Jan 24, 2025
တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ တပ်မတော်(ရေ)သည်လည်း တပ်မတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တပ်မတော်ဟုဆိုရာ၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို ခေါ်ဆိုခြင်းဖြစ်သည်။ ကြည်း၊ ရေ၊ လေတပ်များသည် နိုင်ငံတော်အတွက် သုံးနားညီတြိဂံပမာ ညီညွတ်စုစည်းစွာရပ်တည်လျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းအားဆိုသည်မှာ လူ၊ လက်နက်၊ နည်းပညာတို့စုံလင်စွာရှိပြီး အသုံးပြုနိုင်ခြင်းဖြစ်သည်။ ခေတ်မီတန်ဖိုးကြီးသော စစ်လက်နက်ပစ္စည်းများကို အသုံးပြုစေကာမူကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုတတ်ပါက အကျိုးရှိမည်မဟုတ်ပေ။