Apr 19, 2022

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးနှင့် စီးပွားရေး စနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲစေကာမူ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ် ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက် ကြရ သူများ ဖြစ်ကြပါသည်။
Apr 17, 2022

အာရှသည် နိုးထလာပြီဖြစ်၏။ ရုန်းကြွလာပြီဖြစ်၏။ကြွယ်ဝ ချမ်းသာသောအနာဂတ်တစ်ခုဆီသို့ အရှိန်အဟုန်ပြင်းပြင်း ချီတက်နေပြီဖြစ်၏။ အာရှ၏ အနာဂတ်ကိုမည်သူမျှ၊ မည်သို့မျှ၊ မည်သည့်နည်းနှင့်မျှ တားဆီး၍မရနိုင်တော့။ ၂၀၅၀ သည် လွန်ခဲ့သော ရာစုနှစ် သုံးခု နှစ်ပေါင်း သုံးရာခန့်က ဖြစ်တည်ခဲ့သည့် ဂုဏ်ဒြပ်မျိုးဖြင့် လျှမ်းလျှမ်းတောက်ကြွယ်ဝမည့်အာရှ၏ ပန်းတိုင်နှစ် ဖြစ်တော့သည်။
Apr 17, 2022

ဆယ်ကျော်သက်လူငယ်များ နိုင်ငံရေးစာပေကို လေ့လာလိုက်စားသင့်သလားဟုပြောလျှင် လေ့လာလိုက်စားသင့်ပါသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် နိုင်ငံသားတိုင်းနှင့် ဆိုင်ပေသည်။ တချို့ကပြောမည်။ “နိုင်ငံရေးက ကလေးတွေနဲ့အထူးသဖြင့် မင်းတို့ဆယ်ကျော်သက် အရွယ်တွေနဲ့မဆိုင်ပါဘူးကွာ၊ မင်းတို့ ဘာနားလည်တာမှတ်လို့၊ အသာနေစမ်းပါ” အစရှိသဖြင့် ကြားသိရပါများလျှင်လည်း လူငယ်တို့အနေဖြင့် နိုင်ငံရေးက ငါတို့နှင့်မဆိုင်ပါဘူးဟု အထင်ရောက် သွားဖွယ်ရှိသည်။ နောင်အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူ လုပ်ဆောင်ကြရမည့် လူငယ်များအနေဖြင့် ဖြစ်ပျက်နေသော၊ ဖြစ်ပျက်ခဲ့သော နိုင်ငံရေးတို့နှင့် ကင်းကွာသွားနိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးစာပေများကို လေ့လာလိုက်စားနေဖို့ လိုအပ်သည်။
Apr 16, 2022

၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ကူးပြောင်းခဲ့ချေပြီ။ မြန်မာလူမျိုးတို့သည် နှစ်သစ်၏အမွန်အစဖြစ်သော မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုး များတွင်ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့်ဒါန၊ သီလ၊ ဘာဝနာ တရားများအားထုတ်လေ့ရှိကြသည့်နည်းတူ သက်ကြီးဝါကြီးအဘိုးအဘွားတို့အား ဂါရဝပြုခြင်း၊ ခေါင်း လျှော်၊ ခြေသည်းလက်သည်းညှပ်ခြင်း စသည့်ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြသည်။
Apr 15, 2022

နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ (Micro Enterprise-ME)၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (Small and Medium Enterprise-SME) တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍဟာ နိုင်ငံ GDP ရဲ့ (၃၀~ ၅၃) ရာခိုင်နှုန်း၊ အလုပ်အကိုင်အားဖြင့် (၅၀~၉၅) ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
Apr 15, 2022

ဆောင်းပါးခေါင်းစဉ် ဖတ်မိလျှင် “လျှပ်စစ်မီးတွေ သည်လောက်ပျက်နေတာ၊ အလှည့်ကျမီးပေးနေတာ၊ ဘယ်လိုလုပ်ချွေတာရမှာလဲ” ဟုလည်းကောင်း၊ “ဒါနပြုတယ်ဆိုမှ(လှူမှ) ငွေကုန်မှာပေါ့၊ ဘယ်လိုချွေတာရာရောက်မှာလဲ”ဟု လည်းကောင်းစာဖတ်သူတို့အနေဖြင့် တွေးကောင်းတွေးမိပါလိမ့်မည်။
Apr 15, 2022

ရှေးစာဆိုများက ဆယ့်နှစ်လရာသီတွင် အရေးကြီးသည့်ပွဲတော် ၁၂ မျိုးကို “သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲ၊ ဆယ့်နှစ်ပွဲ” ဟု စပ်ဆိုခဲ့သည်ကို မှတ်သားရဖူးပါသည်။
Apr 14, 2022

ဖေဖေ ဦးကျင်ဝင်းကစစ်ကိုင်းတိုင်းဒေသကြီး ထဲမှမင်းကင်းမြို့သား။ မေမေ ဒေါ်တင်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှ ကန်ရွာဇာတိ။ ဖေဖေနှင့်မေမေတို့ စစ်ကိုင်းတိုင်း ဒေသကြီးကလေးဝမြို့နယ် သစ်ချောက်ရွာမှာ ဘယ်လိုဆုံကြ၊ ညားကြသည်မသိ။
Apr 13, 2022

အာရောဂျံ....ကျန်းမာခြင်းသည်ပရမံ...မြတ်လှစွာသော... လာဘံ...လာဘ်ကြီးတစ်ပါး ဆိုသည့်ဆိုရိုး စကားအတိုင်း ကျန်းမာခြင်းသည် လူသားအားလုံးအတွက် လွန်စွာအရေးကြီးပါသည်။ ကျန်းမာမှပျော်ရွှင်သော နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မည်ဖြစ်ကာ ကျန်းမာရေးထိခိုက်သည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေးတို့ပါ ထိခိုက်လာမည်ဖြစ်ပါသည်။ ကျန်းမာရေးကောင်း စေရန် အတွက် အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ လေကောင်းလေ သန့်ရှူရှိုက်ခြင်း၊ အရိယာပုတ်မျှတစွာ နေထိုင်ခြင်း စသည်တို့အပြင် အာဟာရပြည့်ဝစေမည့် အစားအစာကို ရွေးချယ်စားသုံးခြင်းမှာလည်း အထူးလိုအပ်ပါသည်။
Apr 13, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြန်ပါပြီ။ နှစ်ဟောင်းက အညစ်အကြေးအဟောင်းများကို သင်္ကြန်ရေဖြင့် ပက်ဖျန်းဆေးကြော၍ အသစ်တို့တစ်ဖန် မွေးဖွားရန် တာစူနေသော အခါသမယလည်း ဖြစ်ပေသည်။ နှစ်ဟောင်းသည် သာမန်ထက်ပိုသည့် စိတ်လှုပ်ရှားမှုများ၊ ဖိစီးမှုများ၊ အခက်အခဲများ၊ သောကအပူများနှင့် ကျန်ခဲ့ပေပြီ။ အဟောင်းကိုချန်၍ အသစ်ကို မျှော်ကြရပေဦးမည်။ သင်ခန်းစာယူသင့်သည်ကိုယူ၍ အတွေ့အကြုံကိုမျှဝေကာ လိုရာခရီးကို ဆက်ကြရပေဦးမည်။