Skip to main content

ပြည်သူလူထု လူမှုစီးပွားဖွံ့ဖြိုးရေးကြိုးပမ်း

ယနေ့အချိန်အခါတွင် ပြည်သူလူထု လူမှုစီးပွား အဆင်ပြေရေးသည် အရေးအကြီးဆုံးဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေမျိုးဖြစ်နေစေကာမူ ပြည်သူလူထု လူမှုဘဝလုံခြုံစိတ်ချရေး၊ လူမှုစီးပွား အဆင်ပြေရေးတို့သည် မဖြစ်မနေလိုအပ်ပေသည်။ ယင်းအခြေအနေကို နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးမည်ဆိုသော်လည်း ပြည်သူလူထုပါ ပူးပေါင်းပါဝင်မှ ပိုမို အဆင်ပြေနိုင်မည် ဖြစ်သည်။

နိုင်ငံနှင့်ပြည်သူ့အကျိုး သယ်ပိုးထမ်းရွက်

နိုင်ငံ့ဝန်ထမ်း သို့မဟုတ် အစိုးရဝန်ထမ်းဟူသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ကြသူများ ဖြစ်သည်။ ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းမှ ကျခံပေးသောဘဏ္ဍာငွေကို ရရှိခံစားကြသူများဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူတို့အပေါ်တွင် သစ္စာ စောင့်သိ ရိုသေကြရမည့် သူများဖြစ်သည်။

စည်းလုံးခြင်းသည်ပြည်ထောင်စုခိုင်မြဲ

ပြည်ထောင်စုစိတ်ဓာတ်အခြေခံခိုင်မြဲအားကောင်းခဲ့သောကြောင့် တိုင်းရင်းသား လူမျိုးများအား အမျိုးမျိုးအဖုံဖုံ သွေးခွဲသော်လည်း သွေးမကွဲဘဲ စည်းလုံး ညီညွတ်ခဲ့ကြသည်။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ပြည်ထောင်စု ၏အမြုတေပင်လုံမြေတွင် အထင်အရှားပြသနိုင်သဖြင့် တောင်တန်း-ပြည်မ မခွဲခြားနိုင်တော့ဘဲ လုံးဝလွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

စည်းလုံးညီညွတ်သည့် နိုင်ငံတည်ဆောက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအသီးသီး တို့သည် ရှေးပဝေသဏီကာလကတည်းက အမိမြေပေါ်တွင်နေ၊ အမိရေကိုသောက်၍ နှစ်ပေါင်း များစွာ အတူတကွရှင်သန်ရပ်တည်နေထိုင် ကြီးပြင်းလာကြသူများ ဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှအတူတကွ နေထိုင်လာခဲ့ကြပြီး တစ်မိသားစုအတွင်းမှ ပေါက်ဖွားဆင်းသက် လာသော တစ်အူထုံဆင်း ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ရပ်တည်ခဲ့ကြသည်။

အနာဂတ်အလုပ်အကိုင်ပွင့်လန်းကြိုးပမ်း

ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများ၌ စီးပွားရေးလုပ်ငန်းအများစု တုံ့ဆိုင်းခြင်း၊ ရပ်တန့်ခြင်း၊ ဖျက်သိမ်းခြင်းအဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ အချို့ လုပ်ငန်းများမှာ ခေတ္တ၊ အချို့ လုပ်ငန်းများမှာ တစ်ဝက်တစ်ပျက်၊ အချို့လုပ်ငန်း များမှာ အပြီးတိုင်ဖျက်သိမ်းမှုများရှိခဲ့သည်။ အားလုံးအတွက် စိတ်မကောင်းဖွယ်ဖြစ်သည်။ သို့သော် စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ကိုဗစ်-၁၉ အလွန်တွင် စီးပွားရေး ပြန်လည်ဦးမော့အောင် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်သည်။

ညီညွတ်ရေးဖြင့် ဘုံရည်မှန်းချက်ဆီ

ယခုအချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအနေဖြင့် အတိတ်သမိုင်းက အဖြစ်အပျက်အတွေ့အကြုံများကို သင်ခန်းစာယူ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အကြွင်းမဲ့ချုပ်ငြိမ်းကာ ရေရှည်တည်တံ့ ခိုင်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။ ညီရင်းအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ဖြင့် ညီညီ ညွတ်ညွတ် ဝိုင်းဝန်းအကောင်အထည်ဖော်ရမည့် အချိန်အခါကောင်း ဖြစ်သည်။

ဂုဏ်ယူစရာစေတနာ ကောင်းကျိုးဝေဖြာ

စေတနာသည် လုပ်ဆောင်မှုဖြစ်၏။ စေတနာသည် အကြောင်းရင်းခံ၏။ စေတနာသည် ကံမည်၏။ ကောင်းသောစေတနာသည် အကျိုးပေးသန်၏။ စေတနာသည် အကောင်းချည်းမဟုတ်၊ မကောင်း စေတနာ၊ ကောင်းစေတနာ ရှိ၏။ မကောင်းသောစေတနာသည် မကောင်းသောအကျိုးပေး၏။ ကောင်း သောစေတနာသည် ကောင်းသောအကျိုးပေး၏။ ယနေ့ မြန်မာနိုင်ငံတွင် ကောင်းသောစေတနာများ ပွားများကြ၍ ကောင်းကျိုးမင်္ဂလာများ တိုးပွား လာ၏။

အတ္တာဟိ အတ္တနောနာထောနှင့်အညီ

ကိုဗစ်-၁၉ ရောဂါ ကမ္ဘာပေါ်တွင် စတင်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်တာကာလ ရှိပြီဖြစ်သည်။ ရောဂါဖြစ်ပွားရခြင်းဇာစ်မြစ်ကို တိတိကျကျသေသေချာချာ ထုတ်ဖော်နိုင်ခြင်းမရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးမျိုး တရားဝင်ပေါ်ထွက်လာပြီး နိုင်ငံအများတွင် ဆေးစတင်ထိုးနှံနေကြပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသူ သန်း ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး ကမ္ဘာ့လူဦးရေ သန်း ၄၀ ကျော်မှာ တစ်လအတွင်း ကာကွယ်ဆေးထိုးနိုင်ခဲ့သည်။

မြို့ပြစည်းကမ်းသည် နိုင်ငံ၏ဂုဏ်

စည်းကမ်းရှိသောနိုင်ငံသည် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာရှိသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ ခေတ်မီတိုးတက်သောမြို့ပြများတွင် စည်းကမ်းစနစ်ကို ပြည်သူများ ကောင်းစွာလိုက်နာကြသည်။ စည်းကမ်းလိုက်နာခြင်းသည် နိုင်ငံကြီးသားပီသ၍ နိုင်ငံ့ဂုဏ်၊ မြို့ပြဂုဏ်တင့်စေသည်။ စည်းကမ်းရှိပြီး ကျက်သရေရှိသည့် မြို့ပြများသည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

ကောင်းကွက်ကိုရှာ ဘဝအတွက်အသုံးချ

လူသားများအားလုံးကို အန္တရာယ်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါကို ကြောက်မက်ဖွယ်ရောဂါဆိုး အဖြစ်ရှုမြင်ထားကြပါသည်။ လက်တွေ့တွင် တစ်ကမ္ဘာလုံး၌ ၎င်းရောဂါပိုးကူးစက်ခံရသူ ၉၃ သန်းကျော်နှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်သန်းကျော်ပြီဖြစ်သည်။ ၎င်းရောဂါပိုးသည် ကမ္ဘာတွင် ဆက်ရှိနေဦးမည်ဖြစ်၍ ထိခိုက်ဆုံးရှုံးသည့် လူသားများ နေ့စဉ်တိုးနေသည်။
Subscribe to ကြေးမုံ