Skip to main content
Jul 16, 2022
မမေ့တဲ့နိုင် တစ်ဆယ့်ကိုး ဇူလိုင်မှသည် အနာဂတ်နိုင်ငံတော်သစ်ဆီသို့ . . .
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုအာဇာနည်နေ့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ ကျဆုံးခဲ့သည်။ နှစ်ပေါင်း ၇၅ နှစ် (ဆယ်စုနှစ် ခုနစ်ခုကျော်) ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာပြည်သူ ပြည်သားအားလုံးအဖို့ ထိုဆိုးရွားအကျည်းတန် အရုပ်ဆိုးလှသော ဖြစ်ရပ်ကို မမေ့မပျောက်နိုင်ဘဲ အမှတ်ထင်ထင် ရှိနေဆဲပင်ဖြစ်သကဲ့သို့ ပြည်သူချစ်သော သူရဲကောင်း အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ၏ စွမ်းဆောင်မှုများနှင့် မမေ့နိုင်ဖွယ်ရာ ပုံရိပ်များမှာလည်း မြန်မာပြည်သူ ပြည်သားအားလုံး၏ နှလုံးသား ကြေးမုံပြင်တွင် ထင်ဟပ်နေဆဲဖြစ်သည်။
Jul 15, 2022
နိုင်ငံတကာဆက်ဆံရေး
၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း၌ သတင်းစတင်ကြားခဲ့ရပါသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe သေနတ်နှင့် အပစ်ခံရခြင်းပါ။ ဂျပန်နိုင်ငံ နာရာမြို့၌ သူ၏ LDP ပါတီ အထက်လွှတ်တော်အမတ်လောင်းအတွက် ကူညီမဲဆွယ်ပေးနေစဉ် လက်လုပ်သေနတ်နှင့် အပစ်ခံရသည်ဟု သတင်းစတင်ကြားကြားချင်း လက်နက်ကိုင်ဆောင်ခွင့် စည်းကမ်းအလွန်တင်းကျပ်လှပြီး ဤကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်လေ့ဖြစ်ထမရှိသော ဂျပန်နိုင်ငံ၌ ဖြစ်ခဲ့သဖြင့် အထူးတုန်လှုပ်ချောက်ချား ကြေကွဲဝမ်းနည်းခဲ့ရပါသည်။ အသက်ရှင်သန်ပါစေဟု ဆုတောင်းခဲ့ပါသော်လည်း မပြည့်ခဲ့ပါ။ ထိုနေ့ညနေပိုင်း၌မူ ကွယ်လွန်သွားခဲ့ရရှာပါသည်။ ကျွန်တော်တို့အနေဖြင့် သူကွယ်လွန်မှုအပေါ် နှမြောတသဝမ်းနည်းကြေကွဲရပါလျှင် သူတို့နိုင်ငံသူနိုင်ငံသားများအတွက်ကတော့ ပြောဆိုဖွယ်ရာ မကုန်နိုင်တော့ပါ။
Jul 14, 2022
ဆောင်းပါး
မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးဆုံးသော သီလဝါအထူးစီးပွားရေးဇုန်၌ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်ထားကြောင်း သီလဝါအထူးစီးပွားရေးဇုန်မှ သိရှိရပါသည်။ “သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အခြားနေရာတွေနဲ့ကွာခြားမှုကို မြင်တွေ့ ခံစားရမယ်။ ထူးထူးခြားခြားကို မတူညီတဲ့အရသာခံစားရမယ်” ဟု သီလဝါအထူးစီးပွား ရေးဇုန်၏ စီမံခန့်ခွဲမှုကော်မတီက ကြေညာထားသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့စွန်၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်လည်ပတ်ခဲ့သည်။ စနစ်တကျတည် ဆောက်ထားသည့် အခြေခံအဆောက်အအုံများနှင့် ကောင်းမွန်ပြီးပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို သီလဝါအထူးစီးပွားရေးဇုန်၌ မြင်တွေ့ရသည်။
Jul 13, 2022
မြန်မာနိုင်ငံသည် ခြင်မှတစ်ဆင့် ဖြစ်ပွားရသော ရောဂါဘယမျိုးစုံကို ပုံမှန်ခံစားရလေ့ရှိသည့် နိုင်ငံဖြစ်သည်။ ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ငှက်ဖျားရောဂါနှင့် ဆင်ခြေထောက်ရောဂါတို့ကို ခံစားရလေ့ရှိသည်။ သက်ဆိုင်ရာကျန်းမာ ရေးဌာနများက မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ထုတ်ပြန် ထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားကြောင့်ဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ညနေစောင်း နေဝင်ရီတရောအချိန်တွင် ကိုက်လေ့ရှိသည့် ရောဂါပိုးသယ်ဆောင်သော ကျူးလက်စ်ခြင် အကိုက်ခံရခြင်းမှတစ်ဆင့် လူများအား ရောဂါ ကူးစက်ပျံ့နှံ့စေသည်။ ခြင်ကိုက်မခံရစေရန် နည်းမျိုးစုံဖြင့် ကြိုတင်ကာကွယ်လေ့ရှိသည်။ ခြင်ဆေးခွေများ ထွန်းညှိခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ခြင်ဆေးခွေကြောင့် ခြင်အကိုက်ခံရခြင်းမှ သက်သာရာရရှိသော်လည်း လူအများစုမှာ ခြင်ဆေးခွေထွန်းညှိရာမှ ထွက်ပေါ်လာသော အခိုးအငွေ့အန္တရာယ်ကို သတိပြုမိလေ့ မရှိပေ။
Jul 13, 2022
အကြမ်းဖက်မှု
ယခုရက်ပိုင်းအတွင်း PDF များက ဓားပြတိုက်သည်ဟူသည့် သတင်းများ ခပ်စိပ်စိပ် မြင်တွေ့ရသည်။ ဓားပြဟူ၍ တောရွာများမှာတိုက်သည့် ဓားပြမှုမျိုးမဟုတ်။ နေ့ခင်း ကြောင်တောင် မြို့လယ်ကောင်တွင် ပေါ်ပေါ်ထင်ထင် လုယက်၊ ခြိမ်းခြောက်ဓားပြတိုက်သည်။ သူတို့ကား လူငယ်လူရွယ်အများစုဟု မျက်မြင်များကဆိုကြသည်။ ထင်ရာစိုင်းတော်လှန်ရေးကို ဗန်းပြ၍ PDF အသွင်ပြောင်း ဓားပြများမှာ တစ်နေ့တခြား ဆိုးရွားလာပြီဖြစ်သည်။
Jul 12, 2022
ကမ္ဘာပေါ်ရှိ ကင်ဆာရောဂါ အဖြစ်အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အစီရင်ခံစာများအရ သိရသည်။
Jul 11, 2022
01
ငါးတို့သည် တစ်နေရာတည်းတွင် နေထိုင်လေ့မရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာလျက် ရှိပေသည်။ အဓိကအားဖြင့် မိတ်လိုက် ဥချသားပေါက်ရန် ရွှေ့ပြောင်း သွားလာခြင်း (Spawning Migration)၊ အစားအစာ ရှာဖွေစားသောက်ရန် ရွှေ့ပြောင်းခြင်း (Feeding Migration)၊ ၎င်းတို့အတွက်လုံခြုံသည့်နေရာ ရှာဖွေရန် ရွှေ့ပြောင်းသွားလာခြင်း (Overwintering Migration) စသည့် အကြောင်းရင်းများကြောင့် ရာသီအလိုက် တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားလာကြပေသည်။
Jul 11, 2022
01
ဘူမိဗေဒသဘောတရားအရ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခု နှင့်တစ်ခုတွန်းတိုက်မိသောအခါ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်သွားပြီးနောက် အပေါ်တစ်ခုမှာ တွန်းတိုက်ခံလိုက်ရသည့်အတွက် တွန့်ခေါက်လာပြီး ထိုနေရာတွင် အားများတဖြည်း ဖြည်းစုစည်းမိလာသည်။ တစ်ချိန်ချိန်မှာ ၎င်းစုစည်း မိသောအားများက ရုတ်တရက်ရုန်းကန်ပြီး အဘက်ဘက်သို့ပြန့်ထွက်သွားသည်။ ထိုအခါ ၎င်းအားများ ဖြတ်သန်းသွားရာလမ်းကြောင်း တစ်လျှောက်ရှိ ကြားခံအရာများအားလုံး တုန်ခါ သွားသည့်ဖြစ်စဉ်ကို “မြေငလျင်လှုပ်ခြင်း(Earth Quake)”ဟုခေါ်သည်။ တစ်နည်းဆိုသော် ကမ္ဘာ မြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက် ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော မြေသားများ ပြင်းထန်စွာတုန်ခါခြင်းကို မြေငလျင် လှုပ်ခြင်းဟုခေါ်သည်။
Jul 11, 2022
ကမ္ဘာကြီးပူနွေးတာရဲ့ အကြောင်းတရားနံပါတ် (၃)ကတော့ သစ်တောဟက်တာ သုံးဘီလီယံ ပျက်ပြုန်းသွားခဲ့တာပဲ။ ၁၉၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာ ခြောက်ဘီလီယံရှိရာက ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာ သုံးဘီလီယံပဲ ကျန်ပါတော့တယ်။ ကျန်ရှိတဲ့ သစ်တောဟက်တာ သုံးဘီလီယံဟာ လေထုတွင်းက ပုံမှန်ရှိနေတဲ့ ကာဗွန်ဓာတ်ငွေ့ကို စုပ်ယူနိုင်စွမ်းကျဆင်းသွားခဲ့ပါ တယ်။ ဒါဟာ ကမ္ဘာကြီးပူနွေးဖို့အကြောင်းတရား ဖြစ်ပါတယ်။
Jul 10, 2022
မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသော လမြတ်ဝါဆို
မြန်မာနိုင်ငံတွင် နွေမိုးဆောင်း ရာသီဥတုသုံးပါး၌ ချစ်စရာကောင်းသော ဆယ့်နှစ်လရာသီပွဲများ ရှိပေသည်။ မြန်မာလများဖြစ်သည့် တန်ခူးလမှ တပေါင်းလအထိ လအလိုက်ပွဲတော်များရှိကြသည်။ ထိုလများထဲတွင် ဝါဆိုလသည် ထူးမြတ်၍ ကြည်နူးစရာကောင်းသော လတစ်လဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)နှင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တို့တွင် အခြားနေ့များထက်ပို၍ ကောင်းမှုပြုရန် စိတ်အားထက်သန်ကြသည်။ မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသောကြောင့် ဖြစ်သည်။