Skip to main content

နေတတ်ခြင်း

“နေတတ်လျှင် ကျေနပ်စရာပါ”ဟု မြန်မာအများ ယုံကြည်ထားကြပါသည်။ သို့သော် နေတတ်လိုက် တာနော်” ဟု မှတ်ချက်ပေးပါက ကိုယ့်အရေးကိစ္စမှလွဲပြီး သူတစ်ပါ၏ အရေးကိစ္စ၊ အများကိစ္စများတွင် ပါဝင်ခြင်းမရှိဘဲ ကင်းကင်းနေသူဟူ၍ အဓိပ္ပာယ်ထွက်လေ၏။ ထိုသူတို့၏ ဆင်ခြေမှာ “ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ပါ” (Mind your own business) ဟူ၍ ဖြစ်ပါ၏။ ကမ္ဘာ့အနေဆက်ခြမ်နေသူ၏ စရိုက်ဖြစ်ပြီး အရှေ့တိုင်းသားအများစုကမူ မျှဝေခြင်း နှင့် စောင့်ရှေဝက်ခြင်းကို ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ကျင့်သုံးကြလေသည်။

မြန်မာတို့၏ “နေတတ်ခြင်း” ကို ဗုဒ္ဓဘာသာ တရားအဆုံးအမနှင့် တိုင်းတာသောအခါ ယောနိ သောမနသီကာရ မျှတအောင်နှလုံးသွင်းခြင်းအပေါ်၌ အခြေခံသည်ဟု ယူဆရလေသည်။ ကြုံတွေ့လာသမျှတွေကို ဗြဟ္မစိုရ်တရားနှင့်ညှိ၍ မေတ္တာစိတ်၊ ကရုဏာစိတ်၊ ဥပေက္ခာစိတ်တို့ဖြင့် နှိုင်းချိန်၍ ထိုက်ထက်စွာ အသုံးချတတ်လေသည်။ မုဒိတာပွား၍လည်း နေသွားနိုင်ပါသည်။

ရုပ်ဝတ္ထုပတ်ဝန်းကျင် အခြေခံများစွာရှိ

ဤစိတ်အခြေခံဖြင့် တုံ့ပြန်စောင့်ရှောက်တတ်သော မြန်မာတို့တွင် ပံ့ပိုးနေသော ရုပ်တ္ထု ပတ်ဝန်းကျင် အခြေခံများစွာရှိပါသည်။ အဓိကအကြောင်းရင်းနှစ်ခုမှာ အချိန်နှင့်နေရာ ပြည့်စုံခြင်းပင် ဖြစ်ပါသည်။ အလိုနည်းခြင်း၊ မွေးမြူလွယ်ခြင်း၊ လူတိုင်းအပေါ် မိမိ၏ရင်မှဖြစ်သောတစ်ဦးတည်း သောသားကို ချစ်သကဲ့သို့ ချစ်တတ်ခြင်းများသည် မြန်မာတို့၏ အပြုအမူများကို လွှမ်းခြုံထားလေသည်။

အရှေ့တိုင်းသားချင်းအတူတူ မတူညီသော ရုပ်ပိုင်းဆိုင်ရာပတ်ဝန်ကျင်နှင့် စိတ်ဆန္ဒများအပေါ် အခြေတည်၍ အလိုကြီးခြင်း၊ မရောင့်ရဲနိုင်ခြင်းတို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မီးတော်ကြီးလှသော ပုထုဇဉ်လူသားများကိုလည်း တွေ့နိုင်ပါသည်။

ကမ္ဘာကြီးနှင့်ယှဉ်လျှင် ကျွန်တော်တို့တွင် အချိန်ပိုများစွာရှိနေ၏။ ထိုအချိန်များကို ထိုက်တန် စွာအသုံးချသူများမှာ စီးပွားရေး၊ လူမှုရေး မျက်နှာစာတွင် စန်းပွင့်၏။ လူချစ်လူခင်များ၏။ သူတစ်ပါးကောင်းကျိုးဆောင်ဖို့ အချိန်တွေရှိနေ၏။ ထို့ပြင် ဦးရေထူထပ်ကျပ် သိပ်မနေဘဲ အပြောကျယ်လှသော သလာဝတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားကြသဖြင့် စားဝတ်နေရေးမှာ အချို့ နိုင်ငံများမှ နိုင်ငံသားများလောက် အစွန်းမရောက်ချေ။

ကျွန်တော် အားရိကတိုက် ယူဂန္ဓာနိုင်ငံမှ ရွာတစ်ရွာသို့ရောက်ခဲ့၏။ နေ့လယ်တွင် ရွာသူရွာသားများသည် သစ်ပင်ရိပ်အောက်၌ စုထိုင်ကာ စကားပြောလိုက်၊ ခေါင်ရည်သောက် လိုက်နှင့် စည်ကားနေလေသည်။ သို့သော် သူတို့ပတ်ဝန်းကျင်တွင် စွန့်ပစ်ပစ္စည်းများကြောင့် သန့်ရှင်းမှုအားနည်းနေ၏။ အိမ်ရှင်ဖြစ်သူ ယူဂန္ဓာကျန်းမာရေးဝန်ထမ်းမှာ အလွန်ရှက်၊ အလွန်စိတ်ဆိုးပြီး ရွာသားတွေကို အပြစ်တင်တော့၏။

ဘဝတန်ဖိုးချင်းမတူ

“ရှင်တို့ပျင်းလို့ ကျွန်မတို့နိုင်ငံ မတိုးတက်တာ”ဟု ဆိုလေ၏။ သူ့စကားကိုကြားရသော် ကျွန်တော်တို့ ဥပမာပေးလေ့ရှိသော ဖွံ့ဖြိုးရေးဇာတ်လမ်းတစ်ပုဒ်ကို သွားသတိရ၏။

လူတစ်ယောက်သည် သစ်ပင်ရိပ်တွင် မှိန်းရင်း ငါးမျှားနေလေသည်။

“ခင်ဗျားကို ငါးဖမ်းနည်းသင်ပေးရမယ်”ဟု ဖွံ့ဖြိုးရေးသမားက ဆို၏။

“အဲဒီတော့ ဘာဖြစ်မလဲ” ဟု ရွာသားက ပြန်မေး၏။

“ ငါးများများရအောင်လုပ်၊ ငွေများများ ရမယ်”

“အဲဒီတော့ ဘာဖြစ်မလဲ”

“ငွေရှိတော့ မပင်မပန်းဘဲ နေနိုင်တာပေါ့”

“အခုလည်း မပင်မပန်းဘဲနေ နေတာပဲ” ဟု ရွာသားက ပြောလေ၏။

ကျွန်တော်တို့မှာ ဘဝတန်ဖိုးချင်း မတူကြပါ။

မိမိ၏ဆန္ဒအလျောက် ရိုးရှင်းစွာ နေထိုင်ခြင်းဘက်သို့ ကမ္ဘာကြီး၏အရွေ့ရှိလာပြီကို သာမန် ပညာတတ်တို့ သတိမထားမိနိုင်ပါ။

“ဇိကုပ်ပြီး နတ်ပြည်တင်တာ မြင့်တယ်ထင်ပြီး ခုန်ချတယ်” ဟု အားမလိုအားမရ အပြစ်တင်ပြီး ဒေါသပွားနေသော ဖွံ့ဖြိုးရေးသမားများနှင့် ဆုံဖူးပါ၏။

“ကျွန်တော်တော့ ဒီရွာသူ ရွာသားတွေ လိုနေချင်လှပြီ" ဟု ကျွန်တော် ပြောလိုက်သောအခါတွင် ယုဂန္ဓာအိမ်ရှင်ဝန်ထမ်းမှာ အံ့သြသွားလေသည်။ ကျွန်တော်လည်း အလုပ်ခြောက်ခုလောက်ကို ဇယ်စက်သလို လုပ်နေ၏။ ငြိမ်ငြိမ်မနေရဘြ ခရီးတွေသွားရ၏။ ကောင်းကောင်းမအိပ်ရဘဲ အိပ်ချိန်တွင် နောက်တစ်နေ့ အလုပ်အတွက်စဉ်စနေရ၏။ စက်ရုပ်တစ်ရုပ်ကို သံပတ်ပေးထားသလိုပင်။

စာအုပ်ဆော်မှ ကွန်ပျူခေတ်

တစ်သက်လုံး ကြိုးစားလေ့လာနေသမျှမှာ မပြီးနိုင်၊ မကုန်နိုင်။ စာအုပ်ခေတ်မှ ကွန်ပျူတာခေတ်သို့ ပြောင်းလထသောအခါ ထိုကွန်ပျူတာ၏ မောင်းနှင်မှုကို ပြန်၍ခံရပါ၏။ ထမင်းဆာနေပေမယ့် ကွန်ပျူတာက ရပ်လို့မရသေး။ ထိုင်ရာကထ၍မရ။ မျက်လုံးကိုအနား ပေးဖို့ အခွင့်အရေးမရှိ။ ထိုမှတစ်ဖန် စမတ်ဖုန်းတွေခေတ်သို့ ပြောင်းလဲလာသောအခါတွင် လက်ကိုင်ဖုန်းထဲမှာ တစ်ရုံလုံး၏ အသုံးအဆောင်များ ပြည့်နေ၏။ အလုပ်အတော်များမှာ ဖုန်းတစ်လုံးထဲနေရုံနှင့် ပြီး၏။ သို့သော် လက်တွေ့တွင် လက်ထဲကဖုန်း၏ ခေါ်ဆောင်ရာသို့ အာရုံက လိုက်ရပြန်လေသည်။

အလုပ်ထဲမှာ မဲနေသဖြင့် လူမှုရေးတွေ ထိခိုက်၏။ ကျန်မာရေးတွေ လျော့ပါးလာ၏။ တယ်လီဖုန်းမှတစ်ဆင့်၊ ဆိုရှယ်မီဒီယာမှတစ်ဆင့် ထွက်လာပြီဆိုလျှင်မူ အပျော်တမ်း မဟုတ်တော့။ “ခေတ်ကျွန်”အဖြစ် နွံနစ်၍သွားတော့၏။ အပျော်တမ်း ဖုန်းပွတ်ရသူများကို နေရာတကာမြင်ရ၏။ အလုပ်ပျက်၊ အကိုင်ပျက်၊ အအိပ်ပျက်၊ အစားပျက်၊ ဆွေပျက်၊ မျိုးပျက်ဖြစ်ရင်း လူ့အသိုင်းအဝိုင်းအလယ်က စက်ရုပ်များဖြစ်၍ နေကြလေသည်။

ယူဂန္ဓာနိုင်ငံမှ ရွာသားများမှာမူ အုပ်စုအလိုက် စကားဖောင်ဖွဲ့ရင်း ရယ်မောပျော်ရွှင်နေကြလေ သည်။ လူကြားထဲတွင် ပုန်းကွယ်နေသူများလည်း မရှိချေ။ ကျွန်တော်တို့အဖွဲ့က ကြိုတင်အကြောင်းမကြားဘဲ လမ်းကြုံဝင်သွားသော ရွာဖြစ်သော်လည်း ရွာသူရွာသားများမှာ ဝင်လာသောလူစိမ်း နိုင်ငံခြားသားများကို အံ့သြခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ဆက်ဆံကြပါသည်။

လူမှုရေးသုခစံနှုန်းများကွဲပြား

ကျွန်တော်တို့အဖွဲ့က သူတို့အိမ်သားများကို စိတ်ဝင်စားပါသည်။ ရွာသူရွာသားတို့ကမူ သူတို့၏ သားသမီးများကိစ္စ၊ အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စများကို စိတ်ဝင်စားကြ ၏။ သူတို့နှင့် ကျွန်တော်တို့၏ ရှုဒေါင့်များ ကွာနေသည်ဟု ထင်ပါ၏။ အထူးသဖြင့် ရွာသူရွာသားများ ယုံကြည်သော “လူမှုရေးသုခ” နှင့် ကျွန်တော်တို့ သတ်မှတ်သော လူမှုရေးသုခစံနှုန်းသည် ကွဲပြားနေပါသည်။

မကြာခင်က သုတေသနပြုခဲ့သော ကမ္ဘာအသက်ကြီးဆုံး အမျိုးသမီးဖြစ်သူ ဂျပန်လူမျိုး “ကန်တာနကာ”နှင့် အင်တာဗျူးတစ်ခုတွင် သူ၏နေထိုင်မှုဟန်ကို ဖော်ပြထားပါသည်။ အသက် ၁၁၉ နှစ်ရှိသည်ထိ ကျန်းမာဆဲ အမျိုးသမီးကြီး၏ ဘဝဖြတ်သန်မှုကို လေ့လာရာတွင် စိတ်ဝင်စားစရာ အကြောင်းရင်းတစ်ခုမှာ “Sense of Community” ခေါ် လူ့အဖွဲ့အစည်းအတွင်း လုံခြုံမှု၊ ပျော်ရွင်မှု ခံစားချက်ကို တွေ့ရပါသည်။ တန်းတူညီတူ လူတိုင်းပါဝင်မှု၊ လူ့အဖွဲ့အစည်းမှ သက်ကြီးရွယ်အိုများကို စောင့်ရှောက်နိုင်မှု၊ ထိုလူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုနှင့် ထိုလူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှု၊ ဖိအားများကို လျှော့ချထားနိုင်မှုများကို အကြောင်းရင်းအဖြစ် ဇော်ပြထားသည်။

ပျော်ရွှင်မှုခံစားချက်တူညီနေ

ယူဂန္ဓာရွာသားများကို ဂျပန်ပေတံနှင့် တိုင်သာကြည့်လျှင် “Sense of Community” ဟူသော လူ့အဖွဲ့အစည်း၏ အတွင်းမှ လုံခြုံမှု၊ ပျော်ရွှင်မှုခံစားချက်များ တူညီနေသည်ကို တွေ့နိုင်ပါ သည်။ ကမ္ဘာပေါ်တွင် ချမ်းသာသော ဂျပန်နိုင်ငံနှင့် အာဖရိကတိုက်က သာမန်နိုင်ငံတစ်ခုတွင် ရုပ်ဝတ္ထု ဖွံ့ဖြိုးမှုခြင်း ကွာဟသော်လည်း “နေပျော်ခြင်း” တစ်နည်းအားဖြင့် “နေကောင်းခြင်း” မှာ အတူတူပင် ဖြစ်နေပါသည်။

ယဉ်ကျေးမှု အဆင့်အတန်းမြင့်ခြင်းဟုဆိုရာတွင်လည်း ဂျပန်တို့ယဉ်ကျေးမှုအဆင့်အတန်း မြင့်သကဲ့သို့ အာဖရိကတိုက်တွင် ယဉ်ကျေးမှုသမိုင်းမှာလည်း ရှည်လျားလှပါသည်။ ဓလေ့ထုံးစံများမှာလည်း နှိုင်းယှဉ်စရာ မလိုလောက်အောင် ကွာခြားသဖြင့် ပန်းသီးနှင့် လိမ္မော်သီးကဲ့သို့ ယှဉ်ပြတိုင်းတာ၍ မဖြစ်နိုင်ချေ။

မြန်မာတို့ကိုလည်း သူများနိုင်ငံမှ ပေတံနှင့်နှိုင်းယဉ်ခြင်းဖြင့် အမှန်မရနိုင်ပါ။ သို့ရာတွင် အခြေအားဖြင့် တူညီနေသည်မှာ *Sense of Community” ပင်ဖြစ်ကြောင်း တွေ့ရပါသည်။ ဤအချက်မှာ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အသက်ရှည်၍ အနာကင်းခြင်းများ၏ အခြေခံဖြစ်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ကျန်းမာမှုကိုအခြေခံ

အသက် ၁၁၉ နှစ်အရွယ်ရှိ ဂျပန်အမျိုးသမီးကြီး ကျန်မာစွာရှိနေခြင်းမှာ ဂျပန်နိုင်ငံအတွက် ရှားပါးသော အဖြစ်အပျက်မဟုတ်ချေ။ ကမ္ဘာပေါ်တွင် အသက်ရာကျော် နေနိုင်သူ အများဆုံးရှိရာ ဂျပန်နိုင်ငံ၏ အိုကီနာဝါကျွန်းသူ ကျွန်းသားများကို လေ့လာသောအခါတွင် ရိုးရှင်းသောနေထိုင်မှုဟန်၊ သန့်ရှင်း၍ သဘာဝကျသော ပတ်ဝန်ကျင်၊ မျှတသောအစာအဟာရ နှင့် တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းအလိုက် ကျန်းမာမှုကို အခြေခံလေသည်။

ဤနေရာတွင် နေတတ်ခြင်း” သည် အရေးပါသော “သော့ချက်” ဖြစ်လာပါသည်။ ကာမဂုဏ် အာရုံကို အဆုံးစွန်လိုက်စားခြင်းက တစ်ဖက်၊ မိမိခန္ဓာကို ညှဉ်းဆဲ၍ အားထုတ်ခြင်က တစ်ဖက်၊ အစွန်းနှစ်ဖက်ကို မရောက်စေဘဲ “မလျော့မတင်း စောင်းကြိုးညှင်းသကဲ့သို့” ဟူသော ကျင့်နည်း ကို ရှာဖွေကျင့်ကြံဖို့ လိုလေသည်။

သီအိုရီအရတော့ “ရှင်သန်ထက်မြက်နေသော ညီမျှခြေ” (Dynamic Balance) ကို အရယူရန် လိုသည်ဟု ဆိုပါသည်။ ကျောက်တုံးကို တစ်နေရာမှာ ချထားလျှင် ငြိမ်းနေပါမည်။ မညီမျှဖြစ်နေ ပလိမ့်မည်။ သို့ရာတွင် ရှင်သန်ထက်မြက်သော ညီမျှခြေမဖြစ်နိုင်။ လူတို့သာလျှင် ဤသို့ကျင့်ကြံနိုင်ပါ၏။

ရှင်သန်ထက်မြက်နေသော ညီမျှခြေကို ကျင့်ရမည်။ အခြေအနေမှာ မိမိခန္ဓာကိုယ်နှင့် စိတ်တို့၏ စက္ကန့်မလပ် ပြောင်းလဲနေလျက်က ညီမျှခြေ၊ မိမိနှင့် ရုပ်ဝတ္ထုပတ်ဝန်းကျင်တို့၏ ညီမျှခြေ၊ မိမိနှင့် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း၏ ညီမျှခြေများကို ကြည့်၍ ညှိရန်လိုပေသည်။ ထိုအခါတွင် ရလဒ်အဖြစ် [Holistic Health) ခေါ် လွှမ်းခြုံပြည့်စုံသော ကျန်မာမှုကို ရလာပေလိမ့်မည်။

မြန်မာလို အလွယ်ဆုံးဆိုရလျှင် "နေကောင်းခြင်း” ပင်ဖြစ်ပါသည်။ နေတတ်လျှင် နေကောင်း ပါသည်။

ကိုယ့်အတွက် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ကမ္ဘာအတွက် မေတ္တာဖြင့် အလုပ်လုပ်ရင်း ဘဝတစ်ခုကို အဓိပ္ပါယ်ရှိစွာ နေခွင့်ရှိပါသည်။

ဆရာမဲဇာ