သတင်းတု သတင်းမှားများကို သိရှိနိုင်သည့် နည်းလမ်းများ
၂၁ ရာစုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာများ အလွန်အမင်း တဟုန်ထိုး တိုးတက်ပြောင်း လဲလာသည်နှင့်အညီ လူနေမှုပုံစံမှာလည်း သိသိသာသာပြောင်းလဲ သွားကြသည်။ လူအများ သည် နံနက်မိုးလင်းသည်မှ အိပ်ရာဝင် မျက်လုံးမှိတ်သည်အထိ လူမူကွန်ရက် ဆိုသည့် ဖေ့စ်ဘွတ်ကြည့်ခြင်းဖြင့် အချိန်ကုန်နေ ကြသည်။ ဖေ့စ်ဘွတ်တွင် သတင်းဖတ်ခြင်းနှင့် သတင်းဖလှယ်ခြင်းအပြင် တစ်နေ့တာအဖြစ် အပျက်၊ စိတ်ခံစားမှု၊ သာရေးနာရေး၊ မိသားစုအရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် တစ်နေ့တာ ဖြစ်ပျက်နေသည့် ဖြစ်စဉ်များကို အလွယ်တကူ ပွင့်ပွင့်လင်းလင်းမျှဝေ (ရဲယ်) နေကြသည်။
အများစုရေးသားနေကြသော၊ မျှဝေနေကြသော အကြောင်းအရာများမှာ အမှန်တကယ် ဖြစ်ပျက်နေသည့် အစစ်အမှန်များနှင့် ဝေးကွာနေ တတ်ကြသည်။ အကြောင်းရင်းမှာ လူအများ စုသည် မိမိရေးသားသော မိမိရှဲယ်သောပို့စ်များကို Like များများရရန်၊ Follower များများရရန်၊ ပေါ်ပြူလာဖြစ်ရန်၊ လူထင်ကြီးခံရရန်သာ အာရုံစိုက်ကြသည်။ Like နှင့် Follower များများ ရရှိသည့် စိတ်ပျော်ရွှင်မှု တွင် အခိုက်အတန့် သာယာနေတတ်ကြသည်။
လူမှုကွန်ရက်ကို ခုံမင်စွဲလမ်းတတ်သော လူသားများ၏ စိတ်ပညာကို အခြေခံပြီး မသမာသူ များ၊ လိမ်လည်လှည့်ဖြားသူများနှင့် ကျင့်၀တ်သိက္ခာ မရှိသော နိုင်ငံရေးသမားများက အုပ်စုဖွဲ့ပြီးသော် လည်းကောင်း (သို့မဟုတ်) နာမည်ကျော်ဆယ်လီ များ၊ အနုပညာရှင်များ၊ ဘလော့ဂါများကို အသုံးချ ပြီးသော်လည်းကောင်း၊ သတင်းတု သတင်းမှားများကို အစစ်အမှန်သဖွယ် ရေးသား ပြောဆိုနေကြ သည်၊ အဆက်မပြတ် ရှဲယ်ကြသည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ပလက်ဖောင်း များထဲမှ လူအားလုံးနီးပါးကြည့်သော ဖေ့စ်ဘွတ် စာမျက်နှာကို အသုံးချပြီး NNCP အကြမ်းဖက်သမား (NUG, NLD, CRPH, PDF) ပြည်သူလူထုက အစိုးရကိုမုန်းတီးစေနိုင်သော၊ တိုင်းရင်းသား လူမျိုးစုကြားထဲ သွေးဝမ်း ကွဲစေနိုင်သော သတင်းတု သတင်းမှားများကို အမှန်သဖွယ် အင်တိုက် အားတိုက် ရေးသားဖြန့်ဝေနေကြသည်။ ဥပမာ အားဖြင့်ပြောရလျှင် သူတို့ရေးသားဖြန့်ဝေနေ ကြသော သတင်းတုများဖြစ်သည့် “မကြာမီ အချိန်အတွင်း NNCP သည် ယခုလက်ရှိအစိုးရကို ဖြုတ်ချတော့မည်၊ မြန်မာပြည်ကို ဝင်သိမ်းတော့မည်၊ မြန်မာစစ်သားများ အလုံးလိုက် အရင်းလိုက် အသတ်ခံနေရသည်” စသည့် သတင်းတုများဖြင့် လေလှိုင်းမှ ဖြန့်ဝေနေသလို သတင်းမှားများ ဖြစ်သည့် “ပြည်သူများ အသတ်ခံရတိုင်း၊ ပြည်သူ ပိုင်ဆိုင်သော အဆောက်အအုံ၊ ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားနှင့် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးခံရတိုင်း စစ်တပ်ဘက်မှ ပြုလုပ်ခြင်းဖြစ်သည်”ဟု ဆိုပြီး အများပြည်သူက မြန်မာ့တပ်မတော်နှင့် အစိုးရကို အမုန်းတရားပွားများအောင် ရည်ရွယ် ချက်ရှိရှိ ဖန်တီးရေးသားဖြန့်ဝေနေကြသည်။
သတင်းတု သတင်းမှားများကို ဖန်တီးဖြန့်ချိရာတွင် Myanmar Now, Khit Thit , DVB, Mizzima , Irrawaddy , Thit Htoo Lwin အစရှိသည် ငွေကြေးဖြင့် အဝယ်ခံထားရသည့် လက်ကိုင်တုတ်မီဒီယာတို့က နိုင်ငံတော်အေးချမ်း သာယာရေးကို ပျက်ပြားစေရန်နှင့် နိုင်ငံတော်နှင့် ပြည်သူများအကျိုးယုတ်စေရန် သတင်းတု၊ သတင်းမှားများကို နာရီနှင့်အမျှ လုပ်ဆောင်နေ ကြသည်။
ဤသတင်းတုသတင်းမှားများကြောင့် ပျက်စီး ယိုယွင်းသွားသော နိုင်ငံ၏စည်းလုံးညီညွတ်မှုနှင့် တိုင်းရင်းသားပြည်သူများအကြား စိတ်ဝမ်းကွဲမှုကို ပြန်လည်ပြုပြင်တည်ဆောက်ရန်မှာ နှစ်ပေါင်းများစွာ ကြာပေလိမ့်မည်။ ထိုသတင်းတုသတင်းမှား များကြောင့် ပြည်သူများမှာလည်း ကျီးလန့်စာစား သလိုဖြစ်နေရသည်။
မိမိနှင့် စီးပွားရေးလုပ်မည့်သူ (သို့) မိတ်ဆွေ အပေါင်းအသင်းများနှင့် ပေါင်းသင်းဆက်ဆံသင့်၊ မသင့် ထိုသူများ၏ နောက်ခံရာဇဝင်ကို လိုက်လံ စုံစမ်းနေ ရသည့်အပြင် NNCP အကြမ်းဖက် လက်နက်ကိုင်ဖြစ်လေမလား (သို့) NNCP များကို ငွေလှူဒါန်းထားသူ၊ အားပေးထောက်ခံ သူဖြစ်လေ မလားဆိုပြီး သံသယ စိတ်ဖြင့် စောင့်ကြည့် ပေါင်းသင်းနေရသည်မှာ အလွန်ပင် စိတ်ပင်ပန်း ဝမ်းနည်းစရာကောင်းလှသည်။
သတင်းတု သတင်းမှားများသည် စီးပွားရေး လုပ်ငန်းများကို ဒဏ်ရာရထိခိုက်စေသည့်အပြင် လူပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာများကို ဖျက်ဆီးစေသည် သာမက သတင်းတုသတင်းမှားများကို ယုံစားမိသူ များမှာလည်း စိတ်ဒဏ်ရာရရှိပြီး ကယောင် ချောက်ချားကြောက်ရွံ့ နေတတ်ကြ သည်။
ထို့ကြောင့် သတင်းတု သတင်းမှားများကို ထိထိမိမိ ကာကွယ်တားဆီးရပါမည်။ ပထမဦးဆုံး အနေဖြင့် သတင်းတု သတင်းမှားများကို ထိထိရောက်ရောက် ကာကွယ်မှုမှာ “အသိပညာ ပေးခြင်း” ဖြစ်သည်။ အသိပညာပေးရာတွင် သတင်းတု သတင်းမှားများကို မည်သို့မည်ပုံ သံသယရှိရှိဖြင့် လေ့လာသိရှိရန် နည်းလမ်းပေါင်းစုံမှ အသိပညာ ပေးရပါမည်။ သတင်းတု သတင်းမှားများကို ယုံမှား သံသယမဖြစ်စေရန်နှင့် မသမာသူများ၏ ထောင်ချောက်မကျမိစေရန် သတင်းတုမှန်း သိရှိ နိုင်မည့် နည်းလမ်း (၈) မျိုးရှိပါသည်။
၁။ ရှည်လျားထွေပြားသော ခေါင်းစဉ်စာသား
ယေဘုယျအားဖြင့် သတင်းတု သတင်းမှား၏ ခေါင်းစဉ်များမှာ ပုံမှန်ထက် ပိုမိုရှည်လျားတတ်ကြ သည်။ ခေါင်းစဉ်ရှည်လျားခြင်းက လူအများ၏ အာရုံစိုက်ဖတ်ရှုမှုကို ပိုမိုရရှိတတ်ကြသည်။
ဖေ့စ်ဘွတ်ကိုယ်တိုင်ကလည်း လူကြည့်များ သောပို့စ်များနှင့် အချိန်ကြာကြာ ဝင်ဖတ်သောပို့စ် များကို ဦးစားပေးဖော်ပြကြသည်။ ထိုသို့ပြုလုပ် ခြင်းဖြင့် လူအများမှ ဖေ့စ်ဘွတ်ပေါ်တွင် စွဲလမ်း နှစ်သက်ခုံမင်မှု ပိုမိုရှိကြသည်။ ယင်းမှ ကြော်ငြာငွေ မြောက်မြားစွာ ရရှိနေကြသည်။ လူသားတို့၏ စိတ်ပညာကို အခြေခံပြီး ဖေ့စ်ဘွတ်စနစ်ကြီးကို တွက်ချက်ဖန်တီး တည်ဆောက် ထားသည်။
ဥပမာဆိုရသော် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီတွင် ခေတ်သစ်မီဒီယာက ဖေ့စ်ဘွတ်တွင် အထူးသတင်းတစ်ရပ်ဟုဆိုပြီး တင်ထားသည့် “ကလေးမြို့နယ်ရှိ နတ်ချောင်း ကျေးရွာကို စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကျဲ ဖျက်ဆီးပြီးနောက် စစ်သားများမှာ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်” မှာ ခေါင်းစဉ်ရှည်ရှည်ဖြင့် ရေးသားထားသော သတင်းတုသတင်းမှား တစ်ခု၏ နမူနာပင်ဖြစ်သည်။
၂။ စာကိုယ်တွင် ခေါင်းစဉ်စာသားမှလွဲပြီး အကြောင်းအရာကို ထောက်ပံ့သည့် အချက် အလက်များ မပါဝင်ခြင်း
သတင်းတစ်ပုဒ်၏ ခေါင်းစဉ်နှင့် စာကိုယ်ကို နှိုင်းယှဉ်ဖတ်ရှုကြည့်ခြင်းဖြင့် သတင်းတု သတင်း မှားများကို ချက်ချင်းရိပ်မိနိုင်သည်။ သတင်းတု သတင်းမှားများတွင် စာကိုယ်၌ ခေါင်းစဉ်၏ စာသားမှလွဲ၍ ခေါင်းစဉ်အကြောင်းအရာကို ခိုင်လုံ စေသည့် မည်သည့်အချက်အလက်မှ မပါဝင်ချေ။
ဥပမာဆိုရသော် သတင်းခေါင်းစဉ်၌ “ရန်ကုန် မြို့ စမ်းချောင်းမြို့နယ်တွင် အရပ်သား ၅ ဦးအား စစ်တပ်မှ သတ်ပစ်သည်” ဟုဖော်ပြပြီး စာကိုယ်ကို လိုက်လံဖတ်ရှုပါက အထက်ပါခေါင်းစဉ်မှ လွဲပြီး မည်သို့မည်ပုံ သတ်ပစ်သည်နှင့် မည်သို့လာရောက် ပြီး သတ်ပစ်သည် စသည်ဖြင့် သတင်းခေါင်းစဉ်၏ အကြောင်းအရာခိုင်လုံမှုရှိရန် ထောက်ပံ့ပေးသည့် အခြားမည်သည့် အကြောင်းအရာမှ အသေးစိတ် ရေးသားဖော်ပြထားခြင်းမရှိချေ။ ထိုသို့သော သတင်းများသည် သတင်းတု သတင်းမှားများသာ ဖြစ်သည်။
၃။ စိစစ်အတည်ပြုခြင်း
သတင်းတစ်ပုဒ်ကို မမျှဝေခင် (မရဲယ်ခင်) အသိရှိရမည်မှာ မိမိရဲယ်မည့် သတင်းမှန်မမှန်၊ အဖြစ်မှန် ဟုတ်မဟုတ် စိစစ်အတည်ပြုပြီးမှသာ အခြားသူများအား ရှဲယ်သင့်သည်။ သတင်းတု သတင်းမှားများကို သိလျက်နှင့် အခြားသူများအား ရဲယ်နေခြင်းသည် အများသူငါ စိတ်သောက ကိုယ်ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်။ ထိုသို့ မဖြစ်စေရန် မသေချာမခိုင်လုံသော သတင်းများကို စိစစ်ရွေးချယ် ပြီးမှ အခြားသူများသို့ ရှဲယ်ခြင်းဖြင့် စိတ်နှလုံးလှသော လူသားဖြစ်စေသလို တည်ငြိမ်အေးချမ်း သာယာသော ပတ်ဝန်းကျင်တစ်ခု တိုင်းပြည်တစ်ခုကို တည်ဆောက်ရန် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကူညီရာ ရောက်ပေမည်။
၄။ မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ခြင်း
သတင်းတစ်ပုဒ်ကို Like - Share - Comment မလုပ်ခင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပါ။ မိမိ ပြုလုပ်တော့မည့်အရာသည် အခြားသူတစ်ပါး အတွက် ပညာဗဟုသုတ မည်မျှရသွားမည်နည်း။ အကျိုးမည်မျှရှိသွားမည်နည်း။ အကျိုးမည်မျှ ယုတ်သွားမည်နည်း။
ကုသိုလ်ယူသည်မှာ လှူဒါန်းမှ မဟုတ်ပါ။ မိမိရဲယ်သည့်သတင်း ဆောင်းပါးများကို ဖတ်ခြင်း ဖြင့် အခြားသူတစ်ပါး အကျိုးရှိသွားမည်ဆိုပါက ကုသိုလ်ပြုခြင်းဖြစ်ပါသည်။ အကျိုးယုတ်သွားပါက ငရဲပင်ဖြစ်ပေသည်။
မိမိ၏ အမုန်းစိတ် ဒေါသစိတ်ကြောင့်သော် လည်းကောင်း၊ မဆင်မခြင်ဉာဏ်တိမ်မှုကြောင့် သော်လည်းကောင်း၊ Follower များစေရန် လည်းကောင်း၊ မိမိ၏စိတ်ပျော်ရွှင်ရန်သော်လည်း ကောင်း၊ မိမိမုန်းတီးသူများအား အခြားသူများကပါ လိုက်လံမုန်းတီးရန်သော်လည်းကောင်း၊ အခြားသူ များ စိတ်ဒေါသပိုမိုထွက်စေရန် သော်လည်းကောင်း စသည်ဖြင့် မမှန်ကန်သော မခိုင်လုံသောသတင်း များကိုရှဲယ်ခြင်းသည်လူသားထုကြား အမုန်းတရား ပွားများလာအောင် လှုံ့ဆော်ပေးရာရောက်သလို မိမိကြောင့် အခြားသူများ ပိုမိုစိတ်ဝမ်းကွဲခြင်း၊ ဒေါသထွက်ခြင်း၊ ဆူပူလှုံ့ဆော်မှုကို အားပေးခြင်း ဖြစ်စေသည့်အပြင် သူတစ်ပါးဘ၀ဆုံးပါးသည်အထိ အယူအဆအမှားများကိုပြုလုပ်ရန်တွန်းအားပေးရာ ရောက်ပေသည်။ မိမိကြောင့် အခြားသူများ မိသားစု ကွဲ၊ ဒုက္ခရောက်၊သေကျေပျက်စီး၊ ဘဝဆုံးပါးသည် အထိအပျက်တရားမျိုးစုံ မပြုလုပ်မိစေရန် ဂရုစိုက် ရမည်မှာ မိမိ၏ လူမှုရေးတာဝန်ဝတ္တရားပင်ဖြစ်သည်။
၅။ သံသယရှိပါ
အွန်လိုင်းမှ တွေ့မြင်ရသည့် အရာအားလုံးသည် အမှန်မဟုတ်ပါ။ အွန်လိုင်းမှ ခင်မင်ရင်းနှီး လာသော သူငယ်ချင်းအားလုံးမှာလဲလူကောင်းများမဟုတ်ပါ။ ဒစ်ဂျစ်တယ် အွန်လိုင်းခေတ် တစ်ဟုန်ထိုး တိုးတက် လာသည်နှင့်အညီ အွန်လိုင်းတွင် ရာဇဝတ်မှုမျိုးစုံ ကိုမိနစ်နှင့်အမျှ အလွယ်တကူကျူးလွန်နေကြသည်။ ရိုးသားလွန်းသည့် ကျွန်တော်တို့မြန်မာလူမျိုးများ၏ အယုံကြည်လွယ်လွန်းသော စိတ်ဓာတ်ကို အခွင့်ကောင်းယူပြီး ပြည်တွင်းပြည်ပမှ လူယုတ် မာများသည် နည်းမျိုးစုံဖြင့် လှည့်စားပုံသွင်း နေကြသည်။
ရည်ရွယ်ချက်ရှိရှိဖြင့် အမုန်းတရားများ ပွားများစေရန် လှုံ့ဆော်နေသောသတင်းတု သတင်းမှားများကို ဖန်တီးဖြန့်ဝေနေကြသော Myanmar Now, khit Thit, DVB, Mizzima, Irrawaddy, Thit Htoo Lwin အစရှိသည့် သတင်းစာမျက်နှာများမှ သတင်းများကို သံသယရှိရှိဖြင့်ဖတ်ရှုရန် အထူးလိုအပ်သည်။ နိုင်ငံအေးချမ်းတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုး တိုးတက် ရေးကို ဖျက်ဆီးနေသော၊ အဖျက်သဘောဆောင်သည့် သတင်းတု သတင်းမှားများသည် မြန်မာပြည်သူ ပြည်သားများအကြား အဆိပ် အတောက်ကြီးပင် ဖြစ်ပါသည်။
၆။ ယုံကြည်စိတ်ချရသော သတင်းမီဒီယာကိုသာ ဖတ်ရှုရန်
CNN, AFP အစရှိသည့် နာမည်ကြီးနိုင်ငံတကာ သတင်းမီဒီယာပင်လျှင် မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းများကို ရံဖန်ရံခါ မှားယွင်းစွာ ဖော်ပြမိ ခဲ့ကြသည်။ သတင်းမီဒီယာတစ်ခု လည်ပတ်ရန် ငွေမြောက်မြားစွာ လိုအပ်သည်။ ရှုပ်ထွေးလှသော နိုင်ငံရေးကို ကစားနေကြသော နိုင်ငံကြီးများ၊ သတင်းအေဂျင်စီများ၊ NGO များ၊ သူဌေးကြီးများ သည် သတင်းမီဒီယာများကို ငွေကြေးထောက်ပံ့ပြီး သူတို့ ပုံဖော်လိုသည့်အတိုင်း ရေးသားခိုင်းကြသည်။
BBC, VOA, RFA အစရှိသည့် သတင်းမီဒီယာ များသည် မြန်မာပြည်၏ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်သည့်အနေဖြင့် အစိုးရနှင့် ပြည်သူများအကြား စိတ်ဝမ်းကွဲစေမည့် သတင်းများကို ရည်ရွယ်ချက်ရှိရှိ ရေးသားကြသလို သတင်းတုသတင်းမှားများကို သိလျက် အစစ်သဖွယ် တစ်ခါတစ်ရံ ရေးသား ဖော်ပြကြသည်။ အလွန်ရှုပ်ထွေးလှသော ကမ္ဘာ့ နိုင်ငံရေးတွင် ကျွန်တော်တို့ မြန်မာနိုင်ငံသာမက အခြားဆင်းရဲနွမ်းပါးသော နိုင်ငံများမှာလည်း ဤသို့အလားတူ ပြည်တွင်းရေး စွက်ဖက်ခံရမှုများနှင့် မတရားနှိပ်ကွပ်ခံရမှုများကို ကြုံတွေ့ခံစားနေကြရသည်။
၇။ သတင်းဖြန့်ဝေသူ နှင့် ရဲယ်သူများ၏ သမိုင်းကို စစ်ဆေးရန်
မိမိဖတ်ရှုသော သတင်းရေးသားသူ၏ သတင်း မီဒီယာတွင် သတင်း website ရှိမရှိ၊ website နှင့် FB တွင် ရုံးဌာနလိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ဖေ့စ်ဘွတ်အကောင့် စစ်မစစ်စသည့် အချက်အလက်များအားလုံးကို စစ်ဆေးရပါမည်။ သတင်းတု သတင်းမှားများကို ဖြန့်ချိနေသော သတင်းမီဒီယာအတု များတွင် ရုံးလိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်မပါရှိကြပါ။ အဘယ် ကြောင့်ဆိုသော် သတင်းတု သတင်းမှားများ ဖြန့်ချိ မှုဖြင့် ဥပဒေအရ အရေးယူခံရနိုင်မည် ဖြစ်သောကြောင့် ဆက်သွယ်၍ မရနိုင်ရန် ပြုလုပ်ထားကြသည်။
အခြားလူတန်းစားတစ်ခု ရှိသေးသည်။ အွန်လိုင်းတွင် အကောင့်အစစ်ဖြင့် သတင်းတု သတင်းမှားများကို ဖြန့်ချိနေသူများဖြစ်သည်။ ပြည်ပတွင် နိုင်ငံရေးခိုလှုံနေထိုင်ခွင့်ရရှိရန်နှင့် သူတို့၏ သားစဉ်မြေးဆက်ကောင်းစားရန် မိမိနိုင်ငံ နှင့် လူမျိုးကို အသုံးချပြီး ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေး သွေးထိုးလှုံ့ဆော်သည့် ရေးသားမှုများနှင့် ပြောဆိုမှု များကို အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည်။
ပြည်ပနိုင်ငံတွင် မြန်မာနိုင်ငံရေးလှုပ်ရှားမှု အထောက်အထားကို ပြသနိုင်ပြီး နိုင်ငံရေးခိုလှုံခွင့် ရရှိအောင်လုပ်ကာ ထိုနိုင်ငံ၏ နိုင်ငံသားခံယူခွင့် ရယူနိုင်ရန် ဖြစ်သည်။ ဤမြေမှာနေခဲ့ပြီး၊ ဤရေကို သောက်ခဲ့ပြီး မိမိကိုယ်ကျိုးစီးပွားအတွက် အမိနိုင်ငံနှင့် လူမျိုးအပေါ် သစ္စာဖောက် ယုတ်မာကြသည့် လူတန်းစား တစ်ရပ်ဖြစ်သည်။
ဤသည်ကို မသိနားမလည်၊ ရိုးသားကြသော မြန်မာပြည်သူ ပြည်သားများသည် နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော နာမည်ကြီးဆယ်လီများ၊ ဆယ်လီဖြစ်ချင်သူများ၊ အနုပညာရှင်များကို အထင်ကြီးပြီး သူတို့ပြောသည့်အတိုင်း သံယောင် လိုက်ကြသည်။ တောခိုကြသည်။ မိမိနိုင်ငံကို ဖျက်ဆီးသည့် သောင်းကျန်းမှုမျိုးစုံ ပြုလုပ်ကြသည်။မိုက်ရူးရဲပြီး အသက်စွန့်ကြသည်။
အမှန်တကယ် ထိုပြည်ပနိုင်ငံတွင် နေထိုင်ပြီး လေလှိုင်းထဲကသာ အသံကျယ်နေသူများကို ကြည့်ပါက ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိပြီး ကောင်းစားနေကြသည်၊ အလှူငွေမျိုးစုံဖြင့် ပွဲလမ်း သဘင်မျိုးစုံလုပ်နေကြသည်။ လှည့်ဖြားခံရသည့် ပြည်သူများသာ အထိနာပြီးရင်း နာနေကြရသည်။ ထွက်ပြေးတိမ်းရှောင်နေသူများ၊ ထောင်ကျနေသူများ၊ အသက်စွန့်သွား ခဲ့ကြသူများ စသည်ဖြင့် လှည့်စားမှုမျိုးစုံကို ခါးစည်းခံနေကြရသည်။
၈။ သတင်းတစ်ပုဒ်၏ နောက်ခံအရင်းအမြစ်
သတင်းတစ်ပုဒ်တွင်ပါဝင်သော အကြောင်း အရာတစ်ခုချင်းစီတွင် အထောက်အထား ခိုင်ခိုင် လုံလုံ ရှိရပါမည်။ ဤသူက ဤသို့ပြောသည်ဟု ဆိုပါကဤသူကို သတင်းရေးသားသည့်အခါ ဤသူ မည်သည်ဖြစ်သည်။ မည်သို့ကြောင့် ပြောသည် စသည်ဖြင့် အထောက်အထားအပြည့်အ၀ ဖော်ပြရ ပါမည်။ ထိုမှသာ အရင်းအမြစ် တိတိကျကျရှိသော ခိုင်လုံယုံကြည်ရသည့် သတင်းမှန်တစ်ပုဒ်ဖြစ်လာ ပါမည်။ ဤသည်ကိုမဖော်ပြခြင်း၊ တစ်ဝက်တစ်ပျက် ဖော်ပြခြင်း မဖြစ်ရပါ။ ထိုနည်းတူ အွန်လိုင်းတွင် ပုံတစ်ပုံကို ဖော်ပြပါက ထိုပုံ၏ ပေါ်ပေါက်လာရာ ဇစ်မြစ်ကို ဖော်ပြရပါမည်။ ထို့အပြင် မည်သူတစ်ဦး တစ်ယောက်၏ ပုံတူကိုမျှ ကူးယူခြင်း မဖြစ်စေရ။ ထိုသို့မဖြစ်ခံရစေရန် Google image check ဖြင့် အွန်လိုင်းမှ ပုံတစ်ပုံကို အလွယ်တကူ စစ်ဆေးလို့ ရကြောင်း သိထားရန်လိုသည်။
အထက်ပါ(၈)ချက်ကို အခြေခံပီး မိမိကိုယ်တိုင် သော်လည်းကောင်း၊ အခြားသူများ ကိုသော်လည်းကောင်း သတင်းတု သတင်းမှားများ၏ သားကောင် မဖြစ်စေရန် ကာကွယ်ရမည်မှာ လူသားဆန်သည့် လူသားကောင်းတစ်ယောက်၏ တာဝန် ဝတ္တရားပင် ဖြစ်ပါသည်ဟု ရေးသားတင်ပြလိုက် ရပါသည်။
UAC