Aug 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ် လာစေရေး” ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။
Aug 11, 2023

သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည်မှာ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့်ဟားခါးမြို့နယ်များဖြစ်သည်။
Aug 11, 2023

အဆင်ပြေရင်ပြေသလို ကိုယ့်သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေကိုလည်း ဝေမျှပေးပါ။ ဆွေမျိုးတွေကို ချီးမြှောက်စောင့်ရှောက် ထောက်ပံ့တာကလည်း မင်္ဂလာတရားတော်နဲ့အညီ တရား အားထုတ်နေတယ်လို့ မှတ်ယူပါ။ သက်ရှိမိဘနှစ်ပါးကိုလည်း စောင့်ရှောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။ မိဘနှစ်ပါးကို လှူဒါန်းတာဟာ သက်ရှိဘုရားကို လှူဒါန်းတာနဲ့တူပါတယ်။ မိဘ နှစ်ပါးလိုအပ်တာတွေကို စောင့်ရှောက်လှူဒါန်း နေတာကလည်း မင်္ဂလသုတ္တန်နည်းအရ တရားအားထုတ်နေတာပါပဲ။ ဘုရားကျောင်းကန်တွေမှာ လှူသင့်တာလည်းလှူပါ။ လူ့ကျင့်ဝတ်တွေကိုလည်း တတ်နိုင်သမျှ ကျေပွန်အောင် ကြိုးစားပါ။ ဒါတွေအားလုံးဟာ ဒါနတွေချည်းပါပဲ။ လှူတဲ့နေရာမှာလည်း ကံ ကံရဲ့ အကျိုးကို ယုံကြည်စွာလှူပါ။ အယုတ်အလတ်အမြတ်မရွေး ရိုရိုသေသေ လေးလေးစားစားနဲ့ လှူပါ။ အချိန်ကာလအလိုက် လိုအပ်တာကိုလှူပေးပါ။ အစစအရာရာအဆင်ပြေပါစေဆိုတဲ့ စိတ်လေးထားပြီး ချီးမြှောက်လိုစိတ်နဲ့ လှူပါ။ သန့်ရှင်းစင်ကြယ်တဲ့ လှူဖွယ်ပစ္စည်းနဲ့ မိမိသူတစ်ပါး ပတ်ဝန်းကျင်ကိုပါ မထိခိုက်ရအောင် ငါးပါးသီလလုံစွာလှူပါ။ လှူတဲ့အခါမှာလည်းမလှူခင်နဲ့ လှူပြီးတဲ့အခါမှာပါ စေတနာမပျက်စေရဘဲ စေတနာသုံးတန် ပြည့်ဝစွာလှူဒါန်းရပါမယ်။ ကိုယ်ရလာတဲ့ အကျိုးအမြတ်တွေထဲက အယုတ်အလတ်အမြတ်မရွေး တတ်နိုင်သမျှပေးကမ်း၊ ဝေမျှ၊ လှူဒါန်းရပါမယ်လို့လည်း ဆရာတော်ကြီးရဲ့ ဟောကြားမှုကို နာယူဖူးပါတယ်။
Aug 10, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၈-၂-၂၀၂၃ ရက်နေ့က တောင်ကြီးမြို့နယ်ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို လာရောက်စစ်ဆေးစဉ် “နိုင်ငံတော်တည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့်ပစ္စည်းဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
Aug 10, 2023

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံရဲ့အထင်ကရမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ တည်ထားကိုးကွယ်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်(၄)ရပ်နဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲဒီရည်ရွယ်ချက်များအရ မြန်မာနိုင်ငံသားအများစုဟာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ အဆုံးအမ၊ တရားဓမ္မတွေကို မြတ်နိုးတာကြောင့် အဲဒီအတိုင်း လိုက်နာကျင့်သုံးနေတဲ့ “ဗုဒ္ဓဘာသာ” ဘာသာဝင်တွေ ဖြစ်ကြတယ်ဆိုတာကို ကမ္ဘာကသိရှိစေဖို့ပြသလိုခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားအမျိုးအစား စုံလင်စွာရှိသလိုလူတိုင်းဟာ မိမိနှစ်သက်ရာ လေးစားမြတ်နိုးတန်ဖိုးထားတဲ့အတိုင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိရမှာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ယင်းအခွင့်အရေးဟာ နိုင်ငံသားတိုင်းရဲ့အခြေခံဥပဒေပါ ရပိုင်ခွင့် ဖြစ်ပါတယ်။
Aug 09, 2023

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဘီလီယံကျော်ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယင်းလူငယ်ဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။
Aug 09, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၈-၂-၂၀၂၃ ရက်နေ့က တောင်ကြီးမြို့နယ် ပင်းပက်ဒေသပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)ကို လာရောက်စစ်ဆေးစဉ် “နိုင်ငံတော်တည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းလိုအပ်ချက် များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများအားအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
Aug 08, 2023

“လုံခြုံလှပဘဝများ - အမျိုးသမီးနှင့် ကလေးတိုင်းရစေသား” ဟူသောဆောင်ပုဒ်ဖြင့် မေတ္တာတရားရှေ့ထား၍ ဆောင်ရွက်လာကြသော မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းသည် ပြည်သူအကျိုးပြုလူမှုရေး လုပ်ငန်းများ တက်ညီလက်ညီ လျှောက်လှမ်းလာခဲ့ သည်မှာ ၁၀ နှစ်တာခရီးရောက်ရှိလာခဲ့ပေပြီ။
Aug 08, 2023

မြန်မာနိုင်ငံသည် ဧရိယာအကျယ်အဝန်း ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင် အာရှတွင် အကြီးဆုံးနိုင်ငံများအနက် တစ်ခုအပါ အဝင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပထဝီမြေမျက်နှာ ပြင်အနေအထားအရ သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ မြေငလျင်များလှုပ်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြို ခြင်းကဲ့သို့ သဘာဝဘေးဒဏ်များ မကြာခဏခံစား ရလေ့ရှိပါသည်။ ထိုကဲ့သို့ သဘာဝဘေးဒဏ် အများဆုံးခံစားရသည့်နိုင်ငံ ဖြစ်သည့်အတွက် သဘာဝဘေးဒဏ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းနှင့် ဘေးကင်းလုံခြုံသည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် စီမံခန့်ခွဲပေးခြင်းသည် အခြေခံကျသည့် အချက်ပင်ဖြစ်ပါသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ရရှိလာသည့် အကျိုးသက်ရောက်မှုများနှင့် သဘာဝဘေးဒဏ်ကျရောက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်လည်း လွန်စွာအရေးကြီးလှပါသည်။
Aug 08, 2023

လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စာရေးသူအနေဖြင့် ဝါသနာအလျောက် ဆောင်းပါးများကို အခါအခွင့်သင့်သလိုရေးသား သတိပေးလျက်ရှိပါသည်။ ဇူလိုင်လကုန်ပိုင်းထုတ် မြန်မာ့အလင်းသတင်းစာများတွင် လေဖိအားနည်းရပ်ဝန်းသတင်း၊ မြစ်ရေမြင့်တက်မှုသတင်းများကို ဖတ်မိရာ စိုးရိမ်စိတ်များနှင့်အတူ ရေကြီးရေလျှံ သဘာဝဘေးရန်နှင့် ပူးတွဲလာလေ့ရှိသည့် လျှပ်စစ်အန္တရာယ်များအကြောင်း သတိပေးဆောင်းပါးရေးရန် သတိရမိပါသည်။