Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေရခိုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့များရှိ တက္ကသိုလ်နှင့် ကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ ဒီဇင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် စစ်တွေ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက စစ်တွေတက္ကသိုလ်တွင် ဘာသာ ရပ် ဌာန(၁၆)ခုရှိရာ ဌာနတစ်ခုချင်း၏ စာကြည့်တိုက်များအတွက် ဘာသာရပ်ရည်ညွှန်း စာအုပ် များဖြည့်ဆည်းရန် လိုအပ်သော ရန်ပုံငွေနှင့် စစ်တွေတက္ကသိုလ် ဥပဓိရုပ် ကောင်းမွန် ရေးအတွက် ထောက်ပံ့ငွေများ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ စစ်တွေတက္ကသိုလ် အတွက် သုတေသနစင်တာတစ်ခု တည်ထောင်ပေးမည်ဖြစ်သကဲ့သို့ အဏ္ဏဝါသိပ္ပံစင်တာ အတွက် လိုအပ်သော မြေနေရာကို စစ်တွေကမ်းခြေတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုး ပေးမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် လိုအပ်သည့် သုတေသနနှင့်ဓာတ်ခွဲ ခန်းသုံး စက်ပစ္စည်းများနှင့်သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကို ရွေးချယ်ဝယ်ယူ ပြီးပါက အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း၊ တက္ကသိုလ်များကို ဇန်နဝါရီလတွင် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပ ါကြောင်း၊ ကျောင်းများတွင်လိုအပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာဆရာမများ ထပ်မံခေါ်ယူခန့် အပ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူများကို အမှန်တကယ်စာ တတ်မြောက်အောင် သင်ကြားလေ့ကျင့် ပေးခြင်းဖြင့် မိမိတို့၏ပညာအမွေကို မချွင်းမချန်ပေးအပ်ကာ မျိုးဆက်သစ်လူငယ်ပညာ တတ်များကို မွေးထုတ်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များပြန်လည်ဖွင့်လှစ် ရေးအတွက် ကြိုတင်ပြင် ဆင်ထားရှိရေးကို  ဆွေးနွေးပြောကြားသည်။ ထို့နောက် ပညာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းက သုတေသနလုပ်ငန်းများဆောင် ရွက်ခြင်းနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးပြော ကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ပါမောက္ခများက ဌာနတစ်ခုချင်း အလိုက် လိုအပ်ချက်များတင်ပြကြရာ ပြတိုက်လိုအပ်ချက်၊ စာသင်ဆောင် လိုအပ်ချက်၊ အားကစားကွင်း မြှင့်တင်ရန်လိုအပ်ချက်၊ တက္ကသိုလ်လက်တွေ့ခန်းများအတွက် လျှပ်စစ် ဓာတ်အားလိုင်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက ပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲ ပိုင်းတွင် စစ်တွေမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံ ပညာအထက်တန်း ကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနေသည်များကို လှည့်လည်ကြည့်ရှုအား ပေး ခဲ့ကြပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့‌သည်။

ညနေပိုင်းတွင် ပြည်ထောင်စု၀န်ကြီးသည် အမှတ်(၂) အခြေခံပညာအထက်တန်း  ကျောင်းသို့သွား ရောက်ကြပြီး ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေး မှူးများ၊ ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံကာ မိမိပြည်နယ်၊ မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် မှာကြားကာ ဆရာဆရာမလိုအပ် ချက်များ၊ ကျောင်းဆောင်လိုအပ်ချက်၊ ကွန်ပျူတာ လိုအပ်ချက်များ၊ စာအုပ်ဂိုထောင် လိုအပ်  ချက်များ စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေး ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉နာရီတွင် ပုဏ္ဏား ကျွန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင် ကျေးရွာ အခြေခံပညာအထက် တန်းကျောင်း၊ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်း၊ စစ်တွေ တက္ကသိုလ်၊ အခြေခံပညာအထက်တန်းကျောင်း ခွဲ(စက်ရုံစု)၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ(လ-၅)နှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်‌ဆေးကာ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေး ကြသည်။

မွန်းလွဲပိုင်းတွင် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ ကာ တက္ကသိုလ်ပညာ ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)