Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာအမျိုးသားလေကြောင်းဌာနများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (ရုံးချုပ်)၊ ဆူးလေဆိပ်ကမ်း၊ အလုံမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ်ရှိ၊ မြန်မာ့ဆိပ် ကမ်းအာဏာ ပိုင် (ရုံးချုပ်)  အစည်းအဝေးခန်းမ၌ ဆိပ်ကမ်းဝန်ဆောင်မှု ဆောင်ရွက်နေကြသော ဆိပ်ကမ်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီး ဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကိစ္စရပ်များကို တွေ့ဆုံဆွေး နွေးသည်။

တွေ့ဆုံစဉ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးကဌာန၏ လုပ်ငန်း တာဝန်များ၊ လုပ်ငန်း စွမ်းဆောင်နိုင်မှု၊ ရန်ကုန်မြစ်ရေလမ်းကြောင်းအသစ်ကို အသုံးပြု၍ တန်ချိန်ပိုမိုများပြားသည့် ကုန်တင်သင်္ဘောကြီး များကို လက်ခံ၊ ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေ၊ ရန်ကုန်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းတံတားအလိုက် ကုန်ကိုင်တွယ်နိုင်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ရေကြောင်းမှ ကုန်သွယ်မှု ပမာဏကို နိုင်နင်းစွာ ကိုင်တွယ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆိပ်ကမ်းတံတား များကို ခေတ်မီဖွံ့ဖြိုး တိုးတက် အောင်တည်ဆောက်အ ဆင့်မြှင့်တင်ခြင်း၊ ကုန်ကိုင်တွယ်စက် ကိရိယာများ ဖြည့်တင်းခြင်း၊ တိုးတက်ပြောင်း လဲလာနေသည့် နည်းပညာများကို ဆိပ်ကမ်း လုပ်ငန်းများတွင် ထိရောက်အကျိုးရှိစွာအသုံးချခြင်း၊ ကျွမ်းကျင် လူ့စွမ်းအားအရင်းအမြစ်များ ကို စုဆောင်း လေ့ကျင့်ပျိုးထောင်ပေးခြင်းတို့ ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ရေလမ်းကြောင်းအသစ်ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့်နိုင်ငံတော်နှင့်ဌာနအတွက်သာမကသင်္ဘောလိုင်းများနှင့်ဆိပ်ကမ်းတံတား ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပါအကျိုးရလဒ် များပေါ်ထွန်းလာပြီ ဖြစ်သောကြောင့် ဌာန၏ ကြိုးပမ်းအား ထုတ် စွမ်းဆောင်ခဲ့မှုကို အသိအမှတ်ပြုပါကြောင်း၊ ရေလမ်းကြောင်းသစ် ပြန်လည်တိမ်ကော သွားနိုင်မှုကိုမျက်ခြေမပြတ် စောင့်ကြည့်ထိန်းသိမ်းသွားရန် လိုအပ်ပါ ကြောင်း မှာကြားသည်။

ဆက်လက်၍ ဆိပ်ကမ်းဝန်ဆောင်မှုဆောင်ရွက်နေကြသော ဆိပ်ကမ်းများမှတာဝန် ရှိသူများက လုပ်ငန်းဆိုင်ရာ အခက်အခဲများ  တင်ပြခဲ့မှုအပေါ် ဌာနနှင့်လုပ်ငန်းရှင်များ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နိုင်ရေး ညွှန်ကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆူးလေဆိပ်ကမ်း၌ ဆိုက်ကပ်ထား သော ပင်လယ်ကူးသင်္ဘောကြီး(၃)စီးပေါ်သို့ ဘယ်လ်ဂျီ ယန်နိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့သွားမည့် ဆန်တန်ချိန်(၈)သောင်းကျော် တင်ဆောင် နေမှုကို ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ် ငန်းဌာနရုံးသို့ ရောက်ရှိပြီး မကြာမီဆိုက်ကပ်လာမည့် သင်္ဘောဆိုင်ရာ အချက်အလက်များကို အီလက်ထရောနစ် နည်းစနစ် အသုံးပြု၍ လျင်မြန်စွာ ဆောင်ရွက်နေမှု၊ အကောက်ခွန်ဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်မှု၊ ကုန်ပစ္စည်း ပိုင်ရှင်များသို့ ကုန်ပစ္စည်း ထုတ်ပေးမှုအမိန့် (Delivery Order) ထုတ်ပေးသည့် လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး အီလက်ထရောနစ်စနစ်ကို ရေရှည်အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်း ကိုင်တွယ်ရေး ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Domestic Terminal သို့ရောက်ရှိပြီး လေဆိပ်အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ လေ ကြောင်းလိုင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ခေတ္တညွှန်ကြားရေးမှူးချုပ်က နိုင်ငံသားပိုင် ပြည်တွင်းလေကြောင်းလိုင်း များ၏ စတင်တည်ထောင်ခဲ့မှုနှင့် လေယာဉ်ပိုင်ဆိုင်မှု၊ လေကြောင်းဆိုင်ရာဥပဒေနှင့် နည်း ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကယ်ဆယ်ရေးနှင့်ကုန်စည် (Relief and Cargo) ခရီးစဉ်ပျံသန်းမှု များ ၊ ပြည်တွင်း ခရီးစဉ်ပြေးဆွဲပျံသန်းမှုကို ရှင်းလင်းတင်ပြပြီး လေကြောင်း လိုင်းများအလိုက် တာဝန်ရှိသူများက လေယာဉ်ပြေးဆွဲပျံသန်းမှုနှင့် အခက်အခဲများကြုံတွေ့ နေရမှု၊ကျန်းမာရေး ဝန်ကြီးဌာန၏ညွှန်ကြား ချက်များ နှင့်အညီ လေယာဉ်အမှု ထမ်းများ၊ ခရီးသည်များ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေး အတွက် လိုက်နာဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုအခါ လေကြောင်းလိုင်းများ တိုးချဲ့ပေါ်ပေါက်လာ နေပြီဖြစ်၍ ယခင်လေကြောင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လည်း ခေတ်စနစ်နှင့်လျော် ညီစွာ ပြန်လည်သုံး သပ်ဖြည့်စွက် ထုတ်ပြန်နိုင်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့်ကာလတွင် လေကြောင်း လိုင်းများ အားလုံးသည် ကမ္ဘာ့ လေကြောင်းလိုင်းများ အားလုံးနည်းတူ အခက်အခဲများစွာကို ရင်ဆိုင်နေရ သည်ဖြစ်ရာ ထိုအခက်အခဲများကို ကြံ့ကြံ့ခံလျက် ကျော်လွှားနိုင်အောင်ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြသည့် လေကြောင်းလိုင်းများ အားလုံး ကို အသိအမှတ်ပြုပါကြောင်း။

 လေဆိပ်များအားလုံးတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ခရီးသွား ပြည်သူများအတွက် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်း၊ စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး လေယာဉ်ကွင်း အလိုက် သတ်မှတ် ထားသောအဆင့် အတန်းနှင့် လျော်ညီစွာသတ်မှတ် ထားသည့် "စံ" များ အတိုင်း ဦးစားပေး အစီ အစဉ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုံခြုံရေး ပိုင်းဆိုင်ရာတွင်လည်း အလွန်အရေး ကြီးပါသဖြင့်လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထား ကြပ်မတ် စစ်ဆေးဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ လေဆိပ်များတွင် CCTV စနစ်များ ထားရှိရာ ကောင်းမွန်နေရန်လည်းလိုအပ်ပါကြောင်း၊ လေဆိပ် ဝင်/ထွက်ခွင့် ကိစ္စများတွင်လည်း လစ်ဟာမှုမရှိ အောင် သတ်မှတ်ထားသော စနစ် များ၊ လုပ်ထုံးလုပ်နည်းများ ကိုအမြဲသုံးသပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လေကြောင်း လိုင်းများအနေဖြင့် ကိုဗစ်-၁၉ ကာလ အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ လေကြောင်းလိုင်းများ၏ ဖွဲ့စည်းမှု နှင့် စီးပွားရေးဆိုင်ရာ Business Plan များကိုပြန်လည်သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေဆိပ်အတွင်း မြန်မာအမျိုးသား လေကြောင်း၏ လေယာဉ်ပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံသို့ သွားရောက်ကာ လေယာဉ်များ ပုံမှန်မွမ်းမံ၊ ပြင်ဆင်မှု ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် သတ်မှတ် စံချိန်စံညွှန်းအပြည့်အဝဖြင့် စစ်ဆေးရေး၊ မွမ်းမံ၊ ပြင်ဆင်ရေးတို့ အတွက် ဆောင်ရွက်သွားရမည့် အစီအမံများ၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြေးဆွဲပျံသန်းနိုင်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)