Skip to main content

Dec 11, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် စစ်တွေ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့်တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2021

ဒူဘိုင်းကုန်စည်ပြပွဲ၏ အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေးပွဲ (High- Level Forum) ကို ဒီဇင်ဘာ ၁၀ ရက်က United Arab Emirates (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့ Dubai Expo 2020 (Business Connect Centre)၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2021

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၂/၂၀၂၁)၊ (၄/၂၀၂၁)၊ (၇/၂၀၂၁) နှင့် (၈/၂၀၂၁)တို့ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၃၄)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ် ရာထူး(၈၉၀)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ် ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန (၅) ခု၌ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2021

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် “စောင့်စည်း အာရုံမြတ်သည့်ဂုဏ်” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက် လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြ သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2021

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ် ၊ အနော်ရထာ ရပ်ကွက် ရှိ မဟာဗောဓိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တပ်ကုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကရုံးပိတ်ရက်တွင် ဒေသခံပြည်သူများ ကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ တံတားဦးမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သောNew Hope(Myanmar)Company Limited ၏ တိရိစ္ဆာန်အစာများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှု အားပေးရာ ကုမ္ပဏီ၏ Managing Director Mr. Zhao HuaRong က လုပ်ငန်းဆောင်ရွက်နေမှု ၊ တွေ့ကြုံ နေရသည့် အခက်အခဲ များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အတွက် လုပ်ငန်းဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (ရုံးချုပ်)၊ ဆူးလေဆိပ်ကမ်း၊ အလုံမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သော “မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ တပ်မတော်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 09, 2021

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကVideo Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်