Skip to main content
Dec 29, 2021
01
သာစွဌာနေ ဇွဲကပင်မြေသို့ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလက လုပ်ငန်းတာဝန်ဖြင့် ကျွန်တော် အကြိမ်ကြိမ်ရောက်ခဲ့သည်။ တိတိကျကျဆိုလျှင် ၁၉၉၃ ခုနှစ် ဇန်နဝါရီလထဲတွင် KNU မှ ဗိုလ်ချုပ်မြနှင့် ဦးထိန်မောင်တို့က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ထိုင်းတပ်မတော်မှတစ်ဆင့် ကမ်းလှမ်း ခဲ့ရာမှအစပြု၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရနှင့် KNU တို့အကြား ၁၉၉၄-၉၅၊ ၂၀၀၃-၂၀၀၄ ခုနှစ်တို့တွင် ငြိမ်းချမ်းရေး အတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇွဲကပင်မြေတစ်ဝန်း သေနတ်သံ၊ အမြောက်သံများ တိတ်ဆိတ် ငြိမ်သက်သွားပြီး ဖားစည်သံတညံညံ ထွက်ပေါ်လာသည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း အချိန်ကာလ များဖြစ်သည်။
Dec 29, 2021
လွန်ခဲ့သည့်ရက်ပိုင်းက အလုပ်သမားအဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အခြေ အနေသည် တစ်နေ့တခြား ပိုဆိုးလာကြောင်း၊ ယခုအခါ အလုပ်သမားများကို တစ်ရက်လျှင် ကျပ် ၃၆၀၀ သာရမည်ဟု အချို့သောစက်ရုံများတွင် ကြေညာမှုများရှိလာကြောင်း၊ တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီ ဆိုသည်မှာ အာမခံချက်မရှိကြောင်း၊ စက်ရုံအများအပြားတွင် အဓမ္မလုပ် အားပေးခိုင်းစေမှုများ များပြားလာကြောင်း၊ နိုင်ငံတကာအမှတ်တံဆိပ် အများအပြား သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အခွင့်ကောင်းယူခြင်းဖြင့် မြန်မာအလုပ်သမားများကို အမြတ်ထုတ်သည့်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း စသည်ဖြင့် ထုတ်ပြန် ထားသည်ကို တွေ့လိုက်ရသည်။
Dec 29, 2021
အခြေအနေ(၁) လွတ်လပ်ရေးရပြီးလို့ ခြောက်နှစ်အကြာ ၁၉၅၄ ခုနှစ်မှာ ဖွံ့ဖြိုးမှု အလားအလာ အကောင်းဆုံး နိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ ပါတယ်။ မြန်မာဟာ လွတ်လပ်စနိုင်ငံ၊ သယံဇာတ ကြွယ်ဝမှု၊ မြန်မာတို့ရဲ့ ကြိုးစားရိုးသားမှုကို အခြေခံ ပြီး မှတ်ချက်ချတာ ဖြစ်ပါတယ်။ တောင်-မြောက် ကိုရီးယားနိုင်ငံတို့ဟာ အချင်းချင်းစစ်ဖြစ်နေတဲ့ ကာလမို့ မြန်မာကဆန်တင်ပို့နိုင်တဲ့ သဘောကြောင့် ချမ်းသာဖို့အလားအလာရှိတယ်လို့ ခန့်မှန်းတာလည်း ဖြစ်နိုင်ပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက ဦးသန့်အား မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း ကျမ်းတစ်စောင် ရေးသားရန် အကြံဉာဏ်ပေးတာကြောင့် ဦးသန့်ဟာ ၁၉၅၄ အလယ်ခန့်တွင် “ပြည်တော်သာခရီး” ဟူသော ကျမ်းပထမတွဲကို အပြီးအစီးရေးသားခဲ့ပါတယ်။
Dec 28, 2021
လွတ်လပ်ရေးရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေအနေတွေမှာ တက်လိုက်ကျလိုက် နိမ့်လိုက်မြင့်လိုက် အခြေအနေတွေကို များစွာ ကြုံတွေ့ခဲ့ရပြီးတော့ တည်ငြိမ်အေးချမ်းစွာ ပုံမှန်ဖွံ့ဖြိုးတိုးတက်နေတဲ့၊ အေးချမ်းသာယာ ပြီးတော့ စားဝတ်နေမှု ဖူလုံပြည့်စုံနေတဲ့၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းတွေကို နိုင်ငံသားတွေအားလုံး စိတ်အေးချမ်းသာ ခံစားစံစားနေနိုင်တဲ့နိုင်ငံအဖြစ် အာမခံချက်ရှိရှိ ရပ်တည် နိုင်ရေးဟာ နိုင်ငံသားတွေအားလုံးရဲ့ တောင့်တချက်၊ လိုလားချက်ဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုတဲ့ကိစ္စဖြစ်ပါတယ်။
Dec 28, 2021
ထာဝရငြိမ်းချမ်းပါစေ ဇွဲကပင်မြေ
သာစွဌာနေ ဇွဲကပင်မြေသို့ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလက လုပ်ငန်းတာဝန်ဖြင့် ကျွန်တော် အကြိမ်ကြိမ်ရောက်ခဲ့သည်။ တိတိကျကျဆိုလျှင် ၁၉၉၃ ခုနှစ် ဇန်နဝါရီလထဲတွင် KNU မှ ဗိုလ်ချုပ်မြနှင့် ဦးထိန်မောင်တို့က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ထိုင်းတပ်မတော်မှတစ်ဆင့် ကမ်းလှမ်းခဲ့ရာမှအစပြု၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရနှင့် KNU တို့အကြား ၁၉၉၄-၉၅၊ ၂၀၀၃-၂၀၀၄ ခုနှစ်တို့တွင် ငြိမ်းချမ်းရေးအတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇွဲကပင်မြေတစ်ဝန်း သေနတ်သံ၊ အမြောက်သံများ တိတ်ဆိတ်ငြိမ်သက်သွားပြီး ဖားစည်သံတညံညံ ထွက်ပေါ်လာသည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း အချိန်ကာလများဖြစ်သည်။
Dec 28, 2021
အစဉ်ထာဝရ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ
မြန်မာနိုင်ငံသည် ဘီစီ ၃ ရာစုခန့်မှစ၍ ပဒေသရာဇ်နိုင်ငံများ ထူထောင်ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်လူမျိုးနှင့် အုပ်ချုပ် နေထိုင်လာခဲ့ခြင်းဖြစ်သည်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ တောင်ငူနှင့် ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် နှစ်ပေါင်းထောင်နှင့်ချီ၍ လွတ်လပ် သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် အထင်ကရ ရပ်တည်လာခဲ့သည်။
Dec 27, 2021
၃
လွတ်လပ်ရေးနေ့ဆိုသည်ကား နိုင်ငံတစ်နိုင်ငံ၏ ကိုယ့်မင်းကိုယ့်ချင်းဖြင့် အချုပ်အခြာအာဏာကို မိမိတို့တိုင်းရင်းသားပြည်သူများက ပိုင်ဆိုင်သော နိုင်ငံတော်အဖြစ် စတင်ထူထောင်ခွင့်ရသောနေ့ပင် ဖြစ်သည်။
Dec 27, 2021
၁
လွတ်လပ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ တကယ်ထိတွေ့ခဲ့တာက လွတ်လပ်ရေးနေ့မှာပြုလုပ်တဲ့ အားကစားပွဲတွေပဲ။ တောတွေရော၊ မြို့တွေရော၊ ရပ်ကွက် တွေ၊ ကျောင်းတွေ၊ လမ်းတွေ နေရာအသီးသီးမှာ လုပ်ကြတာ။ လွတ်လပ်ရေးကိုအကြောင်းပြုပြီးတော့ အားကစားပွဲတွေ ကျင်းပပြုလုပ်ကြတာ။ ဘယ်သူ ဘယ်ဝါတွေ ဦးဆောင်မယ်၊ ဘယ်သူတွေပါမယ်ဆိုတာ ကြိုတင်ညှိနှိုင်းထားခြင်းမရှိဘဲနဲ့ အဲဒီနေ့ရောက်တာနဲ့ ကျောင်းအားကစားကွင်းတွေ၊ လမ်းတွေ လမ်းတွေမှာ အော်ဟစ်ပြေးလွှား ဆော့ကစားနေတဲ့ မြင်ကွင်းတွေကတော့ သောသောညံလို့ နေပါတယ်။
Dec 26, 2021
ဆောင်းပါး
မကြာမီကာလအတွင်း တက္ကသိုလ်ကျောင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်း တက္ကသိုလ်များအားလုံး အချိန်မီဖွင့်လှစ် နိုင်ရေးအတွက် နိုင်ငံတော်က သက်ပေါင်စုံ ပိုး မှုများပေး၍အစွမ်းကုန်ဆောင်ရွက်ကာတွန်း ပေးလျက်ရှိပါသည်။ သက်ဆိုင်ရာပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာနကလည်း တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများ ခန့်အပ်ခြင်း နှင့်အတူ ၎င်းဆရာ ဆရာမများ တက္ကသိုလ်ပညာရေးစနစ်၊ သုတေသန၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးစွမ်းရည် မြင့်သင်တန်း များကိုပါ သင်ကြားပို့ချပြီးဖြစ်ပါသည်။
Dec 26, 2021
ဆောင်းပါး
၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုး သည် ကျပ်၆၄၇၆သန်းရှိခဲ့ပြီး၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ၁၁ လအတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၂၈၂၆ ဒသမ ၂၈၃ သန်းရှိသောကြောင့် ဆုံးရှုံးမှုတန်ဖိုး မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၏စာရင်းများအရ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ မီးလောင်မှု ၁၉၄၉ ကြိမ် ရှိပြီး ၂၀၂၀ ပြည့်နှစ်အတွင်း အကြိမ်ရေ ၁၉၉၀ ရှိခဲ့သည်ဟု ဆိုသည်။ နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့သည် မီးလောင်မှုများသည့်ကာလ ဖြစ်သောကြောင့် မီးလောင်မှုမဖြစ်အောင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မီးဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်များရေးဆွဲပြီး ဆောင်ရွက်လျက်ရှိသည်။