Skip to main content

ကျင့်ဝတ်ဥပဒေကို မပျက်မကွက်လိုက်နာ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်လက်ခံကျင့်သုံးချိန်မှစ၍ အသိအမှတ်ပြု တရားဝင်မီဒီယာများ ရာဂဏန်းကျော်ရှိလာသည်။ မီဒီယာတစ်ခု ရပ်တည် ရှင်သန်ရေးမှာ လွယ်ကူသည့်အလုပ် မဟုတ်သော်လည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ရပ်တည်ချက်အမျိုးမျိုးဖြင့် ငွေကြေးစိုက်ထုတ် လုပ်ကိုင်နေကြသည်။ ယနေ့အချိန်အခါတွင် စီးပွားရေး၊ လူမှုရေးအရ ရပ်တည်နိုင်သည့် မီဒီယာများ အနည်းငယ်သာရှိတော့ပြီး နိုင်ငံရေးကိုနောက်ခံပြု၍ နောက်ကွယ်မှငွေကြေး ထောက်ပံ့ပေးနေသော မီဒီယာများ အမြောက်အမြားရှိလာသည်။

ပထဝီနိုင်ငံရေးအရ ဒေသတွင်း၌ အရေးကြီးလာ

“အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒေသဟာ ကမ္ဘာ့စီးပွားရေး ဈေးကွက်၏ သုံးပုံတစ်ပုံ ခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါတဲ့ အဓိကပင်လယ် ရေလမ်းကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်ကြောင်း” ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေးရာ၌ ပြောကြား ခဲ့သည်။

အမှားကိုမြင် အမှန်ပြင်၍ လမ်းမှန်ပေါ်သို့ လျှောက်လှမ်း

လူသည် ပုထုဇဉ်သတ္တဝါဖြစ်၍ မည်သူမျှ အမှားမကင်းချေ။ အမှားကို မသိနားမလည် ၍လည်းကောင်း၊ စည်းရုံးဆွဲဆောင်ခံရ၍လည်းကောင်း၊ တမင်တကာ အမှားလမ်း ကို လျှောက်ခဲ့မိ၍လည်းကောင်း၊ နဂိုကတည်းက အမှားကို ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့မိ၍လည်းကောင်း တစ်နည်းနည်းဖြင့် အမှားဖြစ်ခဲ့ကြသည်။ မည်သို့ပင် အမှား ဖြစ်ခဲ့သည်ဖြစ်စေ သိသိချည်းနှင့် ဇွတ်တိုးသည်မှလွဲ၍ အမှားကို အမှားမြင်၍ လမ်းမှန်ပေါ်သို့ ပြန်လည်လျှောက်လှမ်းမည်ဆိုပါလျှင် မိမိတို့ဘဝများလည်း ဖြောင့်တန်းမည်သာ ဖြစ်သည်။

ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး အလေးထားဝိုင်းဝန်းဆောင်ရွက်

“မိမိတို့ မြန်မာလူမျိုးများသည် သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးကြပြီး သစ်တော ထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ရှိပြီးသားဖြစ်ကြောင်း၊ ယခု ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေး အန္တရာယ်များ တွေ့ကြုံခံစားရမှု လျော့ပါး သက်သာစေရေး၊ လိုက်လျောညီထွေ ရှိစေရေးအတွက် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပြောကြား ခဲ့သည်။

လောကပါလတရားထွန်းကားမှ လောကချမ်းသာငြိမ်းချမ်းသာယာ

တစ်ပါးသူတို့အား ချီးမြှင့်ခြင်းကို သင်္ဂဟတရားဟုခေါ်သည်။ ဤသင်္ဂဟတရား ထွန်းကားမှ လောကကြီးသည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေ အားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာ၌ ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများ ဖြစ်ပါသည်။

အုပ်ချုပ်ရေးယန္တရားခိုင်မာ ရပ်ရွာအေးချမ်းသာယာ

အုပ်ချုပ်ရေးယန္တရားသည် ရှေးအခါကတည်းက စနစ်တကျ ထူထောင်အုပ်ချုပ်ခဲ့သော အဖွဲ့အစည်း ဖြစ်သည်။ အုပ်ချုပ်ရေးတွင် ရပ်ရွာအုပ်ချုပ်ရေးသည် အခြေခံအကျဆုံး အုပ်ချုပ်ရေးယန္တရားဖြစ်သည်။ ရှေးက ရွာသူကြီးသည် အရေးပါသောခေါင်းဆောင် ဖြစ်သည်။ အခွန်အကောက်မှ အစပြု၍ ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေး၊ ရပ်ရွာသာမှု၊ နာမှုများပါမကျန် ပါဝင်ဦးဆောင်ရသော ရပ်ရွာအဖသဖွယ်ဖြစ်၍ ရပ်သူရွာသားများက ရိုသေလေးစား အားကိုးကြသည်။

ငွေကြေးစီးဆင်းမှု လည်ပတ်ကောင်းမွန်ရေး ယုံကြည်စိတ်ချစွာဆောင်ရွက်

ယခုအခါ ပြည်သူများအနေဖြင့် ငွေကြေးနှင့်ပတ်သက်ပြီး အခက်အခဲဖြစ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ မိမိတို့အပ်နှံစုဆောင်းထားသည့်ငွေကို ပြန်လည် ထုတ်ယူရေး၌ အခက်အခဲဖြစ်နေကြသည်။ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ယူရေးနှင့် ၎င်းဘဏ်တို့၏ ATM များမှ ငွေထုတ်ယူရန် ငွေကြေးပမာဏ အတိုင်းအတာတစ်ခုကို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းထုတ်ယူနေကြရသည်။

မီတာကျသင့်ငွေ မဆောင်လျှင် အမှောင်ထဲတွင် နေရမည်သာ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန်အတွက်ခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။ ဆက်လက်၍လည်း အစဉ်မပြတ် နေ့ညမလပ်၊ ရာသီဥတု၊ အချိန်အခါမရွေး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး လျှပ်စစ်ဓာတ်အား အကောင်းဆုံး ဝန်ဆောင်မှုရစေရန် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

နိုင်ငံတော်နှင့်ပြည်သူအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်

အများပြည်သူအကျိုးစီးပွားဆိုသည်မှာ နေ့စဉ်လူမှုဘဝ လိုအပ်ချက်များ အားလုံးဖြစ်ပါသည်။ အသေးအမွှားမှအစ ကြီးကြီးမားမား ကိစ္စများအထိ ပါဝင်ပါသည်။ လူမှု ဘဝလောကတွင် အရာရာသည် အများပြည်သူအကျိုးစီးပွားနှင့် ကင်းမည်မဟုတ်ပေ။ ထို့ကြောင့် ဒီမိုကရေစီခေတ်ကာလတွင် အများပြည်သူအကျိုးစီးပွားအတွက် အလေးထား ဆောင်ရွက်ပေးကြရသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကို သတိပြုကာကွယ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၇ ရက်နေ့ ည ၈ နာရီ သတင်း ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၄၆ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈ ဦးတွေ့ရှိခဲ့ပြီး ကိုဗစ် -၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။
Subscribe to ကြေးမုံ