သတင်းများ

Post date: 02/22/2020 - 19:53

မြန်မာနိုင်ငံ ဗိသုကာကောင်စီက ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ် အာဆီယံဗိသုကာ လိုင်စင်၊ အကြီးတန်း ဗိသုကာလိုင်စင်နှင့် ဗိသုကာလိုင်စင် အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်စက်မှုတက္ကသိုလ် (စက်မှုခန်းမ)၌ ကျင်းပသည်။

Post date: 02/22/2020 - 19:50

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သို့ ရောက်ရှိကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးညွန့်လွင်၊ ဒေါက်တာညီညီအောင်နှင့် ဦးစိုင်းဆွန်စိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

Post date: 02/22/2020 - 19:26

၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။

Post date: 02/22/2020 - 18:31

မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Desease (COVID-19)  လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 02/22/2020 - 16:39

ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှ ကျောင်းသား/သူများ၏ စွမ်းရည် ပြသပွဲ (Student’s Talent Show Kachin State -2020) ကို ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား/သူများ၏ တင်ပြမှုအပေါ် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

Post date: 02/22/2020 - 16:15

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော ဆင်နင်းဗိုလ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 
Post date: 02/22/2020 - 14:03

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း နိုင်ငံတော် ဓာတ်အားစနစ် မရောက်ရှိသေးသော ကျေးရွာ(၁၇)ရွာသို့ မာန်မြင့်ဟိန်းကုမ္ပဏီလီမီတက်မှ (၂၄)နာရီပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီက တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ ဘောလုံး အားကစားကွင်း၌ ပြုလုပ် ကျင်းပသည်။

 
Post date: 02/22/2020 - 09:16

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၊ (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံပူးပေါင်း ညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေးတို့သို့ တက်ရာက်ခဲ့သည်။

Post date: 02/22/2020 - 08:45

သတ္တမအကြိမ် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

Post date: 02/22/2020 - 08:41

၂၀၁၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရန် နောက်ဆုံးတင်သွင်းရမည့်ရက်ကို မူလက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူ တင်သွင်းရန် နောက်ဆုံးရက်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်အထိ တိုးမြှင့် လိုက်ကြောင်း သိရသည်။

Pages