Skip to main content
Aug 08, 2023
“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၂) (နယ်စပ်ရေးရာဝန်ကြီးဌာန)
မေလ ၁၉ ရက်နေ့ ပထမတစ်ခေါက်ခရီးစဉ်၊ လေယာဉ်ပေါ်မှမြင်ရသော စစ်တွေမြို့မြင်ကွင်းများက စိတ်ချမ်းမြေ့ဖွယ်ရာ တစ်စက်ကလေးမျှပင်မရှိ၊ အာရုံကို နောက်ကျိရှုပ်ထွေးသွားစေခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့ စစ်တွေသို့ ထပ်မံရောက်ရှိခဲ့သော ဒုတိယတစ်ခေါက်ခရီးစဉ်၊ ယခင်အခြေအနေလောက် မဆိုးတော့။ အခြေအနေဟု ကျွန်တော်သုံးနှုန်းလိုက်ခြင်းမှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ “မိုခါ” မုန်တိုင်းဝင်ရောက်မွှေနှောက် တိုက်ခတ်ပြီးစ အခြေအနေနှင့် တစ်လခန့်အကြာ ထပ်မံမြင်တွေ့ခွင့်ရခဲ့သော အခြေအနေနှစ်ခုကို ယှဉ်ကြည့်လိုက်ခြင်းဖြစ်၏။ မြို့သန့်ရှင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်ရနေပြီဖြစ်သလို ပတ်ဝန်းကျင်ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းဆောင်တာများ စတင်နေကြပေပြီ။ ယခု ဇူလိုင်၂၁ ပြန်လည်ရောက်ရှိခဲ့သော တတိယတစ်ခေါက် ခရီးစဉ်ကမူ ပျောက်ဆုံးသွားသော စစ်တွေမြို့ကြီးကို ပြန်တွေ့လိုက်ရဘိ အလား၊ စိတ်မှာ ကြည်နူးဝမ်းသာဖြစ်ရပါ၏။
Aug 06, 2023
ဆောင်းပါး
တပ်မတော်ကအာဏာသိမ်းလို့ အာဏာသိမ်းတပ်မ‌တော်အစိုးရကိုထောက်ခံတယ်ဆိုတဲ့ ပြည်သူတွေနေတဲ့နိုင်ငံတွေ ကမ္ဘာမှာအမှန်တကယ်ကို ရှိလာနေပါတယ်။ အနောက်အာဖရိကက ထွန်းသစ်စဒီမိုကရေစီ နိုင်ဂျာနိုင်ငံရဲ့ဖြစ်စဉ်ကိုပဲကြည့်ပါ။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အမေရိကန်နဲ့အနောက်အုပ်စု ကျောထောက်နောက်ခံပြု မိုဟာမက်ဘဇွန်းဆိုတဲ့ ရွေးကောက်ခံသမ္မတတစ်ယောက် ဇူလိုင်လ ၂၆ ရက်နေ့က နိုင်ဂျာတပ်မတော်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျပြီး မတည်ငြိမ်၊ မအေးချမ်း၊ ဆင်းရဲတွင်းနက်လှတဲ့ အာဖရိကနိုင်ငံငယ်တွေမှာ မကြာခဏဆိုသလို အာဏာသိမ်းမှုဖြစ်စဉ်တွေဖြစ်လေ့ရှိတာ အထူးအဆန်းမဟုတ်သလိုပါပဲ။ ထူးဆန်းတာက ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ဘာကြောင့်အာဏာသိမ်းမှုဖြစ်စဉ် ပေါ်ပေါက်ရပါသလဲ။ ယခုနောက်ဆုံးအာဏာသိမ်းမှုကို နိုင်ဂျာပြည်သူတွေ ဘာကြောင့်ထောက်ခံကြသလဲ။ အိမ်နီးချင်းနိုင်ငံတွေကကော အာဏာသိမ်းနိုင်ဂျာတပ်မတော်နဲ့ နိုင်ဂျာပြည်သူတွေဘက်က ဘာကြောင့်ရပ်တည်ထောက်ခံကြပါသလဲ။ စဉ်းစားစရာတွေရှိလာခဲ့ပါတယ်။
Aug 06, 2023
ပြီးခဲ့တဲ့ဇူလိုင်လလယ်က ဝန်ထမ်းတွေစိတ်ခွန်အားမြှင့်တင်ဖို့အတွက်ရည်ရွယ်ပြီး ဌာနတစ်ခုမှာကျင်းပတဲ့ ဟောပြောပွဲတစ်ခုကို အခွင့်အလမ်းတစ်ခုအနေနဲ့ စိတ်ဝင်တစား ကျွန်မ တက်ရောက်နားထောင်ခွင့်ရခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ ဟောပြောဖို့ ဖိတ်ကြားခံရတဲ့ ဆရာဒေါက်တာ မြတ်မိုးရဲ့ ဆောင်းပါးအတော်များများကိုတော့ ကျွန်မတို့ဖတ်ဖူးပြီးသားဖြစ်ပါတယ်။
Aug 06, 2023
ဆောင်းပါး
နိုင်ငံ့လုပ်သားထု၏ ဘဝအရည်အသွေးမြင့်တက်စေရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်သည် အရေးပါသည့်ကိစ္စရပ်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်သည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံအတွင်းသို့မဟုတ် လုပ်ငန်းခွင်အတွင်း အကောင်အထည်ဖော်သည့်နေရာတွင် အခြားသူများ၏အောင်မြင်ခဲ့သည့် အလေ့အကျင့် ကောင်းများကို လေ့လာအတုယူပြီး မိမိနိုင်ငံအခြေအနေ (သို့မဟုတ်) မိမိလုပ်ငန်းခွင်အခြေအနေနှင့် ကိုက်ညီသည့်ပုံစံသို့ ပြောင်းလဲကျင့်သုံး၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် ထိရောက်မှုရှိသည့် နည်းလမ်းတစ်ခုဖြစ်သည်။
Aug 06, 2023
ဆောင်းပါး
၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်တွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဟာ အတော်လေးလှုပ်ရမ်းမှုတွေ ဖြစ်ပါတယ်။ ရုရှား−ယူကရိန်းပဋိပက္ခဟာ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးသတင်းတွေမှာ နေရာအတော်များများ ယူထားပါတယ်။ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ နိုင်ဂျာနိုင်ငံဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာကမ္ဘာ့သတင်းအဖြစ် နေရာယူလာပါတယ်။ သာမန်ကြည့်လိုက်ရင် နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာရယူလိုက်တယ်ဆိုပေမယ့် နောက်ကွယ်မှာ အကြောင်းတရားတွေ များစွာရှိနေနိုင်ပါတယ်။
Aug 05, 2023
ဆောင်းပါး
မြန်မာနိုင်ငံသည် ရေမြေတောတောင်သဘာဝအရ စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်မှာ ဆန်စပါးဖြစ်သော်လည်း အခြားသော သစ်သီးဝလံပန်းမန်များ စိုက်ပျိုးခြင်းဖြင့်လည်း နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလျက်ရှိသည်။ မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင်အရ စိုက်ပျိုးဖြစ်ထွန်းသော မြေဆီများစွာရှိပြီး စိုက်ပျိုးဖြစ်ထွန်းမြေ ပေါများသည့်အတွက် သီးနှံစိုက်ပျိုးမှုကို များစွာအထောက်အကူပြုလျက်ရှိသည်။
Aug 05, 2023
ဆောင်းပါး
ယူကရိန်းအရေးအခင်းနဲ့ အကျပ်အတည်းဆိုက်နေချိန်၊ ကမ္ဘာကြီးမှာ ဟိုနေရာတစ်စ၊ ဒီနေရာတစ်စမီးပွားများကြားမှာ လူမှုစီးပွားပဋိပက္ခများ တစ်ဖန်ပေါ်လာခဲ့ရပြန်ပါပြီ၊၊ လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းလှတဲ့၊ ပွင့်လင်းပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုရဲ့ ရှေ့နောက်မလျော်တဲ့ အခြေအနေများဟာ ခန့်မှန်းရခက်နိုင်ပါတယ်၊၊ အကြမ်းဖက်မှန်းသိသိကြီးနဲ့ အကြမ်းဖက်ကိုမှ အလွန့်အလွန်စာနာသနားပြနေခဲ့တဲ့ နိုင်ငံ၊ ဒီမိုကရေစီကို ဖက်တွယ်ပြီး ထောင်ကျသူကိုတောင် ပန်းခြင်းချသနားပြ၊ သူများအိမ်တွင်းရေး ဝင်စွက်ဖက်ခဲ့သူတွေ...။
Aug 05, 2023
ဆောင်းပါး
နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့ဝန်ထမ်းများက အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။
Aug 04, 2023
သံမဏိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ ထိုနိုင်ငံရှိ လူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့််တင်၍ ယင်းစီးပွားရေးမောင်းနှင်အားကို အခြေခံလျက် ပြည်ပသွင်းကုန်များ အစားထိုးနိုင် သည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို ကျွဲကူးရေပါဆိုသကဲ့သို့ အားပေးမြှင့်တင်ရန် လိုအပ်သည်။ ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ နိုင်လေလေ ဖွံ့ဖြိုးမှုမြန်လေလေဖြစ်ပေမည်။
Aug 04, 2023
“တီတီရေ၊ ပုဂ္ဂလိကဘဏ်မှာထည့်ထားတဲ့ သမီးတို့ပိုက်ဆံလေးတွေ အစိုးရဘဏ်ကို ပြောင်းထည့်ဖို့ လိုမလားမသိဘူး”