နိုင်ငံ့စီးပွားရေးအင်အားစုဖြစ်သည့် MSME များ၏ အရေးပါမှု
မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးမောင်းနှင်အားတွင် အဓိကကျောရိုးအဖြစ် ရပ်တည်နေကြသည်မှာ စီးပွားရေးအဖွဲ့အစည်းလုပ်ငန်းကြီးများသာမက ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium-sized Enterprises - MSMEs) များလည်း အပါအဝင်ဖြစ်ပါသည်။ ထိုလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့် တန်ဖိုးကို အသိအမှတ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ ၂၇ ရက်နေ့ကို “ကမ္ဘာ့ MSME နေ့ (World MSME Day)” အဖြစ် ကမ္ဘာတစ်ဝန်းလုံးတွင် သတ်မှတ်ကျင်းပကြပါသည်။
