Aug 22, 2023

လူငယ်ဟူသည် လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ အားကိုးအားထားပြုစရာ လူ့စွမ်းအားအရင်းအမြစ် တစ်ခုဖြစ်သည်။ မည်သည့်ခေတ်၊ မည်သည့်စနစ်ကို ဖြတ်သန်းရသည်ဖြစ်စေ လူငယ်မျိုးဆက်တစ်ခုနှင့် တစ်ခုကြား အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများမှာများစွာ ကွာခြားသွားရန်မသင့်။ ကာယဉာဏ စာရိတ္တစွမ်းရည်များ ချို့တဲ့သွားရန်မသင့်ပါ၊ ကြိုးစားအားထုတ်မှု အခွင့်အလမ်းနှင့် စွမ်းရည်များမှာ တစိုက်မတ်မတ် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တွင်သာ ရှိနေရပါမည်။ သို့မှသာ ထိုလူငယ်များအားကိုးနှင့် ထိုလူငယ်များကိုမှီခိုရာ လူ့အဖွဲ့အစည်းကြီးသည်လည်း ငြိမ်းချမ်းသာယာ ဝပြော၍ အစဉ်ဖွံ့ဖြိုးတိုးတက်နေမည်ဟု ခံယူထားပါသည်။
Aug 22, 2023

မည်သည့်အခြေအနေမျိုးတွင်မဆို တိုင်းပြည်က “အားကိုးရသောသူ” ထွက်ပေါ်လာကြပါသည်။ ထိုသူကား တိုင်းကျိုးပြည်ကျိုးဆောင်သူဖြစ်ပါသည်။ တိုင်းပြည်က အားကိုးရသော “လူရည်မွန်” ကို မည်သို့ မွေးထုတ်ရပါမည်နည်း။
Aug 22, 2023

ဒေသတွင်းပတ်ဝန်းကျင်နိုင်ငံများရဲ့ အခင်းအကျင်းကို ရှုမျှော်လေ့လာကြည့်ရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ အနာဂတ်မူဝါဒကိုယ်စီနဲ့ တီထွင်ကြံဆကြိုးပမ်းအားထုတ်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ လူဦးရေသန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်ပြည်ဈေးကွက်ကြီးကို ဗဟိုပြုပြီးဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
Aug 22, 2023

မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိထွန်းကားခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပေပြီ။ ဒုတိယတကောင်းခေတ်ကပင် မြတ်ဗုဒ္ဓ၏သာသနာတော် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ကြောင်း စာများ၌ ဖတ်ရ၊ မှတ်ရသည်။ ရှေးဟောင်းမြန်မာနိုင်ငံမှ ပျူခေတ်များဖြစ်သည့် ဟန်လင်း၊ တကောင်း၊ မိုင်းမော၊ ဗိဿနိုး၊ သရေခေတ္တရာခေတ်တို့၌ ဗုဒ္ဓသာသနိကအဆောက်အအုံများဖြစ်သော စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်များအား ကိုးကွယ်ခဲ့ကြပေသည်။
Aug 21, 2023

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က နိုင်ဂျာသမ္မတ မိုဟာမက်ဘာဇွမ်ကို သမ္မတရဲ့အစောင့်တပ်က ထိန်းသိမ်းလိုက်ပါတယ်။ နိုင်ဂျာနိုင်ငံရဲ့ဖြစ်စဉ်အပေါ် ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့ ချဉ်းကပ်နေကြပါတယ်။
Aug 21, 2023

သစ်ပင်၏ အရိပ်သည်လျှင်ချမ်းသာ၏။ ထိုသစ်ပင်အရိပ်၏ ချမ်းသာသည်ထက် ဆွေမျိုးမိဘ၏ အရိပ်သည်ချမ်းသာ၏။ ထိုဆွေမျိုးမိဘအရိပ် ချမ်းသာသည်ထက် ဆရာသမား၏ အရိပ်သည်ချမ်းသာ၏။ ထိုဆရာသမားတို့၏ အရိပ်ချမ်းသာသည်ထက် မင်း၏အရိပ်သည်ချမ်းသာ၏။ ထိုမင်း၏ အရိပ်ချမ်းသာသည်ထက် မြတ်စွာဘုရား၏အရိပ်ဟု ဆိုအပ်သောတရားသည်များစွာသော အပြားအားဖြင့် ချမ်းသာ၏။ (လောကနီတိ၊ သုဇနကဏ္ဍ - အပိုဒ် ရေ ၅၀)
Aug 20, 2023

ယနေ့ ၂၁ ရာစု သတင်းအချက်အလက်နှင့် နည်းပညာခေတ်မှာ အင်အားကြီးနိုင်ငံများဟာ အင်အားငယ်နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် လူမှုရေးအပါအဝင် အဲဒီနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီနိုင်ငံသားတွေရဲ့ စိတ်ခံစားချက်များကို လွှမ်းမိုးခြယ်လှယ်ပြီးသူတို့လိုရာကို လုပ်ဆောင်စေတဲ့နည်းလမ်းကို အသုံးပြုလျက်ရှိပါတယ်။ တစ်နည်းအားဖြင့် အင်အားကြီးနိုင်ငံများကသူတို့ရဲ့ အကျိုးစီးပွား အတွက် အခြားနိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ပစ်မှတ်နိုင်ငံကို ပြိုလဲသွားအောင်နဲ့ လွှမ်းမိုးခြယ်လှယ်နိုင်အောင်လုပ်နေတဲ့ အဲဒီနည်းလမ်းဟာ ခေတ်သစ်ကျူးကျော်စွက်ဖက်တဲ့ပုံစံလို့လည်း ဆိုကြပါတယ်။
Aug 20, 2023

မာရဝိဇယဟု ဘွဲ့တော်ရသည့် ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ကိန်းဝပ်စံပယ် တော်မူရာ ဗုဒ္ဓဥယျာဉ်တော်သို့ ညွတ်တွားကော်ရော် ဖူးမြော်တစ်ခေါက် ရောက်ခဲ့ရသည်။ မိမိကဲ့သို့ပင် ရှင်တော်မြတ်ဘုရား၏ အေးရိပ်ဆာယာ အောက်သို့ ရောက်ရှိလာကြသူ ရဟန်းရှင်လူ ပြည်သူခပင်းတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ မြင်ကြားသိသမျှ အလုံးစုံ တို့မှာ မကောင်းမှုအကုသလတို့ ကင်း၍ ကောင်းမှုကုသိုလ်နှင့် ယှဉ်သော ဝမ်းမြောက်ပီတိတို့ ဖြစ်ပေါ်နေသည့် အသွင် သဏ္ဌာန်တို့ကသာ လွှမ်းခြုံလျက် ရှိသည်။ တစ်ဖန် ငြိမ်သက်အေးချမ်းခြင်း ဟူသော သန္တရသနှင့်အတူ ဖြစ်ပေါ်နေ သည့် အံ့ဩခြင်းဟူသော အဗ္ဘုတရသကို လည်း ခံစားရပြန်လေသည်။
Aug 19, 2023

မာရဝိဇယ - မာရ်ငါးပါးကို အောင်မြင်တော်မူ ခြင်း (မာရဝိဇယဟူသည် မာရ+ဝိ+ဇယ) ဖြစ်ပြီး မာရဆိုသည်မှာ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်ဆိုတဲ့ မာရ်ငါးပါးကို၊ ဝိ-ဝိသေသန အထူးအားဖြင့်၊ ဇယ- အောင်မြင်တော် မူခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
Aug 19, 2023

နိုင်ငံတော်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း လုပ်သားအင်အားထု အရည်အချင်းပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ဆက်ဆံရေးကောင်းမွန်စွာဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်နိုင်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိ