Jul 29, 2023

ယခုတလော လျှပ်စစ်ဓာတ်အားသယ်ပို့နေသော တာဝါတိုင်များ ဖျက်ဆီးခံရသည့် သတင်းများကို တီဗွီသတင်းနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ဖတ်ရှုမိသည်။ ဥယျာဉ်မှူးတွေမှာ မိမိတို့စိုက်ပျိုးထားသည့် အပင်များ ရှင်သန်၊ ဖူးပွင့်၊ ဝေဆာ၊ လှပစေရေးအတွက် မြက်နုတ်၊ ပေါင်းသင်ရုံသာမက ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ အားဆေးတို့ကို လိုအပ်သလို ထည့်သွင်းကျွေးမွေးပြုစုပေးကြရပါသည်။ ထို့အတူ “မီး”လိုလျှင် (ဝါ) “လျှပ်စစ်ဓာတ်အား” လိုအပ်လျှင်လည်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ တာဝါတိုင်များ၊ ထရန်စဖော်မာများ မပျက်စီးရေး၊ ဖျက်ဆီးမခံရရေး၊ ဓာတ်အားလေလွင့်ပျောက်ဆုံးမှု နည်းပါးရေး၊ ဓာတ်အားခိုးယူသုံးစွဲမှု ပပျောက်ရေးတို့ကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းပေးကြရန် လိုအပ်ပါသည်။
Jul 28, 2023

ထွန်းသစ်စစက်မှုလုပ်ငန်းဆိုသည်မှာ ဖွံ့ဖြိုး တိုးတက်မှု၏ အစပိုင်းအဆင့်တွင်ရှိသော ထုတ်ကုန် အသစ် သို့မဟုတ် စိတ်ကူးသစ်တစ်ခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော စက်မှုလုပ်ငန်းစုတစ်ခုဖြစ်သည်။ ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခုတွင် ပုံမှန်အားဖြင့်ကုမ္ပဏီအနည်းငယ်သာပါဝင်ပြီး နည်းပညာအသစ်များကို အဓိကထားလေ့ရှိသည်။ နည်းပညာတစ်ခုသည် တစ်စုံတစ်ခုအခက်ကြုံနေရချိန် ၎င်းနည်းပညာဟောင်းနေရာကို အစားထိုးမည့်အခါတွင် ထွန်းသစ်စစက်မှုလုပ်ငန်းများ ပေါ်ပေါက်လာပါသည်။
Jul 28, 2023

ဦးခိုက်ဖူးမြော် လောကာနန္ဒာစေတီတော်
Jul 28, 2023

မိသားစုတိုင်း နေ့စဉ်မဖြစ်မနေကြုံရတာတစ်ခုကတော့ ကုန်ဈေးနှုန်းပါပဲ။ နံနက်မိုးလင်းကနေ မိုးချုပ်အထိမိသားစုအတွက် တစ်နေ့တာကုန်ကျစရိတ်တွေဆိုတာက ကုန်ဈေးနှုန်းအတက်/အကျ အပေါ်မူတည်နေပါတယ်။ ကုန်ဈေးနှုန်း အတက်/ အကျအလိုက် မိသားစုရဲ့နေထိုင်မှုစရိတ်တွေ တိုးနေပါတယ်။ ကုန်ဈေးနှုန်းတွေက တစ်ရက်နဲ့တစ်ရက် မတူပါဘူး။
Jul 27, 2023

ယနေ့ကာလတွင် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့သည် စစ်ရာဇဝတ်မှုများ (War Crimes)ကျူးလွန်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက်မှုများကျူးလွန်နေသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်သောင်းကျန်းမှုကို နှိမ်နင်းသည့်စစ်ဆင်ရေးများ ဆောင်ရွက်နေရသလို အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးများကိုလည်း ဆောင်ရွက်နေရပါသည်။ တပ်မတော်သားများသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေဟု ယနေ့ခေတ်တွင်ခေါ်ဆိုနေကြသည့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေများကို လေ့လာဆည်းပူးထားသည့် အားလျော်စွာလက်နက်ကိုင်ပဋိပက္ခ အသွင်သဏ္ဌာန်ရှိသည့် သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်မှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာများမဟုတ်သည့် စစ်ရေးရည်မှန်းချက်များနှင့် အကြမ်းဖက်သမားကိုသာ အဓိကထား တိုက်ခိုက်လျက်ရှိပါသည်။
Jul 27, 2023

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မေလ ၁၉ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ စစ်တွေလေဆိပ်သို့ လေယာဉ်ဆင်းခါနီး လောကာနန္ဒာစေတီတော်မြတ်ကြီးအား လှမ်း၍ဖူးတွေ့လိုက်ရ၏။
Jul 26, 2023

ယနေ့ကာလတွင် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့သည် စစ်ရာဇဝတ်မှုများ (War Crimes)ကျူးလွန်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက်မှုများကျူးလွန် နေသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်
Jul 25, 2023

အနာဂတ်ကာလတွင်ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် စွမ်းအင်လိုအပ်ချက်၊ လောင်စာဆီရှားပါးလာမှုပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုကို လျော့နည်းစေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) များဖြင့် အစားထိုးသုံးစွဲနိုင်မည့် နည်းလမ်းများကို ကမ္ဘာ့နိုင်ငံ အသီးသီးက တီထွင်အသုံးပြုလာကြသည်။
Jul 25, 2023

ပြာလဲ့လဲ့မိုးကောင်းကင်နှင့် ဖြူလွလွတိမ်ပန်းချီတို့ကိုနောက်ခံပြု၍ အချိုးတကျသပ္ပာယ်တော်မူလှသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တီဗွီဖန်သားပြင်မှတစ်ဆင့် ဖူးမြော်ရရုံဖြင့် ပီတိ သောမနအဝဝနှင့်အတူ ကြည်ညိုသဒ္ဓါကုသိုလ် အဖြာဖြာပွားများရပါသည်။
Jul 24, 2023

ငါးသည် မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုဟင်းလျာတွင် နေရာယူထားလျက်ရှိနေပေသည်။ မြန်မာလူမျိုးအများစုမှာ ရေငန်ငါးများထက် ရေချိုငါးများကို ပိုမိုကြိုက်နှစ်သက်ပြီး မြန်မာနိုင်ငံတွင် မြစ်ချောင်း အင်းအိုင်များပေါများသည့်အလျောက် ပြည်တွင်းငါးစားသုံးမှုအတွက် အထောက်အကူပြုလျက်ရှိပါသည်။ ငါးသည် အဆီနည်းပြီး ပရိုတင်းဓာတ်ကြွယ်ဝကာ မွေးမြူရေးတိရစ္ဆာန်အသားနှင့်နှိုင်းယှဉ်ပါက ဈေးသက်သာသောကြောင့် လူအများဝယ်ယူစားသုံးနိုင်သည့် စားသောက်ကုန်အမယ်တစ်ခုလည်း ဖြစ်ပါသည်။