Aug 19, 2023

“စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဘုရားတွေထဲမှာ တော့ ကမ္ဘာ့အမြင့်ဆုံးတဲ့”
Aug 18, 2023

အဖွဲ့အစည်းအပေါ်ထားရှိရမယ့်ကတိကဝတ်
အဖွဲ့အစည်းအပေါ်ထားရှိရမယ့်ကတိကဝတ် (Organizational Commitment) ဆိုတာ မိမိဟာ အဖွဲ့အစည်းရဲ့ဗီရှင်းနဲ့ အကျိုးစီးပွားနဲ့ ထပ်တူကျနေရဲ့လားဆိုတဲ့အချက်ပါ။ အဖွဲ့အစည်းဘက်က မျှမျှတတနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းခံနေရသူတစ်ဦးအနေနဲ့ ဝင်လာပြီးဖြစ်တဲ့အလုပ်က အပြီးထွက်တာမျိုး၊ ဌာနပြောင်းတာမျိုးလုပ်ဖို့ခဲယဉ်းမှာပါ။ ဒါကြောင့် Organizational Commitment အတိုင်း အတာဟာဝန်ထမ်းတစ်ဦးချင်းအလိုက်သူ့ဌာနအပေါ် ဘယ်လိုသတ်မှတ်ထားသလဲဆိုတာနဲ့ ဌာနဘက်ကလည်း သူ့အပေါ်ဘယ်လောက် နေရာပေးလဲဆိုတာကိုလိုက်ပြီး ကွဲပြားမှုရှိနေမှာပါ။ မိမိလက်ရှိထမ်းဆောင်နေရတဲ့အလုပ်ကို ကြိုက်ပေမယ့်ဌာနအပေါ် အမြင်မကြည်သူရှိနိုင်သလို ဌာနကိုတော့သဘောကျတယ်၊ ဒါပေမဲ့လက်ရှိထမ်းဆောင်နေရတဲ့အလုပ်ကို နှစ်သက်ခြင်းမရှိသူ စသဖြင့် ပေါ့။ Organizational Commitment ပုံစံ သုံးမျိုးတွေ့နိုင်ပါတယ်-
Aug 18, 2023

အာဆီယံနိုင်ငံများအနေဖြင့် ကုန်ထုတ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုပေါ်ပေါက်လာစေရန် အန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်ဖန်တီးပေးခြင်းတွင် အထောက်အကူဖြစ်စေရန် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN Occupational Safety and Health Network, ASEAN-OSHNET) ကို ၂၀၀၀ ပြည့်နှစ်တွင် အာဆီယံနိုင်ငံများက လက်မှတ်ရေးထိုး၍ ဖွဲ့စည်းထူထောင်ခဲ့ကြသည်။
Aug 18, 2023

ကောင်းကင်ယံထက်မှ တိမ်စိုင်တိမ်လိပ်များကြားဝယ် သက်တော်ထင်ရှား မြတ်စွာဘုရားရှင် စံပယ်တော်မူနေသည့်အလား တည်ရှိနေသော သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားအဝေးမှ ဖူးမြင်ရသည်နှင့်ပင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မေတ္တာရိပ်က စိတ်ကြည်နူးချမ်းမြေ့မှုနှင့် စိတ်ငြိမ်းချမ်းမှုကို စတင်ပေးစွမ်းခဲ့လေပြီ။
Aug 17, 2023

ဝန်ထမ်းတွေ လုပ်ငန်းခွင်ရွှင်လန်းတက်ကြွကျေနပ်မှု (Job Satisfaction) ရှိရှိနဲ့ တာဝန်ထမ်းဆောင်နိုင်ရေးဟာ အဲဒီဝန်ထမ်းနဲ့ ဌာနအကြား တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုထားတာဖြစ်စေ၊ အလွတ်သဘောမျိုးဖြစ်စေ နှစ်ဦးနှစ်ဖက်အကြား သဘောတူထားရှိတဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတာဝန်ထမ်းဆောင်လျက်ရှိတဲ့ အဖွဲ့အစည်းအပေါ်ထားရှိရမယ့် ကတိကဝတ် (Organizational Commitment)နဲ့ သက်ဆိုင်ရာဌာနဘက်ကလည်း မိမိဝန်ထမ်းရဲ့ တရားဝင်ရရှိရမယ့် အရာတွေနဲ့စပ်လျဉ်းပြီး ဘာတွေပြန်လုပ်ဆောင်ပေးလဲဆိုတဲ့ အကြောင်းနှစ်ရပ်ကထွက်ပေါ်လာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။
Aug 17, 2023

ယနေ့ကမ္ဘာ့ပြဿနာများကို ဆန်းစစ်ကြည့်လျှင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အားပြိုင်မှုများနှင့် ကမ္ဘာအနှံ့ဩဇာထူထောင်၊ ပါဝါအပြိုင်တည်ဆောက်ကြခြင်းကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးပြီး ထင်သာမြင်သာရှိသည့် စစ်ရေးအရ ဝင်စွက်ဖက်မှုပုံစံမျိုးရှိသလို နောက်ကွယ်မှ စီးပွားရေးအရ နယ်ချဲ့ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်တစ်ပြည်ကို ကိုယ်လိုချင်သည့် ပုံစံမျိုးပုံဖော်သိမ်းသွင်းပုံများကို လေ့လာသိရှိထားရန် လိုအပ်ပါသည်။
Aug 17, 2023

၁၂-၈-၂၀၂၃ ရက်နေ့ (စနေနေ့)ဒုတိယဝါဆိုလပြည့် ကျော် ၁၁ ရက်။ နေမပူ၊ မိုးမရွာ၊ နံနက်ခင်းလေပြည်လေညင်းနှင့် ခြေခင်းလက်ခင်းကလည်း သာလှသည်။ မိုးပြာရောင် ကောင်းကင်နောက်ခံတွင် တင့်တယ်စွာ စံပယ်နေတော်မူသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရန် ရပ်ဝေးရပ်နီး ခရီးအသွယ်သွယ်တို့မှ ရောက်ရှိလာကြသည့် ရဟန်းရှင်လူပြည်သူများက ရင်ပြင်တော်ပြည့်လုနီးမျှ အုန်းအုန်းကျွက်ကျွက် စည်ကားလျက်ရှိသည်။ ကြည်နူးချမ်းမြေ့ခြင်း၊ အေးချမ်းသာယာခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်းတို့က လူတိုင်းကိုယ်စီ၏ အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန်တို့တွင် ထင်ဟပ်လျက်၊ ကုသိုလ်တရားနှင့် စိတ်ကောင်း စိတ်မြတ်တို့က ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်ဟု မှတ်ယူခံစားမိသည်။
Aug 16, 2023

အကြမ်းဖက်အဖွဲ့အစည်းတွေဟာ အချိန်နေရာဒေသမရွေး အပြစ်မဲ့ပြည်သူလူထုကို ခြိမ်းခြောက်သတ်ဖြတ်လေ့ရှိကြလို့ ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတိုင်းဟာ အကြမ်းဖက်ဝါဒရဲ့ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ စစ်ရေးဆိုင်ရာပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ၊ အရပ်ဘက်အခြေခံအဆောက်အဦတွေ၊ နိုင်ငံရဲ့အထင်ကရ အရေးပါတဲ့ နေရာတွေကို တိုက်ခိုက်ဖျက်ဆီးလေ့ရှိကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လက်မခံဘဲ အမြဲတမ်းသတိကြီးစွာထားပြီး ကာကွယ်နေကြရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Aug 15, 2023

မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စက်ရုံအလုပ်ရုံတွေ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေကို Research and Development ပိုင်းအတွက် တက္ကသိုလ်၊ ကောလိပ်တွေနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်မယ်ဆိုရင် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်းမွန်စေမှာဖြစ်သလို ပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမယ်လို့ သုံးသပ်မိပါတယ်။
Aug 15, 2023

အသက် (၁၅) နှစ်အရွယ် ကျော်လာသူကို လူငယ်ဟုဆို၏။ လူငယ်များသည် ကလေးနှင့်လူကြီးဟူသော အရွယ်နှစ်ခု၏စပ်ကြား ပေါင်းကူးတံတားဖြစ်၏။ ကလေးဘဝမှ လွန်မြောက်လာသော်လည်း လူကြီးဘဝသို့လည်း မရောက်သေး။ ရင့်ကျက်သောလူကြီးမဖြစ်သေးသည့်တိုင်အောင် ဆင်ခြင်တုံတရား ကင်းမဲ့သောကလေးလည်းမဟုတ်တော့။ အရာရာကို လက်တွေ့ကျကျ လေ့လာဆည်းပူးသည့်အရွယ်။ ကလေးဘဝကဲ့သို့ လူကြီးပြောသမျှ ခြွင်းချက်မရှိလက်မခံတတ်။ လက်တွေ့နှင့်ယှဉ်၍ မှန်၏၊ မမှန်၏၊ ကောင်း၏၊ မကောင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ပြီးမှ လက်ခံသောအရွယ်ဖြစ်သည်။