သက်ရှိတို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာတည်းဟူသော ရုပ်ပေါင်းရှစ်ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထိုရုပ်ရှစ်ခုတို့သည် တစ်ခုနှင့်တစ်ခုခွဲခြား၍မရစကောင်းဟု ဆိုသည်။ ကမ္ဘာလောကတစ်ခုလုံးတွင် ဤရုပ်ရှစ်ခုအပေါင်းသည် အခြေခံအကျဆုံးရုပ်အစုများ ဖြစ်သည်။ သစ်ပင်၊ တောတောင်၊ ရေမြေ၊ တိရစ္ဆာန်တို့မှစ၍ သက်ရှိ၊ သက်မဲ့ ရုပ်ဓာတ်မှန်သမျှသည် ဤရှစ်မျိုးဖြင့် အခြေခံအကျဆုံးပေါင်းစည်း ဖြစ်ပေါ်နေကြသည်။
မိတ်သင်္ဂဟသည် လောကကောင်းကျိုးတည်
လောကကြီး သာယာငြိမ်းချမ်းရေးအတွက် သင်္ဂဟတရားဖြင့် ချီးမြှောက်ရန် လိုအပ်၏။ သင်္ဂဟတရားဖြင့် ချီးမြှင့်သောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဖန် လောကတွင် မိတ်ဆွေစစ်များထွန်းကားလျှင် ချမ်းသာ၏။ လောကအေးချမ်း သာယာ၏။ သင်္ဂဟတရားများ၊ မိတ်ဆွေကောင်းများ ထွန်းကားသောနေရာဒေသသည် မည်မျှပင်အခက်အခဲ အနှောင့်အယှက်များ၊ ဖျက်ဆီးမှုများရှိသော်လည်း ငြိမ်းချမ်းသာယာသောလောကသို့ မလွဲမသွေရောက်ရှိမည်ဖြစ်၏။
ကုန်ဈေးနှုန်းမကြီးစေရေး ထိန်းသိမ်းကြပ်မတ်
“စားသောက်ကုန်ပစ္စည်းများအား ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့်မားလာစေရန်အတွက် ရည်ရွယ်ချက် ရှိစွာဖြင့် ပွဲရုံများ၊ ဂိုဒေါင်များတွင် သိုလှောင်ခြင်း၊ ဈေးကစားခြင်းများ ရှိနိုင်သဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်းမြင့်မားမှု မရှိစေရေး တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်ပေးကြရန် လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထေ
နိုင်ငံတော်နှင့်အတူ ပြည်သူများပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစတင်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်သည့် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမှုများကို ဖြေရှင်းဆောင်ရွက်နေသည်။ အဆိုပါဖြစ်စဉ်များကြောင့် ပြည်သူများ ထိခိုက်ခံစားရမှုများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်ခံစားရမှုများ ပိုမိုများပြားပေသည်။ မည်သို့ပင်ဖြစ်စေ ဖြစ်ပေါ်လာသည့် ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်ခံစားရမှုများကို နိုင်ငံတော်က အတတ်နိုင်ဆုံး ကြိုးပမ်းဖြေရှင်း ဆောင်ရွက်ပေးနေသည်။
ယုတ်မာရက်စက်အဖျက်သမားများအား ရှုတ်ချ
ယခုအခါတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူများ ကပ်ရောဂါ ကင်းဝေးရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်က အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိသဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုကို အတော်အသင့်ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။ ကိုဗစ်ရောဂါ ဖြစ်ပွား သေဆုံးမှုများ ဆက်လက်မြင့်မားလာခြင်းမရှိဘဲ အခြေအနေကောင်းများ ရရှိလာပြီဖြစ်သည်။
ကိုယ်ခံအားကိုမြှင့်တင် ကာကွယ်ဆေးထိုး၍ ကိုဗစ်-၁၉ ကပ်ရောဂါကျော်လွှား
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလတွင် ရောဂါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူများကြား နေကြသည်။ ကြောက်ရွံ့စိုးရိမ်နေမှုများကြားမှ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ မြင့်တက်လာသည်ကိုတွေ့ရသည်။ လက်ရှိတွင် ရောဂါဆိုးကြီးကို စိုးရိမ်ကြောက်ရွံ့ပြီး ရောဂါ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်ဟုဆိုချင်သည်။ - အမှန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်စေ၊ အောက်ဆီဂျင် ကျဆင်းမှုဖြစ်စေ ရောဂါက တိုက်ခိုက်နေခြင်းကို အရှုံးပေးနေရခြင်းမဟုတ်ဘဲ ရောဂါကို ခုခံကာကွယ်နိုင်သည့် ကိုယ်ခံအားစနစ်ကို စနစ်တကျ မထူထောင်ထားနိုင်၍သာ လက်အရှုံးပေး နေရခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါပိုးနှင့် ကိုယ်ခံအားတိုက်ပွဲတွင် ခုခံစွမ်းအားကို မတည်ဆောက် နိုင်သည့် ပြဿနာဖြစ်သည်။ ရောဂါဖြစ်ပွားမှုကို စနစ်တကျ ခံယူကြသော လူအများစုသည် ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံစွမ်းအားစနစ်က အနိုင် တိုက်နိုင်၍ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းသွားနိုင်သော လူနာ အမြောက်အမြားရှိသည်။
လူသားအားလုံး အသက်ကယ်တင်ရေး ဝိုင်းဝန်းကူညီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ “Positive လူနာတွေနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာမှာ -၄၅၉၀၀၊ ၄၆၀၀၀ ခန့်ဝင်ဆံ့တဲ့ အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာထားတဲ့နေရာမှာရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လောက် လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျခံယူ
ကိုဗစ်-၁၉ကပ်ရောဂါသည် အရှိန်အဟုန်ကောင်းနေသည်။ ဇူလိုင် ၁၄ရက်ကရောဂါ ကူးစက်ဖြစ်ပွားမှုတွင် ဓာတ်ခွဲစစ်ဆေး အတည်ပြုပိုးတွေ့လူနာ ခုနစ်ထောင်ကျော် ရှိပြီး သေဆုံးလူနာ ၁၅၀ ခန့်ဖြင့် လွန်ခဲ့သည့်နေ့ထက် နှစ်ဆတိုး ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေသည် ဆေးရုံတက် စစ်ဆေးကုသမှု အခြေအနေဖြစ်ပြီး ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ရောဂါရှိသည်ဖြစ်စေ၊ တစ်စုံတစ်ရာ သံသယရှိလျှင်ဖြစ်စေ ဆေးရုံသို့ ရောက်မလာနိုင်ဘဲ ရောဂါဖြစ်ပွား၊ သေဆုံးနေကြသူများမှာ ယခုထက်ပင် ပိုမိုများပြားမည်ဟု ခန့်မှန်းရသည်။
ကိုဗစ်ရောဂါဘေးကို သတိတရားဖြင့် ကာကွယ်
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း၌ ပြန်လည်အရှိန်မြှင့် ကူးစက်ဖြစ်ပွားနေသည်။ ရောဂါဖြစ်ပွား လာခဲ့သည့် တစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာတစ်ခွင်တွင် ရောဂါပိုးကူးစက်ခံရသူ သန်း၂၀၀ နီးပါး ဖြစ်လာပြီး ပြန်လည်ကျန်းမာလာသူ သန်း ၁၇၀ နီးပါးနှင့် သေဆုံးသူကမ္ဘာ့ပြည်သူလေးသန်းကျော် ရှိသည်။ ကမ္ဘာပေါ် တွင် ဤကဲ့သို့သော ရောဂါကပ်ဘေးများ ရာစုနှစ်တစ်ခုအလိုက် ကျရောက်ခဲ့ဖူးပြီး ယခု ၂၁ ရာစုတွင် ကြီးမားသော ရောဂါကပ်ဘေးတစ်ခု ဖြစ်လာသည်။
အကုသိုလ်ရှောင်ရှား လောကအကျိုးဆောင်
သတ္တဝါတို့သည် မိမိတို့ပြုလုပ်သော ကောင်းကံ၊ ဆိုးကံအတိုင်းသာ စံကြရ၊ ခံကြရသည်။ ထိုကံအကျိုးပေးမှုကို တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့်တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလဲ ဖယ်ရှားခုခံနိုင်ခြင်းမရှိပေ။ မလွဲမသွေဧကန်မုချဖြစ်တတ်သော သဘောရှိ၍ “နိယာမတရား” ဟုခေါ်သည်။ ကံနှင့် ကံ၏အကျိုးတို့ကို ဖော်ဆောင်ထားသော ကမ္မနိယာမသည် အလွန်ဆန်းကြယ်လှသည်။ ကမ္မသဘောအရ မိမိအမှုကို မိမိတာဝန်ယူရခြင်းသာလျှင် ဖြစ်သည်။
