍ များတွင် တစ်ပါတီ အာဏာရှင်ကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံ ဥပဒေ၏ အနှစ်သာရများ မဟုတ်ခဲ့ပေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏အနှစ်သာရမှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေးပင်ဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် တိုင်းရင်း သားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်နိုင် ရေးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အနှစ်သာရများပင် ဖြစ်ပါ သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လွှတ်တော် သုံးရပ်လုံးတွင် ရွေးကောက်ပွဲ စနစ်များကို ပြောင်းလဲဆောင်ရွက်သင့်ကြောင်း တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရား မျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရလည်း ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီ နိုင်ငံတော် ဖြစ်ပေါ် ရေးအတွက် တိုင်းရင်းသားလူမျိုးစုပါတီ များ ယင်းတို့ကို ထောက်ခံသောဆန္ဒမဲ များအရ အချိုးကျပါဝင်ခွင့်ရရှိနိုင်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ကို လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြောင်းလဲဆောင်ရွက် သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။

ကိုရွှေဦး